ကျွန်တော်များ သတင်းဌာန အဗ်နာ သည် ကိုယ်တော်မြတ် (ဆွ) ၏အိမ်တော်သူ ၊သား အဟ်လေ့ဘိုက် (အ.စ) အမည်ဖြင့် ဘာသာရပ် ၁၉မျိုးဖြင့် ကြည့်ရှုသူပေါင်း ၂၃သန်းခန့် ရှိသည့် သတင်းနှင့်ဆောင်းပါး စသည့်ဖြင့်တင်ပြနေသည့် အကျိုးပြု ဆိုက်ဒ်တစ်ခု ဖြစ်ပါသည်။သတင်းများကို အတတ်နိုင်ဆုံး အစ္စလာမ်တရားတော်နှင့်အညီ ဖက်မလိုက်ခြင်း၊အဖြစ်မှန် ၊အရှိအတိုင်းတင်ပြခြင်း မလိမ်မကောက်ခြင်း၊ဖြင့်၎င်း သဘာဝကျသည့်သတင်းများ၊သက်သေအထောက်အထား ခိုင်လုံသည်၊မှန်ကန်သည်ဟု ယူဆသည့် သတင်များကိုလည်း အခြားသတင်းဌာနအမျိုးမျိုး မှကိုးကားချက်ပေးပြီး ကူးယူ တင်ပြခြင်းတို့ကိုပြုလုပ်ပါသည်။ထိုသို့သတင်းဌာနများမှ ကူး.ယူရာတွင် အစ္စလာမ် ဟုတ်သည့် သတင်းဌာန ဖြစ်စေ ၊မဟုတ်သည့်ဌာနဖြစ်စေမှ အကိုးအကား ပြပြီး သတင်းမှန် ဖို့ ၊ဘဘာဝကျဖို့ အဓိကထားပြီးသတင်းဖြစ်စေ ဆောင်းပါးဖြစ်စေ စသည်တို့ကို သစ္စာရှိရှိ အစ္စလာမ်ပီပီ ကူးယူဖော်ပြနေပါသည်။အကိုးအကားဖော်ပြရာတွင် တချို့သတင်းဌာန ကို အတိုကောက် သာဖော်ပြလေ့ရှိပါသည်။ဥပမာ ကျွန်တော်တို့ ကူးယူတင်ပြသည့် သတင်းဌာနမှာInternational Quran News Agency (IQNA) ဖြစ်ပြီး ဆိုက်ဒ် မှာ iqna.ir ဖြစ်လျှင် သတင်းတင်ပြသည့် အခါ ထိပ်ဆုံးနေရာ ကိုးကားချက်လို့ရေးထားသည့်နေရာ တွင် iqna ဟု ၎င်း တခါတလေအီးက်နာဟု၎င်းဖော်ပြပါသည်။ ထိုနည်းတူစွာ m-mediagroup.com(M-media )သတင်းဌာန ၊မှဆိုလျှင် အကိုးအကား၌ မြန်မာမီဒီယာ (သို့) M-medis (သို့) myanmar media ဟုဖော်ပြနေပါသည်။ဆောင်းပါးဖြစ်လျှင် ဆောင်းပါးရှင်အမည်ပါ ၊ ဖော်ပြနေပါသည်။ဤနည်းဖြင့် myanmarmuslim.net သတင်းဌာန ၊အခြား Eleven Media /The Voice Journal / 7 DaysNews၊ / irrawaddy / ရိုးရာလေးစသည်ဖြင့်တို့မှ ဖော်ပြနေပါသည်။သို့သော် ဝမ်းနည်းလေးစွာ ၊မြန်မာမွတ်စလင် သတင်းဌာန တစ်ခုမှ ဒီလောက်သစ္စာရှိရှိ ကူးယူ တင်ပြနေသည့်ကြားမှာ ကျွန်တော်တို့ထံ ငြိမ်းခြောက်သည့်ကော်မန့် ၃ ကြိမ် ပို့လာပြီး ဖြစ်ပေသည်။ ထိုသတင်းဌာန သည် ကျွန်တော်တို့သတင်းဌာန အင်္ဂလိပ်အပိုင်းမှ လည်း ယူပြီး ဘာသာပြန် ဖော်ပြလေ့ ရှိသည်။ထိုသို့ဖော်ပြချိန်တွင် Ref : abna သာ ရေးလေ့ရှိပေသည်။ သတင်းဌာနအမည် အပြည့်ရေးသားခြင်း ၊ဆိုက်ဒ် လိပ်စာ ရေးသားခြင်းကို မပြုချေ။သို့သော် ကျွန်တော်တို့သည် စီးပွားရေး ဆိုက်ဒ်မဟုတ်ဘဲ တကမ္ဘာလုံးရှိ မွတ်စလင်များကို ဘာသာအသီးသီးဖြင့် သတင်းများ ဆောင်းပါးများ စသည်ဖြင့်တင်ပြ အသိပေးနိုင်ရန် ရေးသားနေခြင်း ဖြစ်သည့် အတွက် မည်သည့် သတင်းဌာန ကိုမျှ ကူးယူဖော်ပြနေခြင်းကို ရန်မရှာ ၊ပြဿနာမလုပ်၊သဘောထား မသေးသိမ်ပြချေ။ အံသြဖွယ်ကောင်းသည်မှာ ကျွန်တော်ထံသတင်းမှန် အဖြစ်မှန်များကို ရေးသည့် အတွက် တင်ပြနေသည့်အတွက် ၊ကူးယူဖော်ပြနေသည့် အတွက် ပုဂ္ဂိုလ် အသီးသီး ထံမှ အမေ၊အစ်မ ၊စသည့်ဖြင့်လူမဆန်သည့် အဆဲများငြိမ်းချောက်သည့်ကော်မန့်များ အများအပြားလာခဲ့ပေသည်။လာနေပေသည်။ထို့ မြန်မာမွတ်စလင် သတင်းဌာန တစ်ခုမှ အပ မည်သည့် ကျွန်တော်တို့ ကူးယူနေသည့် မွတ်စလင် ဖြစ်စေ၊မဖြစ်စေ တို့၏ သတင်းဌာနများမှ ကော်မန့် တစ်ခုမျှပင် မပို့လာခဲ့ချေ။ကျေးဇူးတင်စကားဆိုရမည့်အစားငြိမ်းခြောက်ထားသည့်မြန်မာ မွတ်စလင်သတင်းဌာနတစ်ခု၏ကော်မန့်မှာအောက်ပါအတိုင်းဖြစ်ပါသည်။၎င်း သတင်းဌာန သည် မိမိတို့သတင်းဌာန တွင် ကျွန်တော်တို့ သတင်းဌာန အမည်ဖြင့် Website Link ဖြင့် တင်ပြီး မတင်ပြသေးသည့်အတွက် အမည်ကိုမဖော်ပြထားတော့ပါ။((လူကြီးမင်းတို့ သတင်းဌာန မှ...... ပိုစ်များကို ခွင့်ပြုချက်မတောင်း၊ Credit မပေးဘဲ ကူးယူနေသည်များ ရပ်တံ့ရန် နောက်ဆုံးအကြိမ် သတိပေးလိုက်ပါသည်။ ကူးယူထားသည့် ပိုစ်များအားလုံးတွင် Credit များထည့်ပေးရန်။ လိုက်နာခြင်းမရှိလျင် Website Link ဖြင့် တင်ပြီး အများသိရန် ကြေငြာချက်ထုတ်ပါမည်။ ))ဤဆိုက်ဒ်သည်ကျွန်တော်တို့ ထံမှ ဘာလိုချင် သည့် အတွက်ကြာင့် မသိပါ။ကျွန်တော်တို့သည့် အထက်ကတင်ပြထားသည့်အတိုင်း၊ကူးယူဖော်ပြနေသည့် သတင်းတိုင်း၏ ထိပ်တွင်ကုတ် နံပါတ် : ရက်စွဲ : ကိုးကားချက် : ဆောင်းပါးရှင်အမည် ဖော်ပြသွားခဲ့ပါသည်။ဖော်ပြနေပါသည်၊ဖော်ပြအုန်းပြမည်။ဤနည်းကို သဘောမတူလျှင် ၊ မိမိတို့ဆိုက်ဒ် မှ မကူးယူဖို့ ၊ခွင့်မပြုကြောင်းစသည်ဖြင့်ဤသတင်း၏ အောက်တွင်ကော်မန့်များပေးပြီး ဆက်သွယ် နိုင်ပါသည်။လေးစားလျက်အဗ်နာသတင်းဌာန (မြန်မာပိုင်း တာဝန်ခံများ)
၂၇ ဇွန် ၂၀၁၃ - ၁၉:၃၀
News ID: 434549