၉ နိုဝင်ဘာ ၂၀၁၆ - ၂၀:၁၃
လက်ရှိ အကျော် အမော် ရှီအာ အာလင်မ် ပညာရှင်  အာယာသွလ္လာဟ် မကာရေမ် မို ရှီး ရာဇီး ရေးသားထားသည့် ဆွဟာဗာ အကြောင်း အပိုင်း (၄)

လက်ရှိ အကျော် အမော် ရှီအာ အာလင်မ် ပညာရှင် အာယာသွလ္လာဟ် မကာရေမ် မို ရှီး ရာဇီး ရေးသားထားသည့် ဆွဟာဗာ အကြောင်း အောက်ပါအတိုင်း လေ့လာ နိုင်ပါတယ်။

 


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

၆။သာဝတော်များ အားလုံးသည် မည်သည့် သတ်မှတ်ချက်မျှမလိုဘဲ တရား မျှတသူများ ဖြစ်ကြပါသလား?
ကျွန်တော်တင်ပြခဲ့သည့်အတိုင်း အဟ်လေစွန္နတ် အများစု ခံယူထား သည်ကား -သာဝကတော်ကြီးများအားလုံး ဆိုလိုသည်မှာ အကြင်သူများသည် တမန်တော်မြတ်ကြီး(ဆွ)၏ လက်ထက်၌ရှိပြီး တမန်တော်မြတ်ကြီး(ဆွ)ကို သိမြင် နားလည်ပြီး ရက်အနည်းငယ်အတူ နေထိုင်ခဲ့ဖူး၏။ ဤသို့သော သာဝတော် များအတွက် မည်သို့သော သတ်မှတ် ချက်မရှိဘဲ တရားမျှတသူများ ဖြစ်ကြ၏။ ဤအတွက် ကျမ်းတော်မြတ် ကုရ်အာန် သက်သေအဖြစ်ရှိပါသည်။
ဝမ်းနည်းဖို့ကောင်းသောအချက်သည်မှာ၎င်းသာဝကတော်များ ဘက်မှာ ထောက်ခံအားပေးသောကျမ်းတော်မြတ်ကုရ်အာန်၏အာယတ်တော်များ အချို့ကို တင်ပြပြီးကျန်အာယတ်တော်များသတ်မှတ်ချက်များကို ဖော်ပြထား သောအာယတ်တော်များကိုမေ့နေကြ၏။
 ကျွန်ုပ်စောဒကတက်လိုသည်မှာ-
ဤသည်မည်ကဲ့သို့သောတရားမျှတမှုပါလိမ့်။
ကျမ်းတော်မြတ်ကုရ်အာန်အနေဖြင့်လုံးဝဆန့်ကျင်ထားပေသည်။စူရဟ်အာလေအင်မရန်အာယတ်တော်အမှတ် ၁၅၅ ကိုတင်ပြပါမည်။
إِنَّ الَّذِينَ تَوَلَّوْا مِنْكُمْ يَوْمَ الْتَقَى الْجَمْعَانِ إِنَّمَا اسْتَزَلَّهُمُ الشَّيْطَانُ بِبَعْضِ مَا كَسَبُوا وَلَقَدْ عَفَا اللَّهُ عَنْهُمْ إِنَّ اللَّهَ غَفُورٌ حَلِيمٌ

ဤအာယတ်တော်သည်အိုဟွဒ်စစ်မြေပြင်၌တမန်တော်မြတ်ကြီး (ဆွ)အားရန်သူများအကြားထားပြီးထွက်ပြေးတိမ်းရှောင်သွားသောသာဝက တော်များနှင့်စပ်လျဉ်းပြီးကျရောက်လာသောအာယတ်တော်ဖြစ်၏။
အာယတ်တော်၏အဓိပ္ပါယ်မှာ-
((ထို့သူများသည်အုပ်စုနှစ်စုရင်ဆိုင်သည်နေ့((အိုဟွဒ်စစ်ပွဲ))၌ကျောခိုင်း ထွက်ပြေးသွား၏။ ရှိုင်တွာန်သည်၎င်းတို့၏အချို့ဂိုနာများ၏အာနိသင် ကြောင့် လမ်းမှား အောင်လုပ်ဆောင်နိုင်ခဲ့ပေသည်။ စင်စစ်သော်ကား အလ္လာဟ် ဟိုအရှင်မြတ် သခင်သည် ခွင့်လွတ်တော်မူသောအရှင်နှင့် အနွံအတာခံ တော်မူ သော အရှင်ဖြစ်တော်မူ၏။))
ဤအာယတ်တော်က မီးမောင်းထိုးပြနေသည်မှာ ထို့နေ၌ သာဝက တော်များ၏ အုပ်စုတစ်စုသည် ကျောခိုင်း၍ ထွက်ပြေးသွားကြောင်း ဖြစ်ပေ သည်။ သမိုင်းစာမျက်နှာများကလည်း ၎င်းတို့၏ အရေအတွက်ကိုဖော်ပြထားပါသည်။
စိတ်ဝင်စားစရာအချက်သည်ကား -ရှိုင်တွာန်သည် ၎င်းတို့ကို လမ်းလွဲ၊ လမ်းမှားသို့ ရောက်အောင်လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ လုပ်နိုင်သည် အကြောင်းက လည်း ၎င်းတို့၏ ဂိုနာများကြောင့် ဖြစ်ကြောင်းဖြစ်ပေသည်။
ထွက်ပြေးကျောခိုင်းရသည့် အဓိကအကြောင်း ဂိုနာများကြောင့်ဆိုတာထင် ရှားနေပေ၏။
သို့သော်လည်းအာယတ်တော်ကဆက်၍မိန့်ထားသည်မှာအလ္လာဟ်အရှင်မြတ်သည်ခွင့်လွတ်ပလပ်တော်မူလိုက်ကြောင်း၊လာရှိပေသည်။
သို့ဖြစ်ပါ၍ သာဝကတော်များ တရားမျှတလို့၊ အပြစ်ကင်းလို့ ဟူ၍ မှတ်ချက်ချ မရပေ။ ကျမ်းတော်မြတ်ကုရ်အာန်၌ ၎င်းတို့ဂိုနာများလုပ်ခဲ့ကြောင်း အတိအကျ မိန့်ထားပေသည်။



ဤသည် မည်ကဲ့သို့သော တရားမျှတမှုပါလိမ့်။

    ကျမ်းတော်မြတ်ကုရ်အာန် စူရဟ်ဟိုဂျရသ်အာယတ်တော် (၆)၌ အချို့သာဝကတော်များကို ((ဖါစစ်က်)စာရိတ္တဖောက်ပြန်သူ၊ အဟ်ကမ်းကို နားလည်သော လည်းမလိုက်နာသူ ဖြစ်ကြောင်းမိတ်ဆက်ပေးထားပါ သည်။
يَا أَيُّهَا الَّذِينَ آمَنُوا إِنْ جَاءَكُمْ فَاسِقٌ بِنَبَإٍ فَتَبَيَّنُوا أَنْ تُصِيبُوا قَوْمًا بِجَهَالَةٍ فَتُصْبِحُوا عَلَى مَا فَعَلْتُمْ نَادِمِينَ
((အိုအီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့အကယ်၍((ဖါစစ်က်)စာရိတ္တ ဖောက်ပြန်သူ၊ အဟ်ကမ်းကိုနားလည်သောလည်းမလိုက်နာသူ၊ တစ်ဦးတစ် ယောက်သည် အသင်တို့ထံ သတင်း တစ်စုံတစ်ရာ ယူဆောင်လာသော စစ်ဆေး စူးစမ်းမှုပြုပါလေ။ သတင်းအမှန်မသိဘဲ အုပ်စုတစ်စုကို ဆုံးရှုံးမှုရအောင် လုပ်မိကာ နောင်တရနေမည် စိုး၍ ဖြစ်ပေသည်။))
သဖ်စီရ်ပညာရှင်များအကြား အထက်ပါ အာယတ်တော်သည် ဝလီးဗင်အိုကဗာ (သာဝက)နှင့် စပ်လျဉ်း၍ ကျရောက်လာကြောင်း ကျော်စောပေသည်။ တမန်တော်မြတ်ကြီး(ဆွ)သည် ၎င်း(သာဝက)အား ဗနီမွတ် (ဆ)သွာလက် မျိုးနွယ်စုဆီမှ ဇကာသ်ကောက်ခံရန် စေလွှတ်တော်မူခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်ဇကာသ်မပေးဆောင်ကြောင်း၊ အစ္စလာမ်အားဆန့် ကျင်နေကြ ကြောင်း ဆိုပြီးပြန်ရောက်လာ၏။
မွတ်စလင်အချို့သည် ဝလီးဗင်အိုကဗာ(သာဝက)၏ စကားကိုယုံ လိုက်ကြပြီး ဗနီမွတ်(ဆ)သွာလက်မျိုးနွယ်နှင့် စစ်တိုက်ဖို့အသင့်ဖြစ်သွားကြ၏။ သို့သော်လည်းဘဲ အထက်ပါ ကျမ်းတော်မြတ် ကုရ်အာန်၏အာယတ်ကျ ရောက်လာပြီး ချက်ချင်း အကယ်၍ ((ဖါစစ်က်))သတင်းယူလာပါက စူးစမ်း၊ စစ်ဆေးရန်၊ ၎င်း၏ သတင်းကြောင့် အုပ်စုတစ်စုအား ဆုံးရှုံးမှုကိုပြုလုပ်မိ၍ နောင်တ မရစေရန် မွတ်စလင်များကို သတိပေးထားမြစ်ခဲ့သည်။
ရုတ်တရက် စူးစမ်းစစ်ဆေးရာ ဗနီမွတ်(ဆ)သွာလက်မျိုးနွယ်သည် မိုမင်မျိုးနွယ်ဖြစ်နေကြောင်း၊ ဝလီးဗင်အိုကဗာ(သာဝက)အား ကြိုဆိုဖို့အသင့် ရှိနေကြောင်း၊ အစ္စလာမ်ကို မဆန့်ကျင်ကြောင်း၊ ဝလီးဗင်အိုကဗာ(သာဝက) သည် အတိတ်ကရန်ငြိုးရန်စကြောင့် အကြောင်းမရှိအကြောင်း ရှာပြီး တမန်တော်မြတ်ကြီး(ဆွ)ထံ မဟုတ်မမှန် သတင်းပို့ခဲ့ကြောင်း သိရပေ
သည်။
ဝလီးဗင်အိုကဗာသည် တမန်တော်မြတ်ကြီး(ဆွ)၏ သာဝကတော်တစ်ပါး ဖြစ်၏။ တမန်တော်မြတ်ကြီး(ဆွ)ကို သိရှိ နားလည် ခွင့်ရခဲ့ပြီး နေထိုင်ခွင့်ရခဲ့သူတစ်ဦးဖြစ်ပေသည်။ ကျမ်းတော်မြတ် ကုရ်အာန်က ၎င်းသည် ((ဖာစစ်က်))ဖြစ်ကြောင်း မီးမောင်း ထိုးပြထားသည်။ အခုလည်း သာဝကများအားလုံးတရား မျှတသူများဟု ပြောနိုင်ပါသေးသလား။

ဤသည် မည်ကဲ့သို့သော တရားမျှတမှုပါလိမ့်။
အချို့သာဝကတော်များသည် တမန်တော်မြတ်ကြီး(ဆွ) ဇကားသ် ဝေခွဲပေးချိန်၌ ကိုယ်တော်အပေါ် စောဒကတက်ကြောင်း ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်သောင်ဗာ အာယတ်အမှတ်တော် ၅၈ ၌ ဖော်ပြထားပါသည်။
ومِنْهُمْ مَنْ يَلْمِزُكَ فِي الصَّدَقَاتِ فَإِنْ أُعْطُوا مِنْهَا رَضُوا وَإِنْ لَمْ يُعْطَوْا مِنْهَا إِذَا هُمْ يَسْخَطُونَ
((၎င်း((သာဝကများ))တို့၏အကြား၌ အချို့သောသူများသည် ((မလေဂနီးမသ်)) ((စစ်ပွဲအောင်မြင်ပြီးရရှိသောပစ္စည်းများ ခွဲဝေပေးချိန်၌ စောဒကတက် ကြကုန်၏။ ၎င်းတို့၏  ဝေစုစိတ်တိုင်းကျရလျှင် ကျေနပ်ကြပြီး၊ စိတ်တိုင်းကျမရလျှင် အမျက်ဒေါသ ထွက်ကြလေသည်။))
ဤကဲ့သို့သော သာဝကများသည် တရားမျှတသူများ (လေးစားထိုက်သူများ) မည်သို့ ဖြစ်ကြပါသနည်း။

ဤသည်မည်ကဲ့သို့သော တရားမျှတမှုပါလိမ့်။
ကျမ်းတော်မြတ်ကုရ်အာန်စူရဟ်အဟ်ဇာပ်အာယတ်တော်အမှတ် ၁၃ ၊ ၁၄ ၌အဟ်ဇာပ်စစ်ပွဲနှင့်စပ်လျဉ်း၍မိန့်တော်မူသည်မှာ-((တမန်တော်မြတ်ကြီး(ဆွ)နှင့်အတူအဟ်ဇာပ်စစ်ပွဲ၌အတူပါဝင်ခဲ့သော မိုနာဖေက်(အရေခြုံ)များ၊နှလုံးသားမကောင်းသူများသည် ကိုယ်တော်(ဆွ)အား
လှည့်ဖြားပြီး မတရားစွပ်စွဲပြောကြားသည်မှာ-
(مَا وَعَدَنَا اللهُ وَرَسُولُهُ إِلاَّ غُرُوراً)
((အလ္လာဟ်ဟိုအရှင်မြတ်နှင့်၎င်း၏တမန်တော်(ဆွ)သည်ကျွန်ုပ်တို့အား လိမ်ညာပြီးကတိပေးခဲ့သည်။))
၎င်းတို့အထဲမှာအချို့ကထိုစစ်ပွဲ၌ တမန်တော်မြတ်ကြီး(ဆွ)သာ လျှင်ရှုံးနိမ့်သွားပြီး၎င်းတို့ဘာအသတ်ခံရ၍အစ္စလာမ်သာသနာပါအဆုံး သတ်သွားလိမ့်မည်ဟုထင်ထားကြ၏။
သို့မဟုတ်ရှီအာ၊ စွန္နီတို့  တင်ပြထားသော ရီဝါယတ်တော် များအရ ခန်ဒက်စစ်ပွဲ မစမီ အလျင် တမန်တော်မြတ်(ဆွ)သည် မဒီနာမြို့တစ်ဝိုက် ကတုတ်ကျင်းများ တူးဖော်နေစဉ် ကျောက်ခဲတစ်တုံးကို တွေ့ရလေ၏။ ထိုအချိန်၌ တမန်တော်မြတ်ကြီး (ဆွ)အနေဖြင့်ဆီးရီး၊အီရန်၊ယမင်နိုင်ငံများကို အောင်နိုင်မည်ဖြစ်ကြောင်းနိမိတ်ဖတ်တော်မူခဲ့ရာ၎င်း(သာဝကများ)တို့အထဲမှအချို့သည် ပြောင်လှောင်၊ ပျက်ရယ်ပြုခဲ့ကြ၏။

====================
251 / End