အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန၏အစီရင်ခံစာအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးရာတွင် ဟော်မုဇ်ရေလက်ကြားအတွင်း ယာယီသင်္ဘောသွားလာရေးလမ်းကြောင်းတစ်ခု သတ်မှတ်နိုင်ရန် တီဟီရန် နှင့် မတ်စ်ကတ် တို့အကြား ပြုလုပ်နေသည့် ဆွေးနွေးမှုများတွင် အရေးကြီးသော တိုးတက်မှုများ ရရှိထားကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီက ဟော်မုဇ်ရေလက်ကြား၏ အခြေအနေကို အပြည့်အဝ ပြန်လည်ပုံမှန်ဖြစ်စေရန် အမေရိကန်သည် အစ္စလာမ်မာဘတ် MOU သို့ ပြန်လည်ဝင်ရောက်ပြီး မိမိတို့၏ ကတိကဝတ်များကို အကောင်အထည်ဖော်ရမည်ဟု အလေးပေးပြောကြားခဲ့ပါတယ်။
ထို့အပြင် အမေရိကန်ဘက်မှ အစ္စလာမ်မာဘတ် MOU ကို ချိုးဖောက်ခြင်းသည် လက်ရှိဒေသတွင်း တင်းမာမှုများ ဖြစ်ပေါ်လာရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းပြဿနာအတွက် လွယ်ကူသော ဖြေရှင်းနည်းမှာ အမေရိကန်အနေဖြင့် အဆိုပါ သဘောတူညီချက်သို့ ပြန်လည်ဝင်ရောက်ပြီး မိမိတို့၏ ကတိကဝတ်များကို အပြည့်အဝ အကောင်အထည်ဖော်ရန်ဖြစ်ကြောင်းလည်း ၎င်းက ဆိုပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတဲဂိ က ဒေသတွင်း တင်းမာမှုများ ပိုမိုမြင့်တက်လာခြင်းအပေါ် စိုးရိမ် ကြောင်း ဖော်ပြခဲ့ပြီး ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောသွားလာရေး လုံခြုံမှုကို အာမခံနိုင်ရန် ဒေသတွင်း နိုင်ငံများ နှင့် အခြားစိတ်ဝင်စားသည့် နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက် ပြုလုပ်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment