အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆွစ်ဇာလန်နိုင်ငံမှ Swiss- contact အဖွဲ့သည် ရန်ကုန်နှင့် နေပြည်တော်တို့မှ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော ဒေသခံပြည်သူ သုံးထောင်အား အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းကာ ဟိုတယ်လုပ်ငန်းဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးနေကြောင်းဟု သတင်းရရှိသည်။
‘‘၄၂ လအတွင်းမှာ လူငယ်သုံးထောင်ကို လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်နဲ့ နေပြည်တော်က အခွင့်အလမ်းနည်းပါးတဲ့ ဒေသခံတွေကို ရွေးချယ်ပြီး သင်ကြားမှုတွေ ပြုလုပ်ပေးနေပါ တယ်’’ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့အောင်က ပြောသည်။
Swisscontact အဖွဲ့သည် ဟိုတယ်ဝန်ဆောင်မှုကဏ္ဍတွင် အရည်အသွေးမြှင့်တင်ရန် အထောက်အကူပြုစီမံကိန်း ဆောင်ရွက်ရေး၂၀၁၅ အတွင်းက ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ယခုနှစ်အတွင်း သင်ကြားမှုများ စတင်ပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် စီမံကိန်းမှ သင်တန်းသား ၁,၇၈၂ ဦးကို လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးပြီးဖြစ်ကာ သင်ကြားပေးပြီးသူများကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် အောက်တိုဘာ ၂၉ ရက်က နေပြည်တော်၌ သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲနှင့် အလုပ်အကိုင်ရှာဖွေရေး အခမ်းအနားကျင်းပခဲ့ပြီး သင်တန်းဆင်းများထဲမှ ၆၀ ရာခိုင်နှုန်း အလုပ်အကိုင်အခွင့်အလမ်းများရရှိခဲ့သည်ဟု ဆိုသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် Swiss- contact အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် သင်တန်းအပြင် ရန်ကုန်မြို့နှင့် ရှမ်းပြည်နယ် ညောင်ရွှေ့မြို့ရှိ နည်းပညာနှင့် သက်မွေးပညာသင်တန်းကျောင်းတွင် ဟိုတယ်စီမံခန့်ခွဲရေးဆိုင်ရာ ဒီပလိုမာတစ်နှစ်သင်တန်းပို့ချနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
===================
251 / End
ရန်ကုန်နှင့် နေပြည်တော်ရှိ အလုပ်အကိုင်အခွင့်အလမ်းနည်းသော ဒေသခံသုံးထောင်အား ဆွစ်ဇာလန်အဖွဲ့နှင့် ဟိုတယ်ခရီး ပူးပေါင်းပြီး ဟိုတယ်လု
၂ နိုဝင်ဘာ ၂၀၁၆ - ၁၈:၃၄
News ID: 789434
ဆွစ်ဇာလန်နိုင်ငံမှ Swiss- contact အဖွဲ့သည် ရန်ကုန်နှင့် နေပြည်တော်တို့မှ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော ဒေသခံပြည်သူ သုံးထောင်အား အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းကာ ဟိုတယ်လုပ်ငန်းဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးနေကြောင်းဟု သတင်းရရှိသည်။