၂၅ ဇန်နဝါရီ ၂၀၁၇ - ၂၀:၂၆
ပုဂံဘုရားများပေါ်သို့တက်၍ နေ၀င်နေထွက် ကြည့်ရှုခြင်းကို ရေရှည်တွင် ခွင့်မပြုတော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ငလျင်ဒဏ်ကြောင့် ပျက်စီး သွားသော ပုဂံဒေသကို ရှေး ဟောင်းဇုန်အဖြစ် သတ်မှတ်ရာ တွင် ဒေသခံများ သိရှိစေရန် ရှင်းလင်းမှုများပြုလုပ်ရမည်ဖြစ် ကြောင်းနှင့် ဘုရားများပေါ်သို့ တက်၍ နေ၀င်၊ နေထွက်ကြည့်ရှု မှုကို ရေရှည်တွင် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ငလျင်ဒဏ်ကြောင့် ပျက်စီး သွားသော ပုဂံဒေသကို ရှေး ဟောင်းဇုန်အဖြစ် သတ်မှတ်ရာ တွင် ဒေသခံများ သိရှိစေရန် ရှင်းလင်းမှုများပြုလုပ်ရမည်ဖြစ် ကြောင်းနှင့် ဘုရားများပေါ်သို့ တက်၍ နေ၀င်၊ နေထွက်ကြည့်ရှု မှုကို ရေရှည်တွင် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

ဇန်န၀ါရီ ၂၄ ရက်က ပုဂံမြို့ သို့ ရောက်ရှိလာသော ဒေါ် အောင်ဆန်းစုကြည်က ငလျင် ဒဏ်ကြောင့် ပျက်စီးသွားသည့် စေတီပုထိုးများနှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

‘‘ရှေးဟောင်းအမွေအနှစ်ကို ထိန်းသိမ်းတယ်ဆိုရင် ဘာ ကြောင့်မို့ ထိန်းသိမ်းတယ်ဆိုတာ ကို မေးရပါမယ်။ ပညာပေးအရ ဆိုရင်တော့ အရင်တုန်းက ပုံစံလို ဖြစ်အောင် လုပ်ရပါမယ်။ အခု ခေတ်ပြည်သူတွေဟာ အရင်တုန်းက ဒါမျိုးတွေရှိခဲ့တယ်ဆိုတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပိုပြီးတော့ ခမ်းနား အောင်လုပ်တယ်ဆိုတာ သမိုင်း အရ မှန်ကန်တဲ့ တစ်နည်းဟာ ဖြင့် မဖျောက်ဖျက်ရာရောက်ပါ တယ်။ သမိုင်းကို အမှန်အတိုင်းသိ နိုင်မှ ကျွန်မတို့ အမှန်အတိုင်းလုပ် နိုင်မှာဖြစ်ပါတယ်။ ပုဂံဟာ ကျွန်မတို့ရဲ့ အမွေအနှစ်ဆိုပေ မယ့် အခုလက်ရှိကျွန်မတို့တွေရဲ့ ဘ၀နဲ့ ဆက်နွှယ်နေတယ်ဆိုတာ ကို အများနားလည်နိုင်မှာဖြစ်ပါ တယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

ပုဂံဒေသသည် တစ်ကမ္ဘာ လုံးက သိရှိသည့်အတွက် ဂုဏ် ယူစရာကောင်းကြောင်း၊ ပုဂံဒေ သ၏ နေ၀င်နေထွက်အလှမှာ အခြားဒေသများနှင့် ခြားနားစွာ လှပသော်လည်း ရေရှည်တွင် ဘုရားများကို ပျက်စီးစေသည့် အတွက် နေ၀င်နေထွက်ကြည့်ရှု မှုကို ခွင့်ပြုနိုင်မည်မဟုတ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

‘‘နေ၀င်နေထွက်ဆည်းဆာ အလှပေါ့နော်။ အဲဒါကို ခရီးသွား တွေက စိတ်ဝင်စားတာ ကျွန်မ နားလည်ပါတယ်။ ပုဂံရဲ့ နေ၀င် နေထွက်နဲ့ တခြားဒေသနေ၀င်နေ ထွက်ဟာ ခြားနားပါတယ်။ အ များကြီးတွေ့ခဲ့ဖူးပါတယ်။ ပုဂံက အများကြီးပိုလှပါတယ်။ ဒါပေမဲ့ နေ၀င်နေထွက်ကြည့်ဖို့ ဘုရားတွေပေါ်တက်ကြည့်တာ ကျွန်မတို့ရဲ့ ဘုရားတွေကို ပျက်စီးစေ တယ်။ ရေရှည်မှာတော့ ဆက်ပြီးကြည့်လို့ခွင့်ပြုနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး တော့ ရှေးဟောင်းထိန်းသိမ်းရေး အမြင်နဲ့ ကြည့်ပြီးတော့ မသင့် တော်ဘူးလို့ မြင်တာလည်း ရှိမှာပါ။ ဒါကြောင့် ကျွန်မတို့နှစ်ဖက် အမြင်ကို ကြည့်ဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ရေရှည်အကျိုးကို ကြည့်ဖို့ လိုအပ်ပါတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

ထို့အပြင် ပုဂံဒေသကို ရှေးဟောင်းဇုန်များအဖြစ် သတ်မှတ်ရာတွင်လည်း အဆောတလျင်မလုပ်ကြရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့သည်။

‘‘ဇုန်တွေ သတ်မှတ်တဲ့နေ ရာမှာ ကျွန်မတို့ ဒေသခံပြည်သူ လူထုနားလည်အောင်၊ လက်ခံ အောင်လုပ်မှသာ အောင်မြင်မှာ ဖြစ်ပါတယ်။ လက်ခံနိုင်အောင် ရှင်းပြရမှာပါ။ ကျွန်မတို့ လူမျိုး ဟာ စဉ်းစားဉာဏ်၊ ဆင်ခြင်ဉာဏ်ရှိပါတယ်။ သေသေချာချာရှင်းပြ လို့ရှိရင် အားလုံအတွက် အ ကောင်းဆုံးဖြစ်မယ့် အဖြေရမယ် လို့ ယုံကြည်ပါတယ်။ ဒါကြောင့် မို့လို့ ဘာပဲလုပ်လုပ် ပြည်သူလူ ထုကို ဘာဖြစ်လို့ လုပ်တယ်ဆို တာကို ရှင်းပြဖို့ တာဝန်ရှိပါ တယ်။ ဒါဟာ အစိုးရပိုင်းမှာလည်းတာဝန်ရှိပါတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် မင်္ဂလာစေတီ၊ စေတနာကြီး၊ စိုးမင်းကြီးနှင့် ဂူ ပြောက်ကြီး ဘုရားများကို သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပုဂံမြို့သို့ အလည်အပတ် ရောက်ရှိနေသော ဘူတန်ဘုရင် ၏ ဒွေးတော်၊ သမီးတော်နှင့် မြေး တော်တို့နှင့်အတူ အာနန္ဒာဘုရား သို့ သွားရောက်ဖူးမြော်ခဲ့ပြီး ပုဂံ မြို့ရှိ သဲပန်းချီနှင့် ပန်းပုဆိုင်များ သို့လည်း သွားရောက်ကြည့်ရှုခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့(ဇန်န၀ါရီ ၂၅ ရက်) တွင် ပခုက္ကူမြို့သို့ သွားရောက် မည်ဖြစ်ပြီး ကျည်းရွာသို့ သွား ရောက်ကာ ဒေသခံများနှင့် တွေ့ ဆုံမည်ဖြစ်သည်။

===================  
251 / End