၈ ဩဂုတ် ၂၀၁၆ - ၀၆:၀၄
စွန်နီ ညီနောင်များ ကျေးဇူးပြု၍ ဖြေပေးပါ။စဉ်းစားပေးပါ။

မေးခွန်း ။ ။ ဘာကြောင့် ….. မိမိတို့၏ အကီဒါ အရ စဟီးကျမ်းကညွန်းပြနေသည့် အရာ ကုန်အာန် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို လက်လွတ်ပြီး စဟီးကျမ်းမဟုတ်သည့် ကျမ်း ကညွန်းပြနေသည့် အရာ ကု၇်အာန် နှင့် စွန္နသ် ၊ ကုရ်အာန် နှင့် စွန္နသ် ဟု အော်နေရပါသနည်း ? မေးခွန်း ။ အဘယ်ကြောင့် ကုရ်အာန် ပြီးလျှင် အဲဟ်လေ့ဘိုက်(သ) (အ.စ) အကြောင်းကို မတင်ပြုဘဲ ဆွာဟာဗာ ၊ဆွာဟာဗာအကြောင်းကို သာ အလေးပေးတင်ပြရပါသနည်း ?

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ္လာဟ် ဟို အရှင်မြတ် သခင်သည် မိမိ၏ ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် အမှတ် ၆၁ ၊အာယသ်အမှတ် ၂ တွင်မိန့်ထားတော်မူပါတယ်။

((အို အီမာန် သက်ဝင်ယံကြည်သူ အပေါင်းတို့ အသင်တို့အနေဖြင့် အဘယ် အတွက်ကြောင့် မိမိတို့ မပြုလုပ်သည့် ကိစ္စ (အရာ )ကို ပြောဆို ကြရပါသနည်း ?))

စွန်နီ အကီဒါ အရ စစ်မှန် သည့် ကျမ်းကြီး ခြောက်ကျမ်း ရှိပါတယ်။

၁။စဟီးဘုခါရီ

၂။စဟီးမွတ်စလင်မ်

၃။စိုနန်အဗူဒါဝူဒ်

၎။ စိုနန်သေရ်မေဇီး

၅။ စိုနန် နေစာအီ

၆။ စိုနန် အေဗ်နေမာဂျဟ်ဆိုပြီး ဖြစ်ပါတယ်။

၎င်းတို့ အနက် တစ်ကျမ်း မှာ စဟီးမွတ်စလင်မ်ကျမ်းလည်း ဖြစ်ပါတယ်။

ထို့ကျမ်းတွင် အေမာမ် မွတ်စလင်မ် အနေဖြင့် ကိုယ်တော်မြတ် (ဆွ)

မရှိသည့်နောက်ပိုင်း မြဲမြံစွာ ဆုပ်ကိုင်ထားရမည့် အရာ နှစ်ခု မှာ

ကျမ်းတော်မြတ် ကုရ်အာန် နှင့်

အဲဟ်လေ့ဘိုက်(သ) (အ.စ) ဖြစ်ကြောင်း ကိုယ်တော်မြတ် (ဆွ) ၏ ဟဒီးစ် ကို

တင်ပြထားပါတယ်။

မွတ်စလင်မ်ကျမ်း တွင်ပါကြောင်း ကျမ်းကိုး

စဟီးမွတ်စလင်မ်ကျမ်း အတွဲ ၄ ၊ စာမျက်နှာ ၁၈၀၃ ၊အမှတ် ၂၄၀၈ ၊ ပုံနှိပ် အဗ်ဒိုလ်ဗါကီး

လာရှိသည့် ဟဒီးစ်ပုံစံ

ألا أیها الناس ، فانّما أنا بشر یوشک أن یأتی رسول ربیّ فأجیب و أنا تارک فیکم ثقلین :أولهما کتاب الله فیه الهدی و النور

، فخذوا بکتاب الله واستمسکوا به فحث علی کتاب الله ورغّب فیه ثم قال وأهل بیتی أذکر کم الله فی أهل بیتی أذکرکم الله فی اهل بیتی أذکرکم الله فی اهل بیتی .

 

ပြီးနောက် စွန်နီ အကီဒါအရာ စဟီးကျမ်း မဟုတ်သည့် မွတ်စ်ဒဒရာက်ကို ဟာကင်းမ် ကျမ်းမှာရေးထားပါတယ်။    

ကိုယ်တော်မြတ် (ဆွ) မရှိသည့်နောက်ပိုင်း မြဲမြံစွာ ဆုပ်ကိုင်ထားရမည့် အရာ နှစ်ခု မှာ

ကျမ်းတော်မြတ် ကုရ်အာန် နှင့်

စွန္နသ် ဖြစ်ကြောင်း ကိုယ်တော်မြတ် (ဆွ) ၏ ဟဒီးစ် ကို

တင်ပြထားပါတယ်။

မွတ်စ်ဒဒရာက်ကို ဟာကင်းမ် ကျမ်းတွင်ပါကြောင်း ကျမ်းကိုး

မွတ်စ်ဒဒရာက်ကို ဟာကင်းမ် ကျမ်း အတွဲ ၁ ၊ စာမျက်နှာ ၉၃

လာရှိသည့် ဟဒီးစ်ပုံစံ

یا أیها الناس انی قد ترکت فیکم ان اعتصتم به فلن تضلّوا ابدا کتاب الله و سنّة نبیه !

 

မေးခွန်း ။ ။ ဘာကြောင့် ….. မိမိတို့၏ အကီဒါ အရ စဟီးကျမ်းကညွန်းပြနေသည့် အရာ ကုန်အာန် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို

လက်လွတ်ပြီး စဟီးကျမ်းမဟုတ်သည့် ကျမ်း ကညွန်းပြနေသည့် အရာ ကု၇်အာန် နှင့် စွန္နသ် ၊ ကုရ်အာန် နှင့် စွန္နသ် ဟု အော်နေရပါသနည်း ?

မေးခွန်း ။ အဘယ်ကြောင့် ကုရ်အာန် ပြီးလျှင် အဲဟ်လေ့ဘိုက်(သ) (အ.စ) အကြောင်းကို မတင်ပြုဘဲ ဆွာဟာဗာ ၊ဆွာဟာဗာအကြောင်းကို သာ အလေးပေးတင်ပြရပါသနည်း ?

===========

251/End