၂၅ နိုဝင်ဘာ ၂၀၁၆ - ၁၉:၄၇
မန္တလေးတက္ကသိုလ်ထူထောင်သူဆရာကြီး ဦးရာဇတ်ကြေးရုပ်တုဖွင့်ပွဲကျင်းပ

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဘုရင်ခံအမှု ဆောင်ကောင်စီတွင် အမျိုးသားစီမံကိန်းနှင့် ပညာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည့် မန္တလေးတက္ကသိုလ်တည်ထောင် သူ ဆရာကြီးဦးရာဇတ်၏ ကြေးရုပ်တုဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် (အမျိုးသားအောင်ပွဲနေ့)က မန္တလေးတက္ကသိုလ် ရာဇတ်ခန်းမဆောင်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဘုရင်ခံအမှု ဆောင်ကောင်စီတွင် အမျိုးသားစီမံကိန်းနှင့် ပညာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည့် မန္တလေးတက္ကသိုလ်တည်ထောင် သူ  ဆရာကြီးဦးရာဇတ်၏ ကြေးရုပ်တုဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် (အမျိုးသားအောင်ပွဲနေ့)က   မန္တလေးတက္ကသိုလ် ရာဇတ်ခန်းမဆောင်တွင်  ကျင်းပ ပြုလုပ်ခဲ့သည်။

ဆရာကြီး ဦးရာဇတ်၏ကြေး ရုပ်တုကို မန္တလေးတက္ကသိုလ်ဝင်း အတွင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြတောင်း ဆိုခဲ့ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယင်းရုပ်တုသည် အမြင့်ပေ လေးပေခွဲခန့်ရှိကာ ရုပ်တုဖြစ် မြောက်ရေးအတွက် ကျောင်းသား ဟောင်းများ၊ ဦးရာဇတ်မိသားစု ဝင်များ၊ အခြားအလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဆောက်လုပ်ခြင်းဖြစ်ကြောင်း ရုပ်တုဖြစ်မြောက် ရေးကော်မတီအဖွဲ့ဝင်များထံမှ သိရသည်။

မန္တလေးတက္ကသိုလ်ကြီး သည် ဆရာကြီး ဦးရာဇတ်နှင့် ဦး ကိုလေးတို့နှစ်ဦး ပူးပေါင်းအား ထုတ်မှု၏ရလဒ်များဖြစ်ပြီး ဆရာ ကြီး ဦးရာဇတ်သည် ၁၉၄၇ ဇူလိုင် ၁၉ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်   အာဇာနည်ခေါင်း ဆောင်ကြီးများ  လုပ်ကြံခံရမှု၌ ကျဆုံးခဲ့သည်။

===================    
251 / End