အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အလ်မီယန်းဒီးန် သတင်းဌာန၏ သတင်းအထောက်အထား များအရ ဆီးရီးယား နိုင်ငံ၏ မွဖ်သီချုပ် ရှိက်္ခ ဟစူန် ဒူဗလင်းန် အား အိုယင်ယာလန် ပါလီမန် တွင် မိန့်ခွန်း ဟောကြားခွင့် မပြုရန် အာရပ် နှစ်နိုင်ငံမှ သက်ဆိုင်ရာ သို့ မေတ္တာ ရပ်ခံ ခဲ့ပါတယ်။ သို့သော် မအောင်မြင်ခဲ့ချေ။
မွဖ်သီချုပ်အနေဖြင့် ဆီးရီးယား နိုင်ငံ ပြည်တွင်း နိုင်ငံရေး အကြပ်အတည်း နှင့်စရင်ဆိုင်ရချိန်တွင် မိမိအား ဆီးရီးယား နိုင်ငံမှ ထွက် သွားဖို့ ၊ထွက်ပေးလျှင်ဆု လာဒ် အမြောက်ပေးမည် ဖြစ်ကြောင်း အာရပ် အိမ်ရှေ့ မင်းသား တစ်ပါးမှ ပြောခဲ့ကြောင်း ၎င်း ၏အမိန့်ကိုကျနော်အနေဖြင့် လက်မခံခဲ့သဖြင့် သောင်းကြမ်းသူ အစွန်းရောက် များ ကို စေလွတ်ပြီး ၎င်းတို့ လက်ချက်ဖြင့် ကျနော်သား အသတ်ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
မွဖ်သီချုပ် ဗဒရွဒ်ဒီးန် ဟစူန် အနေဖြင့် ဆီးရီးယား အစိုးရ အနေဖြင့် ကမ္ဘာ နေရာအနှံမှရောက်ရှိလာသည့် အစွန်းရောက်အကြမ်းဖက်သမား၃သိန်း အားတိုက် ထုတ်ခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။
မွဖ်သီချုပ် ဗဒရွဒ်ဒီးန် ဟစူန် အနေဖြင့် အချို့ မီဒီယာ မှ သတင်းအမှား များထုတ်လွှင့်နေ ကြောင်း ၊ကျနော်အနေဖြင့် ဥရောပအာဏာပိုင်များကို ဆီးရီးယား သို့သွားရောက်ပြီးအနီးကပ် လေ့လာ စိစစ်ဖို့ မေတ္တာ ရပ်ခံကြောင်း ဆီးရီးယား နိုင်ငံ၏ တောင်းဆိုချက်အရ အီရန်နှင့် ရုရှား နိုင်ငံမှ သိန်းပေါင်းများစွာ သော် အကြမ်းဖက် အစွန်းရောက် သူပုန်များကို တိုက်ထုတ်ဖို့ လာခဲ့ကြောင်း ၊ဆီးရီးယား နိုင်ငံသူ၊ နိုင်ငံသားအမြောက်အများ အကြမ်းဖက်သူပုန်များ လက်ချက်ကြောင်း သေဆုံး ခဲ့ကြကြောင်း အီရန်နှင့် ရုရှား လက်ချက်ကြောင့် သေဆုံးခဲ့ကြခြင်း မဟုတ်ကြောင်း ၊ ဆီးရီးယား အစိုးရ အနေဖြင့် မိမိလက်ဖြင့် တည်ဆောက်ထားသည့် ခရစ်ယာန် ဘုရားကျောင်းများ ၊ရဟူဒီ ဘုရားကျောင်းများ နှင့်ဗလီ များ တက္ကသိုလ်များ ကို ဘာကြောင့် ပျက်စီးရမည်နည်း ဖြစ်ကြောင်း ပြေကြားခဲ့ပါတယ်။
၎င်းမှဆက်လက်ပြီး အိုင်ယာလန် ပါလီမန်အား လူကြီးမင်းတို့ အားလုံး၏ အကူအညီ အဖေးအမ အရေးကြီးလိုအပ်ကြောင်း ၊ ဒီသူပုန်များဟာ ခရစ်ယာန် ကလေးငယ်များ ကို လည်း လည်လှီးသတ်ဖို့လည်း ဝန်မလေးကြကြောင်း ၊ဥရောပ အာဏာပိုင်များ အနေဖြင့် ငြိမ်ချမ်းရေး ၊ ပြေငြိမ်းရေးကို လိုလားလျှင် ဆီးရီးယား နိုင်ငံသို့သွားပြီး ဆီးရီးယား သမ္မတ အဆဒ် နှင့်တွေ့ဆုံ စကားဆိုသင့်ကြောင်း ပြီးမှ ဆုံးဖြတ်ချက်ချသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
=================================
251 /end