၁၅ ဇူလိုင် ၂၀၁၄ - ၁၇:၅၄
ကမ္ဘောဒီးယားတွင် ဆန္ဒပြသူများနှင့်ရဲ ပဋိပက္ခဖြစ်၊ ၃၀ ခန့် ဒဏ်ရာရ

ကမ္ဘောဒီးယားနိုင်ငံမှာ ဆန္ဒပြသူတွေနဲ့ ရဲလုံခြုံရေးတို့ ဖနွိုင်းပင်မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြပြီး လုံခြုံရေးအများစုဖြစ်တဲ့ လူ ၃၀ လောက် ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဖနွိုင်းပင်မြို့တော်က အဓိက ဆန္ဒပြရင်ပြင် ပြန်ဖွင့်ပေးရေးအတွက် ဆန္ဒပြတဲ့ အတိုက်အခံပါတီကို ထောက်ခံသူ အယောက် ၃၀၀ လောက်က ဆန္ဒပြရင်းကနေ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက် တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ အယောက် ၃၀ လောက် ဒဏ်ရာရရှိခဲ့ကြပြီး အများစုက ရဲတွေ ဖြစ်တယ်လို့ ကမ္ဘောဒီးယား လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ချန် ဆိုဗက် (Chan Soveth)က ပြောဆိုပါတယ်။

အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။အဗ်နာ

ကမ္ဘောဒီးယားတွင် ဆန္ဒပြသူများနှင့်ရဲ ပဋိပက္ခဖြစ်၊ ၃၀ ခန့် ဒဏ်ရာရ

ကမ္ဘောဒီးယားနိုင်ငံမှာ ဆန္ဒပြသူတွေနဲ့ ရဲလုံခြုံရေးတို့ ဖနွိုင်းပင်မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြပြီး လုံခြုံရေးအများစုဖြစ်တဲ့ လူ ၃၀ လောက် ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဖနွိုင်းပင်မြို့တော်က အဓိက ဆန္ဒပြရင်ပြင် ပြန်ဖွင့်ပေးရေးအတွက် ဆန္ဒပြတဲ့ အတိုက်အခံပါတီကို ထောက်ခံသူ အယောက် ၃၀၀ လောက်က ဆန္ဒပြရင်းကနေ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက် တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

အယောက် ၃၀ လောက် ဒဏ်ရာရရှိခဲ့ကြပြီး အများစုက ရဲတွေ ဖြစ်တယ်လို့ ကမ္ဘောဒီးယား လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ချန် ဆိုဗက် (Chan Soveth)က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက အထည်ချုပ်အလုပ်သမားတွေ ဆန္ဒပြပွဲဖြစ်ခဲ့ကတည်းက အဲဒီ ဖနွိုင်းပင်မြို့ ဆန္ဒပြရင်ပြင်ကို ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အထည်ချုပ်လုပ်သားတွေ ဆန္ဒပြတုန်းကလည်း ဆန္ဒပြသူ ၄ ဦး သေဆုံးခဲ့လို့ ၁၅ နှစ်အတွင်း အပြင်းထန်ဆုံးဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။

အတိုက်အခံတွေနဲ့ အခု နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲမှာ ရဲလုံခြုံရေး ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်ဆိုတာကိုလည်း အစိုးရရဲ့ ပြောခွင့်ရက အတည်ပြုပြောဆိုပါတယ်။

ဒီဆန္ဒပြရင်ပြင်ဟာ ဖနွိုင်းပင်မြို့နဲ့ ကမ္ဘောဒီးယားတနိုင်ငံလုံးမှာ တခုတည်းသော ဆန္ဒပြရင်ပြင် ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ မပိတ်သင့်ဘူးလို့ ကမ္ဘောဒီးယားအတိုက်အခံပါတီရဲ့ ပြောခွင့်ရ က ဆိုပါတယ်။

REF; ဒီဗွီဘီ