အဟ် လေဘိုက် (အ.စ) သတင်းဌာန ၊ အဗ် နာ မိခင်တစ်ဦး၏ ညည်းညူသံ

"ကျောင်းမှာ စာကောင်းကောင်း မသင်ဘူး။ ဆရာမတွေက ဝတ္တရားမကျေဘဲ သင်တယ်။ အင်္ဂလိပ်စာကို ဖတ်ပြ၊ ရှင်းပြခြင်း၊ မေးခွန်းကို ထုတ်ပြီး သင်ကြားခြင်း၊ စာလုံးပေါင်း အဓိပ္ပာယ်ရှင်းပြခြင်း လုံးဝမရှိဘူး။ ကလေးတွေ စာမတတ်တော့ ကျူရှင် ပို့ရတယ်၊ သင်္ချာဆိုလည်း ရှေ့ကတွက်ပြ၊ နောက်က ကလေးတွေ လိုက်ကူးရုံပဲ။ အဲဒါကြောင့် ပုဂ္ဂလိက ကျောင်းပြောင်းဖို့ စုံစမ်းနေတယ်"

ဆရာမတစ်ဦး၏ ညည်းညူသံ

"ကျောင်းသားတွေက ဆရာမသင်ပြ၊ ရှင်းပြတာကို အလေးမထားဘူး။ သူတို့ ကျောင်းလာတက်တာ စာတတ်ဖို့၊ ပညာတတ်ဖို့လာသင်တာမှ ဟုတ်ရဲ့လားလို့ တစ်ခါတလေ စိတ်ထဲကတွေးမိတယ်။ ကိုယ်တွေက တတ်မြောက် နားလည်အောင် ရှင်းပြသမျှ သူတို့မှာလိုက်နာမှတ်ယူခြင်းမရှိ၊ တွေးတောကြံဆ ခြင်းမရှိ ငေးငိုင်နေတယ်။ (Creative Thinking) ဆိုတာဝေးရော အခုဆရာမထွက် သူတို့လည်းကြိုက် တာလုပ်တော့တာပဲ"

ကျောင်းသားအများစု၏ အသံ

"အချိန်ကျရင် ဆရာမတွေက စာမေးပွဲမှာ ကျက်ရမယ့်ဟာတွေ ပြောမှာပါပဲကွာ။ လုပ်မနေနဲ့ ဂိမ်းသွား ဆော့မယ်။ အချိန်ကျရင် ငါတို့အတန်းတက်ရမှာပဲ"

ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်မှ လယ်အုပ် ဆရာမကြီးတစ်ဦး၏အသံ

"ကလေးတွေက ကျောင်းမှန်မှန်မတက်ဘူး။ တချို့က မိဘလုပ်ငန်းကူ၊ တချို့က နေ့တစ်ပိုင်းအလုပ် လုပ်၊ တချို့ကလည်း ဂိမ်းဆိုင်သွားကြတယ်။ ဆရာမတွေစည်းကမ်း ကိုင်လည်းမရဘူး။ အတန်းတစ် တန်းမှာ ၆ဝ နဲ့အထက်ရှိလို့ အတန်းပိုင်တွေကလည်း တစ်ဦးချင်းဂရုစိုက်မှုကို မလုပ်နိုင်ကြဘူး။ (Indivial Attention) ဆိုတာမျိုး မလုပ်ပေးနိုင်ကြဘူး။ ဆရာမတွေကိုယ်တိုင်ကလည်း မိသားစုတာဝန် အရ၊ လစာနဲ့ မလောက်လို့ တချို့လည်း ကျူရှင်ပြ၊ တချို့လည်း အသေးစားပွဲစားလုပ်၊ တချို့လည်း နည်းမျိုးစုံနဲ့ ဈေးရောင်းဝယ်လုပ်ကြနဲ့၊ သူတို့ရဲ့ ပင်မလုပ်ငန်းပေါ်မှာ စိတ်ရောကိုယ်ပါ မထမ်းဆောင် နိုင်ကြဘူး"

ယနေ့ဖြစ်နေသော အခြေခံအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တို့တွင် မိဘ၊ ဆရာ၊ ကျောင်း သားများ၏ စိတ်တွင် ထင်ဟပ်နေသော အတွေးများဖြစ်ပါသည်။ အငြိမ်းစားယူပြီးနောက် ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းအသီးသီးမှ ကြားနေရသော အခြေခံပညာရေးနှင့် သက်ဆိုင်သည့် အသံများဖြစ်ပါ သည်။

"ပညာရေးကို နိမ့်ကျတယ်လို့ ဝေဖန်နေကြတယ်။ ဘယ်လိုမြှင့်တင်မလဲဆိုတာကိုတော့ အကြံဉာဏ် မပေးကြဘူး" ဟူသော စကားကို ဂျာနယ်တစ်စောင်တွင် ပညာရေးဝန်ကြီးဌာနမှ ထိပ်ပိုင်းအရာရှိ တစ်ဦး၏ ညည်းညူသံကို ဖတ်လိုက်ရပါတယ်။ အနာသိလျှင် ဆေးရှိရမည်။ အနာသိအောင် ဂျာနယ် အစောင်စောင်က ရေးလိုက်ကြသည့် ပညာရေးဆောင်းပါးများ၊ ဖြစ်ခဲ့၊ ပျက်ခဲ့၊ စနစ်မှားခဲ့၍ ပညာရေး အခြေအနေ နိမ့်ကျရသည်ကို သိနေပြီးသားဖြစ်ပါလျက် ဆေးကုဖို့ မကြိုးစားဘဲ ပညာရေးနိမ့်ကျသည် ဟု ပြောသူများကိုပင် အပြစ်တင်ဝေဖန် လိုကြသည်။

အစိုးရသစ်လက်ထက် ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော် အစည်းအဝေးများတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပညာရေးနှင့် သက်ဆိုင်သည့် မေးခွန်းအချို့ကို ပြန်လည်ဖြေကြား ရာတွင်လည်း အားရစရာမရှိ၊ မူလတန်းကျောင်း ဘယ်နှကျောင်း တိုးတက်ဖွင့်လှစ်ပေးပြီးပါပြီဆိုတာမျိုး၊ တောနယ်အချို့တွင် မူလတန်းကျောင်းဖွင့်ပြီး ရုံဖြင့် ဆရာ မလုံလောက်ပါ။ အတန်း ၅ တန်း (သူငယ်တန်းမှ စတုတ္ထတန်း) ထိကို ဆရာ (၂) ယောက် ဖြင့်သင်ကြားနေရတာမျိုး၊ ကျောင်းသားမရှိလို့ အိမ်လိုက်ခေါ်ရတာမျိုး၊ အချို့တောရွာရှိ မိဘများက လည်း စီးပွားရေးမပြေလည်၍ အရွယ်ရောက်စပြုကလေးများ၏ အကူအညီဖြင့် ဝမ်းကျောင်းရတာမျိုး၊ ပညာ၏ တန်ဖိုးကို နက်ရှိုင်းစွာ မသိရှိတာမျိုးကြောင့်လည်း ဖြစ်နေပါသည်။ အောက်ဆုံးအဆင့်ဖြစ် သော မူလတန်းအဆင့်ကိုမျှပင် ပညာရေးမှူးက မကိုင်တွယ်နိုင်ကြသေးသည့် အခြေအနေတွင် ရှိနေ ဆဲဖြစ်ပါသည်။

မူလတန်းကျောင်းမှ အလယ်တန်းကျောင်းသို့လည်းကောင်း၊ အလယ်တန်းကျောင်းမှ အထက်တန်း ကျောင်းသို့လည်းကောင်း၊ ဘယ်နှကျောင်းတိုးမြှင့်ပေးပြီးပါပြီ။ တက္ကသိုလ်ကျောင်း ဘယ်နှကျောင်းတိုး မြှင့်ပေးပြီးပါပြီ စသည်ဖြင့် ပြန်လည်ဖြေကြားသောအခါ အတိုက်အခံ အမတ်က "ပညာရေးကို အရေ အတွက်ဖြင့် ဆုံးဖြတ်ရမှာလား၊ အရည်အချင်းဖြင့် ဆုံးဖြတ်ရမှာလား" ဆိုသော မေးခွန်းမျိုး အမေးခံရ သည်။

မူလတန်းဆင့်၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့်၊ ပညာရေးစနစ်ကို ပြုပြင်ရမည်။ အဆင့်လိုက် ခေတ်မီတိုးတက်သော သင်ရိုးများကို ချမှတ်ထားသော ပညာရေးရည်မှန်းချက်နှင့် လျော်ညီစွာ ပြန်လည်ပြင်ဆင်ရေးဆွဲရမည်။ အဆိုပါ သင်ရိုးသစ် များအတိုင်း ကလေးများကို တတ်မြောက်အောင် သင်ကြားပေးနိုင်သော အရည်အချင်းပြည့်ဆရာများကို မွေးထုတ်ပေးနိုင်ရမည်။ ပညာရေးရည်မှန်း ချက်များကို ခေတ်စနစ်နှင့်အညီ ပြန်လည်ရေးဆွဲရမည်။

သင်ရိုးများ ပြန်လည်ပြင်ဆင်ပြီးပါက သင်ကြား နည်းစနစ်များကိုလည်း ပြောင်းလဲသွားရပါမည်။ ကလေးများကိုယ်တိုင် စာစီစာကုံး တစ်ပုဒ် (မြန်မာ-အင်္ဂလိပ်) ရေးနိုင်သည့် အဆင့်ရောက်အောင်၊ ပြဋ္ဌာန်းကဗျာတစ်ပုဒ်ကို စကားပြေပြန် aရးနိုင်အောင် သင်ကြားပေး ရမည်။ ဆရာကိုယ်တိုင် ရေးပေးစရာမလို၊ ပြင်ပမှ ထုတ်သောစာစီကုံး စာအုပ်များဖတ်ပါ စေ။ အတွေးအခေါ် ရလာလျှင် စာဖတ်ခြင်း အကျင့်ရပါလျှင် မိမိဘာသာ စာစီစာကုံးရေးသားလာနိုင် မည်သာ ဖြစ်ပါသည်။ ဆရာမများက ဘာသာရပ် အကြောင်းအရာ တစ်ခုကို ခေါင်းစဉ်ပေးပြီး လိုအပ် သော အချက်အလက်များကို ကိုယ်တိုင် စာကြည့်တိုက်များ၊ စာအုပ်အညွှန်းများတွင် ရှာဖွေရန်ဖြစ် သည်။

ယခုအခါ မြို့ပြ၊ ကျေးရွာများတွင် အမည်အမျိုးမျိုးဖြင့် စာကြည့်တိုက်များကို တိုးချဲ့ဖွင့်လှစ်ကြသည်မှာ ဝမ်းသာစရာ ဖြစ်ပါသည်။ ကျောင်းစာကြည့်တိုက်များကိုလည်း မရှိမဖြစ် ဖွင့်လှစ်ပေးပြီး ကျောင်းသား များအသုံးပြုတတ်အောင် လေ့ကျင့်သင်ကြားပေး ရမည့်စနစ်ကို ပြောင်းရမည်။ ကျောင်းများတွင် ကျောင်းစာကြည့်တိုက်တာဝန်ခံ ဆရာမများ ခန့်ထားပေးရမည်။ ဘာသာရပ်အလိုက် စာအုပ်များကို ညွှန်ပြနိုင်ရမည်။ ထိုကဲ့သို့ အရည်အချင်းပြည့်အောင် လေ့ကျင့်ပျိုးထောင်ပေးရမည်။

တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများဝင်ရောက်သင်ကြားလိုသည့် တက္ကသိုလ်များသို့ အရည် အချင်းစစ်ဆေးပြီး ဝင်ရောက်နိုင်သည့် စနစ်ကို ကျင့်သုံးသင့်သည်။ ဤအယူအဆကို ရေးသူများပြီး ထပ်ဆင့်ထောက်ခံ၍ ရေးလိုက်ခြင်း ဖြစ်သည်။)

ပညာရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းများလုပ်လျှင် ငွေကြေးပမာဏ သုံးစွဲခွင့်မရလျှင် ပညာရှင်နှင့် လုပ်ပိုင်ခွင့်ရှိသူများလည်း လုပ်နိုင်မည်မဟုတ်ပါ။ စနစ်ပြောင်းခြင်းပြုလျှင် အနည်းဆုံး သုတေသန ပညာရှင်အဖွဲ့ေ