အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒီချုပ်အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးအဆင့် ခန့်အပ်ခံရသော ဒုတိယမြောက် စစ်အစိုးရခေတ် သံအမတ်ကြီးဟောင်းဖြစ်
ဦးသောင်းထွန်း (ဓာတ်ပုံ − အေအက်ဖ်ပီ)
ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် သံအမတ်ဟောင်းဦးသောင်း ထွန်းအား သမ္မတက ပြည်ထောင်စု ၀န်ကြီးအဆင့်ခန့်အပ်၍ တာဝန်ပေးခဲ့ သည်။
သမ္မတနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ကို ပြည်တွင်း၊ ပြည်ပအန္တရာယ်များ နှင့်စပ်လျဉ်း၍ မဟာဗျူဟာရှုထောင့်မှ လေ့လာသုံးသပ်အကြံပြုနိုင်ရန် ယင်းရာ ထူး ခန့်အပ်တာဝန်ပေးအပ်ခြင်းဖြစ် ကြောင်း ဇန်န၀ါရီ ၁၁ ရက်တွင်ထုတ်ပြန် သော ဇန်န၀ါရီ ၁၀ ရက်စွဲပါ သမ္မတဦး ထင်ကျော်၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်ခံ ရသူ ဦးသောင်းထွန်းသည်အငြိမ်း စား သံအမတ်ကြီး တစ်ဦးဖြစ် သည်။
၎င်းသည် မြန်မာနိုင်ငံ မ ဟာဗျူဟာနှင့် နိုင်ငံတကာ လေ့ လာရေးအဖွဲ့ (MISIS) ၏ အ တွင်းရေးမှူးလည်းဖြစ်ခဲ့သည်။ ယခုရာထူးမခန့်အပ်မီ ဇန်န၀ါရီ ၆ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် MISIS အဖွဲ့တွေ့ဆုံခဲ့သည်။
ဦီး သောင်းထွန်းသည် ဒီချုပ်အစိုးရ လက်ထက်တွင် ပြည်ထောင်စု ၀န်ကြီးအဆင့် ခန့်အပ်ခြင်းခံရ သော ဒုတိယမြောက် စစ်အစိုးရ ခေတ် သံအမတ်ကြီးဟောင်းဖြစ် လာသည်။
‘‘အရပ်သားအစိုးရအနေနဲ့ အမျိုးသားလုံခြုံရေးကိစ္စတွေကို အကူအညီပေးနိုင်တဲ့ လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကို ခန့်အပ်တာ သင့်တော်တဲ့ကိစ္စပါ။ တကယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ အခြေအနေက လုံခြုံရေးပြဿနာ တွေများပြီး ရှုပ်လည်းရှုပ်ထွေး တယ်။ ဒါကြောင့် အမျိုးသားရေး လုံခြုံရေး အကြံပေးအဖွဲ့တောင် လုပ်သင့်တယ်’’ ဟု တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့ အမှု ဆောင်ဒါရိုက်တာ ဦးရဲမျိုးဟိန်းက ပြောသည်။
ဆက်လက်ပြီး ၎င်းက ‘‘တပ် ကတော့ အရင်တုန်းကအမျိုးသား လုံခြုံရေးနယ်ပယ်ကြီးတစ်ခုလုံး က သူတို့လက်ထဲမှာလို့ တွက် ထားတာကိုး။ ဒါပေမဲ့ တကယ် တမ်းအမျိုးသားလုံခြုံရေးလို့ပြော ရင် စီးပွားရေးဆိုင်ရာ လုံခြုံရေး ကနေ သတင်းအချက်အလက် လုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး အထိ အများကြီးရှိတယ်။ ဒီတော့ အရပ်သားအစိုးရအနေနဲ့ဒါမျိုး တွေကို အကြံဉာဏ် အကူအညီ ပေးမယ့်သူ လိုအပ်တယ်။ ဒါမှ အစိုးရအနေနဲ့ အမျိုးသားလုံခြုံ ရေးကိစ္စမှာ တပ်ကိုမှီခိုနေရတာ ကနေ ကိုယ့်ဘာသာရပ်တည်နိုင် တယ်။ ဒီတော့ အရပ်သားအစိုးရ အနေနဲ့ ကိုယ့်စွမ်းရည်ကို ပိုမြှင့် နိုင်မယ်’’ဟုပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကာကွယ်ရေး၊ ပြည် ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာန သုံးခုစလုံးသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လက် အောက်တွင် တိုက်ရိုက်ရှိနေပြီး ဒီ ချုပ်အစိုးရသက်တမ်း ကိုးလတာ အတွင်း ဖြစ်ပွားခဲ့သော ပြဿ နာကြီးများအနက် အများစုမှာ လုံ ခြုံရေးဆိုင်ရာ ကိစ္စရပ်များဖြစ်နေ သည်။
ထို့ကြောင့် ယခု အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်ရာထူးကို ဖန်တီး၍ အရပ် သားအစိုးရနှင့် တပ်မတော်အ ကြား ဆက်သွယ်ရေး လမ်း ကြောင်းတစ်ခုဖောက်ပြီး လုံခြုံ ရေးအထူးပြု ဖြေရှင်းနိုင်မည့် ပုဂ္ဂိုလ်ရှာသည့်သဘောဟု ဆန်း စစ်သုံးသပ်သူလည်းရှိသည်။
သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ အင်အားအကြီးဆုံးကောင်စီ ဖြစ်သည့် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ အစည်းအ ဝေးတက်ရောက်ခွင့်ရှိသူ ၁၁ ဦး စာရင်းတွင် ယခု အသစ်ဖန်တီး ခန့်အပ်လိုက်သော အမျိုးသားလုံ ခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်မ ပါဝင်ပေ။
တကောင်းနိုင်ငံရေး လေ့ လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ တစ်ဦးဖြစ်သည့် ကိုစိုးမြင့်အောင် က ‘‘အရပ်ဘက်-စစ်ဘက် ဆက် ဆံရေးရှုထောင့်က သုံးသပ်ရင် တော့ တိုးတက်မှုရယ်လို့ ပြောလို့ မရဘူး။ လူပုဂ္ဂိုလ်အပိုင်းလည်း ပါလာမယ်။ ဒီမိုကရေစီနည်းလမ်း ကျ အရပ်သားက စစ်သားရဲ့ လေးစားလိုက်နာမှုကို လိုချင် တယ်ဆိုရင်တော့ သင့်မြတ်မှုတစ် ခုတည်းကိုပဲ ကြည့်လို့မရဘူး။ ခန့် အပ်ခံရတဲ့ပုဂ္ဂိုလ်ရဲ့ အရင်ရှိခဲ့ဖူး တဲ့ တပ်နဲ့ဆက်ဆံရေးအင်အား၊ သူ့ရဲ့ စစ်အစိုးရလက်ထက် လုပ် ဆောင်ချက်တွေကို လေ့လာသုံး သပ်ကြည့်မှ အခုရာထူးမှာလည်း သူဘာလုပ်မယ်ဆိုတာကို သိနိုင် မယ်။ ခေါက်ရိုးကျိုး ဗျူရိုကရက် ဟောင်းတွေကို အလုပ်ဖြစ်ရေး အတွက် ကြားလူသဘောမျိုး စဉ်း စားတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အသစ်အဆန်းတွေ ထူးထူးခြား ခြားတွေလည်း ဖြစ်လာမှာမဟုတ် ပါဘူး’’ဟုသုံးသပ်သည်။
ဒီမိုကရေစီနိုင်ငံများတွင် လုံ ခြုံရေးနှင့်ပတ်သက်၍ ဆုံးဖြတ် ချက်ကို အရပ်သားခေါင်းဆောင် ကချမှတ်ပြီး စစ်တပ်က အကြံပေးရုံသာ ပေးနိုင်သည်ကို ၎င်းက ထောက်ပြပြီး ‘‘မြန်မာနိုင်ငံရဲ့ လက်ရှိပုံစံကတော့ တပ်က သူ လုပ်ချင်တာ၊ လုပ်သင့်တယ်ထင် တာကို လုပ်နေမှာပဲ။ အစိုးရက သူ့ကို သွားမထိန်းထားနိုင်ဘူး။ တပ်လုပ်တဲ့ဟာတွေကသာ အ စိုးရအပေါ် ပြန်ဂယက်ရိုက်တာ။ ဒါကြောင့် ဒီရာထူးထွင်ပြီး ဒီလူကို ခန့်အပ်တာက အပေါ်ယံဆက်ဆံ ရေးလမ်းကြောင်းဖွင့်တာ၊ လုံခြုံ ရေးဆိုင်ရာ အစိုးရရဲ့ ၀န်ထုပ် ကို လျှော့ဖို့ ကြိုးစားတာကလွဲရင် အ နှစ်သာရအရ ထူးမခြားနားပဲ။ NLD အစိုးရအနေနဲ့ ဒီကဏ္ဍကို မနိုင်နင်းတဲ့ပုံစံ၊ အားနည်းတဲ့ ပုံစံ လည်းပေါက်တယ်’’ဟု သုံးသပ် သည်။
အကြံပေးပုဂ္ဂိုလ်၏ တာဝန် နှင့် လုပ်ပိုင်ခွင့်ကို သမ္မတရုံးထံ ဆက်သွယ်ရေး အသေးစိတ် စုံ စမ်းရာ သမ္မတကြေညာချက်ပါ အပိုဒ်(၁)ကိုသာ ဖြေကြားနိုင် ကြောင်း တုံ့ပြန်မှုရရှိခဲ့သည်။
ထိုအပိုဒ်(၁)၌ ပြည်တွင်း၊ ပြည်ပအန္တရာယ်များနှင့်စပ်လျဉ်း ၍ မဟာဗျူဟာရှုထောင့်မှ လေ့ လာသုံးသပ် အကြံပြုနိုင်ရန်ဟူ၍ ပါရှိသောကြောင့် လက်ရှိမြန်မာ နိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေ သော တိုက်ပွဲများ၊ ရခိုင်ပြည်နယ် ပဋိပက္ခ စသည်တို့တွင်လည်း ပါ ၀င်ပတ်သက်နိုင်ကြောင်း သုံးသပ် ကြသည်။ သို့သော် အစောပိုင်း ကာလတွင် ရခိုင်အရေးနှင့်ပတ် သက်၍ နိုင်ငံတကာဇာတ်ခုံ၌ တုံ့ ပြန်ဖြေကြားမည့်သူ ဖြစ်လိမ့်မည် ဟု မျှော်လင့်နေကြသည်။
‘‘ခန့်တဲ့သူက သံတမန်လိုင်း က လာတဲ့သူဆိုတော့ လုံခြုံရေး နဲ့ပတ်သက်ပြီး သံတမန်ရေးရာ ဘက်ကို အာရုံစိုက်ချင်ပုံရတယ်။ လောလောဆယ် ရခိုင်ကိစ္စနဲ့ ကချင်ကိစ္စမှာ UN မှာ ပြစ်တင် ရှုတ်ချခံရဖို့နည်းလာပြီလေ။ US ကလည်း ဒေါ်နယ်ထရန့်က အို ဘားမားလို ဖေးမပါ့မလား မသေ ချာသေးတဲ့ အခြေအနေဆိုတော့ လေ’’ဟု ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခနှင့် တိုင်းရင်းသားရေးရာ သုတေသီ ဦးမောင်မောင်စိုးက သုံးသပ်သည်။
ဦးသောင်းထွန်းသည် ၁၉၇၂ တွင်နိုင်ငံခြားရေးဝန်ကြီး ဌာန၌ စတင်တာဝန်ထမ်းဆောင် ပြီးနောက် ၂၀၁၀ ဧပြီတွင်အငြိမ်း စားယူသည်အထိ နိုင်ငံခြားရေး ၀န်ကြီးဌာန ရုံးချုပ်နှင့် ပြည်ပ သံ ရုံးများတွင် တာဝန်များထမ်း ဆောင်ခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ ဘန်းနှင့် ဂျီနီဗာ၊ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်၊ဖိလစ်ပိုင်နိုင်ငံ မနီလာ၊ အမေရိကန်နိုင်ငံ နယူး ယောက်နှင့် ၀ါရှင်တန်ဒီစီ အစရှိ သည့်နေရာများတွင် သံတမန် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၀၈ မှ ၂၀၁၀ အထိ ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ် တစ်ပြိုင်တည်း ထမ်းဆောင်ခဲ့သည်။
၂၀၀၅ မှ ၂၀၀၈ အထိ ဖိလစ်ပိုင်ဆိုင်ရာ မြန်မာသံအမတ်ဖြစ်ခဲ့သည်။ ၎င်း သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာန၏ နိုင်ငံရေးဆိုင်ရာ ညွှန် ကြားရေးမှူးဖြစ်ခဲ့သလို ၂၀၀၁ မှ ၂၀၀၅ အထိ အာဆီယံအဆင့်မြင့် အရာရှိများ အစည်းအဝေးများ ဆိုင်ရာ မြန်မာကိုယ်စားလှယ်အ ဖွဲ့ခေါင်းဆောင်လည်းဖြစ်ခဲ့သည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အမျိုးသားကော်မရှင် အတွင်းရေးမှူးဟောင်း၊ Myanmar Development Resource Institute (MDRI) ၏ အမှုဆောင်ဒါရိုက်တာဟောင်း ဖြစ်သည်။
၎င်းသည် ရန်ကုန်တက္ကသိုလ် မှ သိပ္ပံဘွဲ့၊ ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ်မှ ပြင်သစ် ဘာသာ ဒီပလိုမာတို့ကို ရရှိထား သည်။
၁၉၈၄ မှ ၁၉၈၅ အထိ ဖူးလ်ဘရိုက်ပညာသင်ဆုနှင့် ၀န် ရှင်တန်ဒီစီရှိ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်၊ နိုင်ငံတကာရေးရာ အဆင့်မြင့် လေ့လာရေးကျောင်း တက်ရောက်ခဲ့ပြီး နိုင်ငံတကာ ပြည်သူ့ရေးရာ မူဝါဒဘာသာရပ် မဟာဘွဲ့ရရှိထားသည်။
၂၀၁၀ မှ ၂၀၁၅ အထိ အရှေ့တောင်အာရှ လေ့လာရေးဌာန- Yusof Ishak Institute တွင် Visting Research Fellow တစ်ဦးဖြစ်သည်။ လတ် တလောတွင် မြန်မာ့ကုန်းတွင်းနှင့် ကမ်းလွန်ရေနံလုပ်ကွက်များ လုပ်ကိုင်ခွင့်ရရှိနေသော ရေနံ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Shell Myanmar Energy Pte Lt ကုမ္ပဏီ၏ အစိုးရဆက်ဆံရေး အကြံပေးအဖြစ် လုပ်ကိုင်နေ သည်။