အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။အဗ်နာ
ဘရာဇီးတွင် ခုံးကျော်တံတား ပြိုကျ၊ ၂ ဦးသေဆုံး
ဘရာဇီးကမ္ဘာ့ဖလား လက်ခံကျင်းပတဲ့ မြို့တွေထဲက တခုဖြစ်တဲ့ ဘယ်လို ဟောရီဇွန်တဲမှာ ဆောက်လုပ်ရေး အဆုံးမသတ်သေးတဲ့ ခုံးကျော်တံတားတခုပြိုကျခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
မီနဲရိုး ကစားကွင်းနဲ့ ဆက်သွယ်ထားတဲ့ ၂ မိုင်အရှည်ရှိတဲ့ အမြန်လမ်းဟာ မြေပြင် မှာ သွားလာနေ တဲ့ မော်တော် ယာဉ်တွေအပေါ် ပြိုကျခဲ့ပြီး ခရီးသည်တင် ဘတ်စ်ကားတစီး ထိခိုက်ခဲ့ပြီး နောက်ထပ်ကားတစီးကတော့ အပျက်အစီးတွေကြားမှာ အတော်ကြာကြာပိတ်မိနေခဲ့ပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး အနီးအနားတ၀ိုက်က အိမ်တွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှု အခြေအနေကို စစ်ဆေးထားတဲ့အကြောင်း မြို့တော်ဝန်က ပြောပါတယ်။
တံတားပြိုကျတဲ့အကြောင်းရင်းကို မသိရသေးကြာင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဖို့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
အခုပြိုကျခဲ့တဲ့ တံတားဟာ ကမ္ဘာ့ဖလားအမီ တည်ဆောက်ပြီးစီးမယ်လို့ အာဏာပိုင်တွေက အာမခံထားပြီး အမြန်ဘတ်စ်ကားယာဉ်လမ်းကြောရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။
REF; ဒီဗွီဘီ