အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။ ။အဗ်နာ
ထိုင်ဝမ် ခရီးသည်လေယာဉ် ပျက်ကျ၊ ၄၈ ဦး သေဆုံး
ထိုင်ဝမ်အခြေစိုက် ခရီးသည်တင်လေယာဉ်တစီး ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ညပိုင်းက ထိုင်ဝမ်အနောက်ပိုင်းမှာ ပျက်ကျခဲ့ပြီး သေဆုံးသူ ၄၈ ယောက် ရှိသွားပြီလို့ ကယ်ဆယ်ရေးအဖွဲ့က ဒီနေ့မှာ ပြောဆိုပါတယ်။
ထိုင်ဝမ်တောင်ပိုင်း ကောင်းဆန်း (Kaohsiung) မြို့ကနေ အနောက်ဘက်က ဖိန်ဟူကျွန်း (Penghu)ကို ပျံသန်းစဉ် ရာသီဥတု ဆိုးဝါးပြီး ကျွန်းပေါ်က လူနေအိမ်တွေပေါ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
မုန်တိုင်းကြောင့် လေယာဉ်ထွက်ခွာချိန်ထက် နောက်ကျပြီး ထွက်ခွာခဲ့တယ်လို့ အသက်မသေ လွတ်မြောက်ခဲ့သူခရီးသည်တဦးက ဆိုပါတယ်။
အရေးပေါ်ဆင်းဖို့ ကြိုးစားရင်း လူနေအိမ်တွေပေါ် လေယာဉ်ဆင်းသက်ခဲ့ကြောင်း၊ ခရီးသည် ၅၄ ဦးနဲ့ လေယာဉ်အမှုထမ်း ၄ ဦး စုစုပေါင်း ၅၈ ဦး လိုက်ပါခဲ့ကြပြီး ၄၈ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖိန်ဟူမြို့ အရေးပေါ်ကယ်ဆယ်ရေးဌာနက ပြောဆိုပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို စစ်သားအယောက် ၂၀၀ လောက် ဆက်လက် လုပ်ဆောင်နေကြပြီး ရှာဖွေရေးဧရိယာကိုလည်း မီတာ ၁၀၀ ထပ်တိုးချဲ့ခဲ့တယ်လို့ ဆိုပါတယ်။ လေယာဉ်မှတ်တမ်းသေတ္တာတခုကိုတော့ ရှာဖွေရရှိထားပြီလို့ သိရှိရပါတယ်။
REF; ဒီဗွီဘီ