ကျမ်းတော်မြတ်ကုရ်အာန်နှင့်စွန္နတ်တော်အပေါ်အမြင်။
ဒုတိယကိစ္စအဖြစ် ကျွန်ုပ်တို့အား ဆန့်ကျင်သူ၊ အယူသည်းသူများက အဟ်လေ့ဘိုက်(အ.စ)၏ နောက်လိုက်များအား အကြောင်းပြ ဆန့်ကျင်သည်ကား သကိုက်ယာ (تقيّه)ဖြစ်ပေသည်။
ပြောကြသည်မှာ အဘယ်ကြောင့် အသင်တို့ သကိုက်ယာ လုပ်ရတာ လဲ?၊ သကိုက်ယာဟာ အရေခြုံမှု အမျိုးအစားမှ တစ်ခုမဟုတ်ပါလော? ၎င်းတို့က
ဤကိစ္စအား ဟရာမ်၊ ဂိုနာယေကဗီးရာ။ ထို့ထက်ပို၍ပင် ပုံကြီးချဲ့ နေကြ သည်။
ကျမ်းတော်မြတ်ကုရ်အာန်၌ အထူးသတ်မှတ်ချက် စည်းမျဉ်းများနှင့်အတူ သကိုက်ယာနှင့်ပတ်သက်၍ အာယတ်တော် မြောက်များစွာ ရှင်းလင်းလာရှိပေ သည်။
၎င်း(စွန်န္နီ)တို့၏ ကျမ်းကိုးကျမ်းကားများ၌လည်း ဤအဓိပ္ပာယ်ကို ဆောင်သော ရီဝါယတ်တော်များလာရှိပေသည်။ အသိဉာဏ်ကလည်း ရှင်းလင်း
သော အမိန့်ပေးနေသည်မှာ သကိုက်ယာကို ၎င်း၏စည်းကမ်းချက်များနှင့် တကွ လက်ခံရန်ဖြစ်ပေသည်။ ၎င်း(စွန်န္နီ)တို့အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဘဝ၌
သကိုယ်ယာနှင့်ပတ်သက်ပြီး အတွေ့အကြုံ ရှိကြသည်။ ထို့အပြင် လက်တွေ့ လည်း ကျင့်သုံးကြပါသည်။
ဤကိစ္စကို ရှင်းပြရန်အတွက် အချို့အချက်အလက်များကို မီးမောင်း ထိုးပြဖို့ လိုပေသည်။
၁။သကိုက်ယာဆိုသည်မှာအဘယ်နည်း?
သကိုက်ယာဆိုသည်မှာ မနုဿလူသားသည် မိမိ၏ ဘာသာရေး ကိုးကွယ် ယုံကြည်မှုအား၊ အယူသည်း၊ ခေါင်းမာ၍ မိမိအား အသက်အန္တရာယ် ပြုနိုင်သူ
များအားမသိအောင် ဖုံးကွယ်ခြင်းကို ဆိုလိုပါသည်။ ဥပမာအားဖြင့် အလ္လာဟ်တစ်ပါးတည်းကိုသာ လက်ခံယုံကြည်သော မွတ်စလင်တစ်ဦးအနေဖြင့်
အယူသည်း၊ ရန်လိုတတ်သော ရုပ်ထုဆင်းထုကိုးကွယ်သူ အုပ်စုတစ်စုထံ၌ ပိတ်မိသွားပြီး တစ်ပါးတည်းသော အရှင်ကိုလက်ခံကြောင်းနှင့် အစ္စလာမ်
ဘာသာဝင်ဖြစ်ကြောင်း ထုတ်ဖော်သည့်အခါ၊ ၎င်းတို့အနေဖြင့် သွေးမြေကျအောင်လုပ်နိုင် ပေသည်၊ သို့မဟုတ် ကြီးမားသော ဆုံးရှုံးမှု အသက်၊ ပစ္စည်းဥစ္စာ၊
အမျိုးသမီး၊ သိက္ခာကို ထိခိုက်နိုင်ပေသည်။ ထိုအခါမျိုး၌ မွတ်စလင် တစ်ဦးသည် ၎င်းတို့၏ အန္တရာယ်မှလွတ်မြောက်ရန် မိမိ၏ အတွင်းယုံကြည်မှုကို ကွယ်ဝှက် ဖုံးကွယ်ရပေမည်။
သို့မဟုတ် မွတ်စလင်ရှီအာတစ်ဦး လူသူကင်းမဲ့သည့် နေရာ၌ ရှီအာအား သတ်လျှင် အပြစ်မရှိဟု လက်ခံထားသော အယူသည်း၊ တစ်ယူသန်
ဝဟာဘီ တစ်ယောက်၏ အချုပ်အနှောင်ခံရချိန်၊ ပိတ်မိနေချိန်၌ မိမိ၏ အသက်၊ ပစ္စည်း ဥစ္စာ၊ အမျိုးသမီး၊ သိက္ခာကို မထိခိုက်စေရန် အလို့ငှာ
မိမိ၏ ယုံကြည်မှုအား ထိုသူမသိအောင် ကွယ်ဝှက်ခြင်းဖြစ်ပေသည်။
အသိဉာဏ်ရှိသူတိုင်း အတွက် ဤလုပ်ရပ်ဟာ လုံးဝဒဿနကျကြောင်း၊ သဘာဝကျကြောင်း ထောက်ခံ အတည်ပြုပေမည်။ မိမိ၏အသက်ကိုအယူသည်း၊
တစ်ယူသန်၊ အစွန်းရောက်သူများအတွက် အသုံးချရန် အသိဉာဏ်သည် လုံးဝ ခွင့်ပြုမည် မဟုတ်ချေ။ (အခွင့်အရေးရလျှင် ပြန်လည် လက်စားချေနိုင်သော ကြောင့် ဖြစ်ပေသည်။)
၂။သကိုယ်ယာနှင့်အရေခြုံမှုကွာခြားပုံ။
အရေခြုံမှုဟာ သကိုက်ယာ၏ ဆန့်ကျင်ဘက် ဖြစ်ပေသည်။ အရေခြုံ ဆိုသည်မှာ မိမိ၏အတွင်း၌ အစ္စလာမ်ဥပဒေများအပေါ် အယုံအကြည်မထားသူ၊
သို့မဟုတ် လက်မခံသူ၊ သို့မဟုတ် ဇဝေဇဝါဖြစ်သူဖြစ်၏။ သို့သော် မွတ်စလင်များ အကြား အစ္စလာမ်ကို လက်ခံကြောင်း ကြေငြာ၏။ ကျွန်တော်တို့ ပြောသော
သကိုက်ယာဆိုသည်မှာ အတွင်း၌ စစ်မှန်သော အစ္စလာမ်ယုံကြည်မှုထားရှိခြင်း ကို ခေါ်ဆိုပါသည်။
သို့သော်မိမိမှအပ အားလုံးသော မွတ်စ်စလင်လူထုကြီးအား ကာဖေရ်ဟု လက်ခံထားသော အယူသည်း၊ အစွန်းရောက် ဝဟာဘီအချို့သည်
ဤအချက်ကို လက်မခံပေ။ ၎င်း(သကိုက်ယာလုပ်သူများ)အတွက် အတားအဆီး လုပ်ကြ၊ ကြိမ်းမောင်း ကြပေသည်။ နေရာတိုင်း၌ မိမိ၏ အသက်၊
ပစ္စည်းဥစ္စာ၊ အမျိုးသမီး အား အယူသည်း၊ တယူသန်၊ ရန်လို၊ ရန်ကြီးတတ်သည်အုပ်စုမှ လွတ်မြောက်ရန် သက်ဝင်ယုံကြည်သူ အီမာန်ရှင်
တစ်ယောက်သည် မိမိ၏ သက်ဝင်ယုံကြည်မှုကို ထုတ်ဖော်ပြမည် မဟုတ်ချေ။ ဤအရာသည် သကိုက်ယာ ဖြစ်ပေသည်။ အရေခြုံမှု၏ ဆန့်ကျင်ဘက်ဖြစ်ပေသည်။
၃။ သကိုက်ယာ အသိဉာဏ် ဆင်ခြင်တုံတရား၏ ချိန်ခွင်အရ။
အမှန်တကယ်တော့ သကိုက်ယာဟာ ကာကွယ်ပေးတဲ့ဒိုင်း တစ်ခုပါပဲ။ ဤအတွက်ကြောင့် ကျွန်ုပ်တို့ ရီဝါယတ်တော်များ၌ «تُرس المُؤمن»အဓိပ္ပာယ်က
အီမာန်ရှင်တို့၏ ဒိုင်းဟု ကျော်ကြားပေသည်။
မည်သည့် စဉ်းစားနိုင်သော ဆင်ခြင်တုံတရားရှိသော ဉာဏ်မှ အန္တရာယ်များသူများ၊ ဒဿနနှင့် သဘာဝမကျသူများအရှေ့၌ မိမိ၏ အတွင်း သက်ဝင်ယုံကြည်မှုအား
ဖွင့်ဟ ပြသရန် ခွင့်ပေးလိုက်မည် မဟုတ်ချေ။ မိမိ၏ အသက်၊ ပစ္စည်းဥစ္စာ၊ အမျိုးသမီးအား အန္တရာယ်ရောက်အောင် လုပ်မည် မဟုတ် ချေ။
အကြောင်းသည်ကား အားအင်များ၊ အခွင့်အရေးများကို အကျိုး အမြတ် မရှိဘဲ လက်လွတ်ဆုံးရှုံးခံခြင်းသည် အသိဉာဏ်ရှိသူ၏ လုပ်ရပ်မဟုတ်ချေ။
သကိုက်ယာသည် စစ်မြေပြင်၌ စစ်သားတိုင်း အသုံးပြုရသော ဗျူဟာ တစ်ခုကဲ့သို့ ဖြစ်ပေသည်။ မိမိအား (ရန်သူမမြင်အောင်) သစ်ပင်များ၊
ဥမင်များ၊ ရေကာတာများအကြား ဖုံးကွယ်ခြင်း၊ မိမိတို့၏ စစ်ဝတ်ကို သစ်ပင်၊ သစ်ရွက်များ ၏ အရောင်နှင့်တူအောင် ရွေးချယ်ခြင်းကဲ့သို့ ဖြစ်ပေသည်။
သို့မှသာလျှင် အကြောင်းမဲ့၊ အလွယ်တကူ၊ ကျဆုံးနိုင်မည်မဟုတ်ပေ။
လောကကြီး၏ အသိဉာဏ်ရှင် အားလုံးသည် ခေါင်းမာ၊ကြမ်းတမ်း သောရန်သူများထံမှ မိမိ၏အသက်အား ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ
သကိုက်ယာတည်းဟူသော ဗျူဟာကို အသုံးပြုကြရ၏။ ၎င်းအပြင် မည်သူမဆို ဤနည်းလမ်းကို အသုံးပြုပါက လုံးဝကဲ့ရဲ့ရှုတ်ချလိမ့်မည် မဟုတ်ပေ။
လောကကြီး တစ်ခုလုံးတွင် အခက်အခဲကျရောက်ချိန်၌် သကိုက်ယာကိုအသုံးပြုဖို့ သဘောမတူ သူဟူ၍ တစ်ဦးတစ်ယောက်မျှ ရှာတွေ့မည်မဟုတ်ချေ။
၎။။ကျမ်းတော်မြတ်ကုရ်အာန်က ဖော်ပြထားသော သကိုက်ယာ။
ကျမ်းတော်မြတ်ကုရ်အာန်တွင် ကာဖေရ်များ၊ ဆန့်ကျင်ဘက် (ရန်သူ) များနှင့် ရင်ဆိုင်ရာ၌ သကိုက်ယာကို အသုံးပြုခွင့်ရှိကြောင်း
ဖော်ပြထားသော အာယတ်တော် အမြောက်အများ လာရှိပေသည်။ သာဓကအားဖြင့်-
(က)မိုမင် အာလေဖေရ်အောင် )ဖေရ်အောင်၏ဆွေမျိုးသားချင်းမိုမင်တစ်
ယောက်) ၏အဖြစ်အပျက်ကိုတင်ပြပါမည်။
أَنْ يَقُولَ رَبِّى اللهُ وَقَدْ جَاءَكُمْ مُّؤْمِنٌ مِّنْ آلِ فِرْعَوْنَ يَكْتُمُ إِيمَانَهُ أَتَقْتُلُونَ رَجُلا ( وَقَالَ رَجُلٌ بِالْبَيِّنَاتِ... )
မိုမင်အာလေဖေရ်အောင် အတွင်းမှ အီမာန်ရှင်တစ်ဦးသည် မိမိ၏အီမာန် (ဟဇရတ်(သ)မူဆာ(အ.စ) (ရှာရီအတ်အရ)အား ဖုံးကွယ်ထား၏။
ပြောကြား သည်မှာ အသင်အနေဖြင့် ကျွန်ုပ်၏ မွေးမြူဖန်ဆင်းတော်မူသော အရှင်သည် အလ္လာဟ်ဟို အရှင်မြတ်ဖြစ်ပါသည်ဟု ပြောဆိုနေသူ၊
အကြင်သူအား သတ်ရန် ရည်ရွယ်ပါ သလား၊ အမှန်တကယ် ၎င်းထံ၌ မိုအ်ဂျေဇာနှင့် ရှင်းလင်း ပြတ်သား သော အထောက်အထား သက်သေများရှိပေသည်။
ထို့နောက် ဆက်လက်ပြောကြားသည်မှာ ၎င်းကိုသူ့အခြေအနေနှင့် သူသာ နေပါစေ။ အကယ်၍ လိမ်လည်၊ မုသားဆိုပါက၊ မုသား၏ မကောင်းမှု
အကျိုးဆက်ကို ခံရပေမည်။ အကယ်၍ အမှန်အတိုင်းပြောဆိုကာ ထိုသူအနေဖြင့် အသိပေး၊ နှိုးဆော်နေသော လူအချို့ကို အလ္လာဟ်အရှင်မြတ်ထံမှ
အပြစ်ဒဏ်များ သည် အသင့်တို့ထံရောက်ရှိလာပေမည်။
ဤသို့ဖြင့် မိုမင်နေအာလေ ဖေရ်အောင်သည် ဤသကိုက်ယာကိုသာ အသုံးပြုကာ အလ္လာဟ်အရှင်မြတ်၏ တမန်တော်မူစာ(အ.စ) လုပ်ကြံရန် အစီအစဉ်
ဆွဲထားသော အစွန်းရောက်၊ အယူသည်းသူ အုပ်စုအား အရေးကြီး သော ဆုံးမသြဝါဒတော် ပေးခဲ့လေ၏။
(ခ) ကျမ်းတော်မြတ်ကုရ်အာန်၏ တစ်နေရာ၌ ဖော်ပြထားသော ရှင်းလင်းပြတ်သား သည့် အမိန့် တစ်ခုကိုတင်ပြပါမည်။
)لا يَتَّخِذِ الْمُؤْمِنُونَ الْكَافِرِينَ أَوْلِيَاءَ مِنْ دُونِ الْمُؤْمِنِينَ وَمَنْ يَفْعَلْ ذَلِكَ فَلَيْسَ مِنَ اللَّهِ فِي شَيْءٍ إِلا أَنْ تَتَّقُوا مِنْهُمْ تُقَاةً ( …
မိုမင်များသည် ကာဖေရ်များကို မိမိတို့၏ မိတ်ဆွေသူငယ်ချင်းများ အဖြစ် မသတ်မှတ် ရပေ။ မည်သူမဆို (မိုမင်)အနေဖြင့် ဤကဲ့သို့ပြုလုပ်မည်ဆိုလျှင်
အလ္လာဟ် အရှင်မြတ်နှင့် မပတ်သက်တော့ချေ။ သို့သော်သကိုက်ယာ လုပ်ခွင့် ရှိပေသည်။
ဤအာယတ်တော်၌ အမှန်တရား(အလ္လာဟ်အရှင်မြတ်)၏ ရန်သူများနှင့် မိတ်ဆွေဖွဲ့ရန် ခြုံငုံ၍ တားမြစ်ပိတ်ပင်တော်မူထားပေသည်။ သို့သော် မိတ်ဆွေမဖွဲ့ ပါက
မွတ်စလင်များအတွက် ဒုက္ခ၊ အန္တရာယ် သက်ရောက်နိုင်သည်ဆိုပါက ကာကွယ်သည့်အနေဖြင့် သကိုက်ယာကို ဒိုင်းအဖြစ် အသုံးပြုခွင့် ရှိပေသည်။
(ဂ)ဟဇရတ်(သ)အမာရ်ရေ ယာဇေရ်(ရ.သွ)၊ ၎င်း၏မိဘနှစ်ပါးနှင့် ပတ်သက်၍ ကုရ်အာန် အကျယ်ဖွင့် သုခမိန်များအားလုံး ရေးသားထားကြသည်မှာ-သုံးဦး
စလုံးသည် အာရပ်မိုရှ်ရေကင်း (အလ္လာဟ်အများကြီး လက်ခံသူ အာရပ်များ)ထံ အဖမ်းခံရလေ၏။ ၎င်းတို့သည်တမန်တော်မြတ်(ဆွ)အား မုန်းတီးကြောင်း
ဖွင့်ဟ ပြောဆိုရန် အကျပ်ကိုင်လေ၏။ ဟဇရတ်(သ)အမာရ်ရေယာဇေရ်(ရ.သွ)၊ ၎င်း၏ မိဘနှစ်ပါးသည် ငြင်းဆန်ခဲ့ရာ ရှဟီးဒ် ဖြစ်သွား ကြကုန်၏။
သို့သော်ဟဇရတ်(သ)အမာရ်ရေယာဇေရ်(ရ.သွ)သည် သကိုက်ယာကို အ သုံးပြုကာ ၎င်းတို့အကြိုက် လိုက်ပြောခဲ့လေ၏။ ထို့နောက် တမန်တော်မြတ်ကြီး (ဆွ)ထံ ငိုယိုပြီးရောက်ရှိလာ၏။
ထိုအချိန်အတွင်း ကျမ်းတော်မြတ်ကုရ်အာန် အာယတ်တော် ကျရောက် လာပေသည်။
)مَنْ كَفَرَ بِاللَّهِ مِنْ بَعْدِ إِيمَانِهِ إِلا مَنْ أُكْرِهَ وَقَلْبُهُ مُطْمَئِنٌّ بِالإيمَانِ ( …
အကြင်သူတစ်ဦးတစ်ယောက်သည် အီမာန်သက်ဝင်ယုံကြည်ပြီး နောက် ကာဖေရ် ဖြစ်သွား၏။ …ကြီးမားသောပြစ်ဒဏ်ရှိပေသည်။
သို့သော် ၎င်း (အလ္လာဟ်ရန်သူ)တို့၏ အနိုင်ခံရမှုနှင့် အတင်းအကျပ်ပြုမှုကြောင့် ဖြစ်ခဲ့ပါက အပြစ်မရှိချေ။
တမန်တော်မြတ်ကြီး(ဆွ)သည် အမာရ်၏မိဘနှစ်ပါးကို ရှဟီးဒ်တော်များ စာရင်း၌ ၀င်ကြောင်းဖြေကြားတော်မူပြီး ၎င်း၏မျက်ရည်များကို
သုတ်ပေး၍ မိန့်တော်မူ၏။ အသင်ပြောတာမှ မဟုတ်ဘဲ။ အကယ်၍ အသင်ကို နောက်တဖန် အတင်းအကျပ်အန္တရာယ်ပေးနိုင်သည်အထိ ပြုလုပ်လာပါက ဤအတိုင်း ပြန်ပြော ပါလေ။
(သကိုက်ယာကိုသုံးပါလေ။)
သဖ်စီးပညာရှင်များ အားလုံးက တစ်ညီတစ်ညွတ်တည်း အထက်ပါ အာယတ်တော် သည်ဟဇရတ်(သ)အမာရ်ရေယာဇေရ်(ရ.သွ)၊ ၎င်း၏ မိဘ နှစ်ပါးနှင့်
ပတ်သက်၍ ကျရောက် လာကြောင်းရေးသားကြသည်။ တမန်တော် မြတ်ကြီး(ဆွ)၏ (ဟဇရတ်(သ)အမာရ်(ရ.သွ)နှင့် ၎င်းမိဘနှစ်ပါးနှင့် ပတ်သက် သော)
အမိန့်သြဝါဒတော် ပြီးနောက် သကိုက်ယာကိစ္စသည် မွတ်စလင်များ အားလုံး လက်ခံသဘောတူရမည့် ကိစ္စဖြစ်သွားလေပြီ။
ခိုင်မာသော ကျမ်းတော်မြတ်ကုရ်အာန်၊ မိုဖေရ်စီးရ်စွန်န္နီသာသနာ ပညာရှင်များ၏ သကိုက်ယာနှင့် ပတ်သက်၍ အထောက်အထား
အကိုးအကား အသေအချာ ရှိနေသည့် ကြားမှ၊ သကိုက်ယာကို လက်ခံ ကျင့်သုံးနေသော ရှီအာများကို သွားပုပ်လေလွင့် ပြောနေကြသည်မှာ
အမှန်တကယ်ပင် အံ့သြစရာ မဟုတ်ပါသလော?
မိုမင်အာလေ ဖေရ်အောင်နှင့် ဟဇရတ်(သ) အမာရ်(ရ.သွ) တို့မှာ မိုနာဖိက် (အရေခြုံ)များမဟုတ်ကြသည့် အပြင် အလ္လာဟ်ဟို အရှင်မြတ်၏
အမိန့်တော် ဖြစ်တော်မူသော သကိုက်ယာဖြင့် မိမိကိုယ်ကိုကာကွယ်ခဲ့ကြသည်။
(၅) အစ္စလာမ်ရီဝါယတ်တော်များ အမြင်၌သကိုက်ယာ
အစ္စလာမ် ရီဝါယတ်တော်များ၌ သကိုက်ယာနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် လာရှိပေသည်။ သာဓကအားဖြင့်တင်ပြရမည်ဆိုလျှင်-
အဟ်လေစွန္နတ်၏ အကျော်အမော် မှန်ကန်ခိုင်လုံသော ကျမ်းစာအုပ်များမှ၊ တစ်အုပ်ဖြစ်သည့် مسند أبى شيبة ဖြစ်ပါသည်။ ၎င်းစာအုပ်၌ မွစ်စလာမာ ဗင်
ကဇာပ်၏ အဖြစ်အပျက်ကို တင်ပြထားပေသည်။
မွစ်စလာမာဗင် ကဇာပ်သည် မိမိ၏နယ်၌ တမန်တော်မြတ်ကြီး(ဆွ)၏ သာဝကတော်ကြီး နှစ်ပါးအား ဖမ်းဆီး၍ ၎င်းသာဝကနှစ်ပါးအား မေးမြန်းလေ၏။
အသင်တို့ ငါဟာ အလ္လာဟ်ဟိုအရှင်မြတ်စေလွတ် တော်မူတမန်တော်ဖြစ်ကြောင်း သဘောတူလက်ခံပါသလား? သာဝကတော်တစ်ပါးသည်
သဘောတူလက်ခံခဲ့ရာ အသက်လွတ်မြောက်သွား၍ ကျန်တစ်ဦးမှသဘောမတူလက်မခံခဲ့ရာ ခေါင်းအဖြတ်ခံ ရလေ၏။`
ဤသတင်း တမန်တော်မြတ်ကြီး(ဆွ)ထံ ရောက်တော်မူသည်အခါ အသတ်ခံရသူသည် စစ်မှန်သောလမ်းစဉ်အရ မှန်ကန်သောခြေလှမ်းကို လှမ်းခဲ့ပြီး ဒုတိယတစ်ဦီးသည်ကား
အလ္လာဟ်ဟိုအရှင်မြတ်၏ အခွင့်အရေးပေးမှုကို သုံးစွဲခဲ့ခြင်းဖြစ်သောကြောင့် အပြစ်(ဂိုနာ)မရှိပေ။ (မှန်ပေသည်။)
အဟ်လေ့ဘိုက်(အ.စ)၏ ဟဒီးတော်များ၌ အထူးသဖြင့် ဗနီးအိုမိုင်ယာ နှင့် ဗနီးအဘာစ်တို့၏ အာဏာလွမ်းမိုးချိန်ခေတ်ကာလရှိ အေမာမ်များအနေဖြင့် မောင်လာအလီ(အ.စ)အား အချစ်ထားသောသူများ(ရှီအာများ)ကို တွေ့သည့် နေရာတိုင်း၌ သတ်ဖြတ်နေသဖြင့် သူတို့၏ စက်ကွင်းမှလွတ်မြောက်ရန် သကိုက်ယာဖြင့်နေထိုင်ဖို့ အမိန့်တော်အမြောက်အများ
ပေးထားကြောင်း တွေ့ရပေသည်။ အကြောင်းသည်ကား မိမိ၏ အသက်ကို ဆိုးသွမ်းမောက်မာ နှိပ်စက်ညှဉ်းပန်း လူသတ်သမား၊ အကြင်နာတရားမဲ့သူများ (အာဏာရှင်များ)
ကာကွယ် စောင့်ရှောက်ဖို့၊ သကိုက်ယာကို ဒိုင်းသဖွယ် အသုံးပြုနေရန် အမိန့် ပေးထားပေသည်။
၆။။သကိုက်ယာသည်သီးသန့် ကာဖေရ်များနှင့်သာ ရင်ဆိုင်ရာ၌ အသုံးပြုရ မည်ဖြစ်ပါလော့။
ကျွန်ုပ်တို့၏ ဆန့်ကျင့်ဘက်အုပ်စုများသည် သကိုက်ယာနှင့် ပတ် သက်၍ အထက်ဖော်ပြပါ ရှင်းလင်းပြတ်သားသော အာယတ်တော်များ၊ ရီဝါယတ်တော်များကို တွေ့ရှိရသည့်
အခါ သကိုက်ယာအား လက်မခံဘဲ မရ ဖြစ်ရပေသည်။ သို့သော် ဆင်ခြေဆင်လက်ပေးသည်မှာ သကိုက်ယာသည် ကာဖရ်များနှင့် ရင်ဆိုင်ရချိန်၌ အသုံးပြုရန် ဖြစ်ပေသည်။
မွတ်စလင်များနှင့် ရင်ဆိုင်ရချိန် အတွက်မဟုတ်ပေ။
အမှန်တကယ် အထက်ဖော်ပြပါ အထောက်အထား အကိုးအကား များကို လေ့လာသုံးသပ် ကြည့်မည်ဆိုလျှင် ဤ(သကိုက်ယာ (ကာဖေရ်၊ မွတ်စလင်)) အကြားမြောက်များစွာ ရှင်းလင်းကွာခြားနေပါသည်။
အကြောင်းသည်ကား-
၁၊ အကယ်၍ သကိုက်ယာ၏ ဆိုလိုချက် အဓိပ္ပာယ်သည် အသက်၊ ပစ္စည်းဥစ္စာ၊ အမျိုးသမီးအား အစွန်းရောက်၊ အယူသည်း၊ အငြိုးအတေးကြီးပြီး အန္တရာယ် ပေးနိုင်သော သူများရန်မှ ကာကွယ်ခြင်းဖြစ်ပါက၊ မသိနားမလည်သော ပညာမဲ့ မွတ်စလင်နှင့်၊ အစွန်းရောက်ကာဖေရ်အကြား ဘာများ ခြားနားပါသနည်း? အကယ်၍အသိပညာနှင့် စဉ်းစားဉာဏ်သည် အသက်၊ ပစ္စည်းဥစ္စာ၊ အမျိုးသမီး အား အကြောင်းမဲ့ စတေးခံရန် ခွင့်ပေးမည် မဟုတ်ဆိုပါက ဤအုပ်စုနှစ်ခု အကြား၌ ဘာများခြားနားပါသနည်း?
ပြင်းထန်သော မသိနားမလည်မှု၊ မှားယွင်းသော မဟုတ်မမှန် သဗ်လီးဂ် များ ကြောင့်ရှီအာအား သတ်ဖြတ်လျှင် အလ္လာဟ်ဟိုအရှင်မြတ်၏ နီးစပ်မှုရရှိ ပေသည်ဟု အယူအဆရှိသူများ၏ သတင်း (အတိအကျ) ကျွန်တော်တို့ထံ ရှိပါသည်။ အကယ်၍ရှီအာ စစ်စစ်၊ မောင်လာအလီ(အ.စ)နှင့် အဟ်လေ့ဘိုက် (အ.စ)၏ နောက်လိုက်အနေဖြင့် ဤကဲ့သို့သော အစွန်းရောက်အုပ်စု လက်ထဲ ရောက်ကာ ပိတ်မိနေချိန်၌ ထိုအုပ်စုမှ၊ ၎င်း(ရှီအာ)အား မင်းရဲ့ မဇ်ဟပ်ဂိုဏ်းဟာ ဘာလဲ?ဟု မေးချိန်၌ ရှီအာဟု ဖြေပါက အစွန်းရောက်မှု၊ လူမဆန်မှု၊ နှိပ်စက် ညှဉ်းပန်းမှု၏ ဓားအောက်မိမိ၏ လည်အား စင်းပေးသကဲ့သို့ ဖြစ်ပေမည်?
အသိဉာဏ်ရှိသူတိုင်း ဤလုပ်ရပ်ကို သဘောတူ လက်ခံမည်လော့?
ဒုတိယနည်းအရ ပြောဆိုရမည်ဆိုလျှင် အာရပ်မိုရှ်ရေကင်း အနေဖြင့် ဟဇရတ်(သ) အမာရ်(ရ.သွ)အား ပြုမူဆက်ဆံခဲ့မှု၊ မွစ်စလာမာရေကဇပ်၏ အုပ်စုအနေဖြင့် တမန်တော်မြတ်ကြီး(ဆွ)၏ သာဝကတော်နှစ်ပါးအား ပြုမူ ဆက်ဆံခဲ့မှု၊ ဗနီအွန်မိုင်ယာနှင့် ဗနီအဘာစ်မင်းဆိုးများအနေဖြင့် ရှီအာ ယာနေ အလီ(အ.စ)က ပြုမူဆက်ဆံခဲ့မှု အခြေအနေရောက်ရှိလာချိန်၌ ရာထောင်ချီ သောအဟ်လေ့ဘိုက်(အ.စ)၏နောက်လိုက်အချစ်တော်စစ်စစ်များ၊ သေကြေ ပျက်စီး၊ မခံရအောင် သကိုက်ယာလုပ်ရန် အမိန့်ပေးခြင်းသည် ဟရမ် ဖြစ်ပါ သလား? ဘာကြောင့်ဆိုတော့ ဒီအာဏာပိုင်တွေဟာ အပြင်ပိုင်း မွတ်စလင် တွေဖြစ်နေလို့ပဲ။
သို့ဖြစ်ပါ၍ အနွယ်တော်မွန် အဟ်လေ့ဘိုက် အေမာမ်(အ.စ)များ သည် သကိုက်ယာနှင့်ပတ်သက်ပြီး မြောက်များစွာ တိုက်တွန်းထားပေ သည်။ နောက်ဆုံး تِسْعَةُ أعْشَارِ الدِّينِ التَّقِيَّةُ၊ သကိုက်ယာသည်ဒီးန်သာသနာ၏ ဆယ်ပိုင်း၌ ကိုးပိုင်းဖြစ်ပေသည်ဟု မိန့်တော်မူထားသည်။
ဗနီအွန်မိုင်ယာနှင့် ဗနီအဘာစ် မင်းဆိုးများ လက်ထက်၌ ယေဘုယျ အားဖြင့် ရာချီ၊ထောင်ချီ၊ သိန်းချီသော ရှီအာမြောက်များစွာသည် အကြင်နာမဲ့၊ ကရုဏာမဲ့၊ ရက်ရက်စက်စက်လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပေသည်။
ဤကဲ့သို့သော အချိန်၌လည်း အနည်းဆုံးအနေဖြင့် သကိုက်ယာကို ကျင့်သုံးရန် စည်းမျဉ်းစည်းကမ်းများ လိုပါသေးသလော။
အဟ်လေစွန္နတ် ဂိုဏ်းကွဲများအနေဖြင့် နှစ်ပေါင်းများစွာ ကျမ်းတော် မြတ်ကုရ်အာန်အား حادث သို့ قديم ဖြစ်ကြောင်းအပြင်းအထန်းငြင်းခုံရာမှာ သွေးမြေ ကျခဲ့ရပေသည်။ (ဤအငြင်းအခုံသည် ယနေ့သုတေသီများအမြင်၌ လုံးဝ အဓိပ္ပာယ်မဲ့သော ငြင်းခုံမှုတစ်ခုဖြစ်ပေသည်။) မိမိကိုလမ်းမှန်ပေါ်၌ ရပ်တည် နေပါသည်ဟု ဆိုသောလူများအနေဖြင့် မိမိတို့၏ဆန့်ကျင်ဘက် အုပ်စုအကြား၌ ပိတ်မိနေချိန်တွင် ၎င်းတို့အနေဖြင့် ယုံကြည်မှုနှင့် ပတ်သက်၍ မေးခွန်း ထုတ်လာ ပါက၊ လုံးဝအမှန်အတိုင်း ကျွန်တော်ယုံကြည်မှုဟာ ဤကဲ့သို့ဖြစ်ပါသည်ဟု ထွက်ဆိုခဲ့ပါလျှင် အသတ်ခံရပေမည်။ အသတ်ခံရမှုသည် အကျိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ။ (သကိုက်ယာမလုပ်မည်လော-)
၂။ ဖခ်ရေရဇီးက အာယတ်တော် إِلاَّ أَنْ تَتَّقُوا مِنْهُمْ تُقَاةً ၏ သဖ်စီရ်အား ပြောကြား သည်မှာ-ဤအာယတ်တော်၏ အပြင်ပိုင်းအရ ကာဖေရ်များ အားသာချိန်၌ သကိုက်ယာပြုရန် မိုဗာဖြစ်ပေသည်။ အပြစ်မရှိပေ။
إلاّ أنّ مذهب الشافعى ـ رض ـ أنّ الحالة بين المسلمين إذا شاكلت الحالة بين المسلمين و المشركين حلّت التقيّة محاماة على النفس
အေမာမ် ရှာဖေအီဂိုဏ်း၏ ခံယူချက်သည်ကား-အကယ်၍ မွတ်စလင်ဂိုဏ်း အချင်းချင်းတစ်ဖွဲ့နှင့် တစ်ဖွဲ့ကာဖေရ်နှင့် မွတ်စလင်များကဲ့သို့ အသက်အန္တရာယ် အထိ စိုးရိမ်လာရချိန်၌ မိမိအသက်အား ထိန်းသိမ်းကာကွယ်ရန်အတွက် သကိုက်ယာ ဟလ္လာဟ် ဖြစ်ပေသည်။
ထို့နောက် ပစ္စည်းဥစ္စာအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် သကိုက်ယာကို အသုံးပြုခွင့် ပေးထားကြောင်း သက်သေအဖြစ် တမန်တော်မြတ်ကြီး(ဆွ) ဟဒီးစ်တော်သည်ကား- حُرْمَة مَال الْمُسْلِمِ كَحُرْمَةِ دَمِهِ ِ မွတ်စလင်များ၏ဥစ္စာပစ္စည်းအား ၎င်းတို့၏ အသက်အား လေးစားမြတ်နိုးသကဲ့သို့ လေးစားမြတ်နိုး ရပေမည်။
ထိုနောက်အခြားဟဒီးစ်တော်တစ်ပါးသည်ကား- مَنْ قُتِلَ دُونَ مَالِهِ فَهُوَ شَهِيدٌ အကြင် မည်သူမဆို မိမိ၏ဥစ္စာပစ္စည်း ထိန်းသိမ်းရန်အတွက် အသက်စတေး လိုက်ရပါက ရှဟီးဒ် ဖြစ်ပေသည်။
သဖ်စီးရေနေရှာပူး အတွင်း သဖ်စီးရေသပ်ရီး၏ မှတ်ချက်၊ ရှင်းလင်းချက်၌ အောက်ပါ အတိုင်းလာရှိပါသည်။
الامام الشافعى تجوز التقية بين المسلمين كما تجوز بين الكافرين محاماة عن النفس : قال
သကိုက်ယာ အသက်များကို ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် မွတ်စလင်များ အကြား၌လည်း ကာဖေရ်နှင့် မွတ်စလင်များအကြား သုံးသကဲ့သို့ အသုံးပြု နိုင်ပါသည်။
၃။ စိတ်ဝင်စားဖွယ် ကောင်းသည်မှာ-ဗနီးအဘာစ် လက်ထက်၌ ကျမ်းတော်မြတ် ကုရ်အာန်အား قديم ဟု လက်ခံ ထားသော စွန္နီဟဒီးစ်ပါရဂူအချို့သည် မိမိ အသက်များကို လွတ်ငြိမ်းခွင့်ရရန်အလို့ငှာ သကိုက်ယာကို အသုံးပြု၍ ကုရ်အာန် အား حادث ဗနီးအဘာစ်အာဏာရှင်များအား လျောက်ခဲ့ကြသော အချက် ပင်တည်း။
ကျော်ကြားသော သမိုင်းဆရာ အဗ်နေစအ်ဒ်၏ طبقات အမည်ရှိစာအုပ်၌ ၎င်းအခြားကျော်ကြားသောသမိုင်းဆရာ၊ သဗ်ရီးအနေဖြင့်မိမိ၏ သမိုင်းစာအုပ် အတွင်းပါ စာနှစ်ဆောင်အား လမ်းညွန်ပြမည်။ မာမူး(န)အနေဖြင့် ဘဂ္ဂဒက် ရဲအုပ်အစ်ဟက်ဗင်အီးဗရာဟီးမ်ဆီရေးပို့ထားသောစာ နှစ်ဆောင် ဖြစ်ပါသည်။
ပထမစာအကြောင်းကို အဗ်နေစအ်ဒ် ရေးသားသည်မှာ-မာမူး(န)က ရဲအုပ်အစ်ဟက်ထံ ရေးသားသည်မှာ ဟဒီးစ်ပါရဂူ ခုနစ်ပါး (မိုဟမ္မဒ်ဗင် စအ်ဒ်ကာသစ်(ပ)ဝါကဒီး-အဘူမွစ်စလင်-ရာဟ်ရာဗင်မိုအီး(န)-ဇိုဟိုင်းဗင်ဟရ်(ဗ)-အစ်မာအီးလ်ဗင်ဒါဝီးဒ်-အစ်မာအီးလ်ဗင်အဘီးမစ်အူးဒ်-အဟ်မဒ်ဗင် အလ်ဒူရ်ဝရ်ဂီး)တို့ကို ကျွန်ုပ်ထံ လုံလုံခြုံခြုံဖြင့် ပို့ပေးပါ။
မာမူး(န)ထံ ရောက်ရှိလာချိန်၌ ၎င်းတို့အား စစ်ဆေးသည့်အခါ ကုရ်အာန်နှင့် ပတ်သက်၍ အသင်တို့အနေဖြင့် မည်ကဲ့သို့လက်ခံယုံကြည် ထားပါ သနည်း?ဟု မေးမြန်းလေ၏။
အားလုံးက အဖြေပေးသည်မှာ ကုရ်အာန်အား حادث အဖြင့်လက်ခံထား ပါသည်။ (အမှန်တကယ်တွင် ဟဒီးစ်ပါရဂူများ အကြား၌ ကျမ်းတော်မြတ်ကုရ် အာန် အား قديم အဖြင့်လက်ခံထားမှုသည် ကျော်ကြားပေသည်။)
မှန်လေစွ၊ ၎င်းတို့သည် မာမူး(န)၏ ကြီးမားသော အပြစ်ပေးမှုကို ခံရမည် စိုးရိမ်၍ ကာသကိုက်ယာကို အသုံးပြုပြီး ကုရ်အာန်အား حادث အဖြစ် လက်ခံ ကြောင်း ဝန်ခံကာ အသက်ချမ်းသာ ရကြခဲ့ကြပေသည်။
ဒုတိယမာမူး(န)စာကို သဗ်ရီးက တင်ပြထားသည်မှာ-
၎င်းစာသည်လည်းပဲ ဘဂ္ဂဒ်ရဲအုပ်ထံ ရေးထားခြင်း ဖြစ်ပါသည်။ ဤကဲသို့ ဖြစ်ပေ သည်။ မာမူး(န)စာရဲအုပ်ထံ ရောက်ရှိသည်အခါ ၂၆ပါးခန့် ရှိသော ဟဒီးစ်ပါရဂူ များကို စုစည်းပြီးမာမူး(န)၏စာကို ဖတ်ပြလေ၏။
ထို့နောက် တစ်ဦးချင်းဆီမှ ကျမ်းတော်မြတ် ကုရ်အာန်နှင့် ပတ်သက်၍ ယုံကြည် ချက်ကို မေးမြန်းလေ၏။ လေးပါးသော ဟဒီးစ်ပါရဂူများမှ အပအားလုံးက ကျမ်းတော်မြတ် ကုရ်အာန်သည် حادث ဖြစ်ပါသည်ဟု (သ ကိုက်ယာကို အသုံးပြု၍ အသက် ချမ်းသာခွင့်ရခဲ့ လေသည်။)
(သကိုက်ယာမပြု၍) ဝန်မခံခဲ့သော လေးပါးသည်ကား အဟ်မဒ်ဗင် ဟန်ဗဲလ် -စဂျသေဟ် -အလ်ကိုဝါရီးရီး -မိုဟမ္မဒ်ဗင်နူးရ် ဖြစ်ပေ၏။ ရဲအုပ်သည် ၎င်းတို့အား သံကြိုးများဖြင့် ချည်နှောင်ကာ ထောင်ချရန် အမိန့်ပေးလေသည်။
ဒုတိယမြောက်ရက်၌ မေးခွန်းဟောင်းကို ပြန်မေးရာ စဂျသေဟ် က ကျမ်းတော်မြတ် ကုရ်အာန်သည် حادث ဖြစ်ကြောင်း ဝန်ခံခဲ့၍ လွတ်မြောက်ခဲ့ပြီး ကျန်ပုဂ္ဂိုလ်များမှာ ထပ်မံ ငြင်းဆိုခဲ့ရာ ထောင်ထဲဝင်ရပြန်လေ၏။
နောက်ရက်၌ ၎င်းသုံးယောက်အား ပြန်မေးရာ အလ်ကိုဝါရီးက ဝန်ခံခဲ့၍ လွတ်မြောက်ခဲ့ပြီး ကျန်နှစ်ခု အဟ်မဒ်ဗင်ဟန်ဗဲလ်နှင့် မိုဟမ္မဒ်ဗင်နူးရ်တို့မှာ ငြင်းဆန်ဆဲမို့ ရဲအုပ်က ၎င်းတို့နှစ်ဦးအား သာရ်သူးစ်မြို့သို့ပြည်နှင် ဒဏ်ပေးခဲ့ လေသည်။
ဤအဖွဲ့အား အချို့က သကိုက်ယာပြုလုပ်ခဲ့သဖြင့် စောဒကတက်ရာ ၎င်းတို့အနေဖြင့် ဂျနာဗေအမာရ်(ရ.သွ)အနေဖြင့် ကာဖေရ်များ ရှေ့တော်မှောက်၌ သကိုက်ယာကို အသုံးပြုခဲ့ကြောင်းကို သက်သေအဖြစ် တင်ပြလေသည်။
ဤအကြောင်းအရာများ အားလုံးသည် မနုဿလူသားများ အနေဖြင့် နှိပ်စက် ညှဉ်းပန်းသူများ၏ အပြင်းအထန် ပိတ်ပင်မှုနှင့် ရင်ဆိုင်ရချိန်တွင် လွတ်ငြိမ်း ချမ်းသာခွင့်ရနိုင်သော တစ်ခုတည်းသောလမ်းသည် သကိုက်ယာ ဖြစ်ကြောင်း မီးမောင်းထိုးပြနေပါသည်။ ရင်ဆိုင်ရချိန်၌် ကာဖေရ်ဖြစ်ပါစေ၊ မွတ်စလင်ဖြစ်ပါစေ သကိုက်ယာလုပ်နိုင်ခွင့် ရှိကြောင်း ဂရုပြုရပေမည်။
၇။၊ဟရမ်သကိုက်ယာ
အချို့နေရာများ၌ သကိုက်ယာပြုလုပ်ရန် ဟရမ်ဖြစ်ပေသည်။ အကယ်၍ တစ်ဦးတစ်ယောက် (သို့)အုပ်စုတစ်အုပ်စုအနေဖြင့် သကိုက်ယာပြုလုပ်မည်၊ ဒါမှ မဟုတ် မိမိတို့၏ ဘာသာရေးယုံကြည်မှုကို ဖုံးကွယ်မည်ဆိုပါက အစ္စလာမ့် အရင်း အမြစ်အတွက် အန္တရာယ်ကျရောက်မည်၊ မွတ်စလင်များအတွက် အကြီးအကျယ် ထိခိုက်ဆုံးရှုံးမှုကိုကြုံရမည် ဆိုသည့်အခါ၌ သကိုက်ယာ လုပ်လျှင် ဟရမ်ဖြစ်ပေ သည်။ ဤအချိန်၌ မလွဲမသွေယုံကြည်မှု အစစ်အမှန်ကို ထုတ်ပြရပေမည်။ ၎င်းနောက် မိမိအတွက် အန္တရာယ် ဆုံးရှုံးမှုပင်ဖြစ်ပါစေ။
မိမိကိုယ် မိမိသေကြောင်းကြံခြင်း၊ ပျက်စီးခြင်း မကောင်းသည် လုပ်ရပ် إلقاء النفس إلى التهلكة ဟုယူဆကာ ကျမ်းတော်မြတ် ကုရ်အာန်မှ တိုက်ရိုက် တားမြစ် ကာ မိန့်တော်မူထားသော بِأَيْدِيكُمْ إِلَى التَّهْلُكَةِ وَلاَ تُلْقُوا ဖြစ်သည်ဟု တွေးလိုက်ပါက အမှားအယွင်းကြီးပင် ဖြစ်နေပေသည်။
အကြောင်းသည်ကား ဤကဲ့သို့မှတ်ယူပါက သာသနာအတွက် စစ်ပွဲ ဆင်နွှဲခြင်းသည်လည်း ဟရမ်ဖြစ်ဖို့ အခြေအနေသို့ မဖြစ်မနေ ရောက်လာပေမည်။ ဤကဲ့သို့ အသိဉာဏ်ရှိသူ မည်သူမျှ ဤသို့စကားဆိုမည် မဟုတ်ချေ။
ဤနေရာ၌ အေမာမ်ဟိုစိုင်း(န)ဗင် အလီအဗ်နေ အဘီသာလစ်(ဗ)(အ.စ)သည် ယဇီးဒ်(လ.န)အား တော်လှန်တိုက်ခိုက်ခဲ့မှုသည် လုံးဝ သာသနာ့ သမိုင်းပေး တာဝန် တစ်ခုဖြစ်ကြောင်း ရှင်းလင်းပြတ်သားပေသည်။
အေမာမ်(အ.စ)သည် ယဇီးဒ်(လ.န)၏ နောက်လိုက်များနှင့် အစ္စလာမ့် အာဏာအား မတရားအတင်းယူထားသော သူများအတွက် နောက်ဆုံး သကိုက်ယာကို အသုံးပြုခဲ့ပါက၊ အစ္စလာမ်အတွက် ပြင်းထန်းသောဆုံးရှုံးမှုနှင့် ရင်ဆိုင်ရပေလိမ့်မည်။ သို့ဖြစ်ပါ အေမာမ်(အ.စ) တော်လှန်ရေးနှင့် ရှဟာဒတ်(သ) သည် မွတ်စလင်များ နိုးကြား တက်ကြွလာစေပြီး အစ္စလာမ် သာသနာ့အား အမှောင်ဘဝမှ ဆွဲထုတ်နိုင်ခဲ့ခြင်းဖြစ်ပေသည်။
၈။။ သကိုယ်ယာအေမိုသာရာယီ (تقيّه مدارايى)
ဤသကိုက်ယာသည် သကိုက်ယာများမှ၊ တစ်မျိုးဖြစ်ပေသည်။ မွတ်စ လင်များအနေဖြင့် အချင်းချင်း အခြေခံ သာသနာအုတ်မြစ်နှင့် ဂိုဏ်းကိုမထိ ခိုက်စေဘဲ စည်းလုံးမှုကို ဖြစ်စေသော အရာများ၌ သကိုက်ယာကို အသုံးပြု ပေးခြင်း ဖြစ်ပါသည်။ ဥပမာ အဟ်လေ့ဘိုက်(အ.စ)၏ နောက်လိုက်များ အနေ ဖြင့် ကော်ဇော်အခင်းပေါ်၌ စဂ်ျသာပြုလုပ်ခွင့် မရှိကြောင်း လက်ခံ ယုံကြည် ထားပေ သည်။ မလွဲမသွေ ကျောက်နှင့် မြေထွက်ပစ္စည်းများပေါ်၌သာ စဂ်ျသာ ပြုခွင့် ရှိပေသည်။
သက်သေအဖြစ် တမန်တော်မြတ်ကြီး(ဆွ)၏ ကျော်ကြားသည့် အောက်ဖော်ပြပါ ဟဒီးစ်တော်အား လက်ခံကြပေသည်။ (ဟဒီးစ်တော်သည်ကား-
جُعِلَتْ لِىَ الاْرْضُ مَسْجِداً وَطَهُوراً မြေကြီးအား ကျွန်ုပ်(မိုဟမ္မဒ်(ဆွ)) အတွက် မက်စ်ဂျစ် အဖြစ်လည်းကောင်း၊ သယမ်မွမ် ပြုလုပ်ရာ၌ ဝစီလာအဖြစ်လည်းကောင်း သုံးနိုင်ရန် သတ်မှတ်ပေးထားသည်။
မွတ်စလင်များ အချင်းချင်း စည်းရုံးရေးအတွက် မွတ်စလင်ဗလီများ (သို့) မက်စ်ဂျစ်ဒွလ် ဟရမ် နှင့်မက်စ်ဂျစ်ဒွလ်နဘီ၌ နမာဇ်ဆောက်တည်သည့် အခါတွင် ဗလီ၏ ကော်ဇော်အခင်းနှင့် ၎င်းကဲ့သို့အရာများပေါ်၌ စဂ်ျသာပြုရပေမည်။
ဤကဲ့သို့သော နမာဇ်သည် ဝတ်ပြုခွင့်ရှိပြီး ကျွန်တော်တို့အကီသာ ယုံကြည်မှု အရ မှန်ကန်ပေသည်။ ဤသည်ကိုပင် သကိုယ်ယာအေမိုသာရ်ရာယား ဟု ခေါ်ဆိုပါသည်။
ခေါ်ဆိုရသည့် အကြောင်းသည်ကား အသက်၊ ဥစ္စာပစ္စည်းအတွက် စိုးရိမ်စရာ မလိုဘဲ၊ အခြား အစ္စလာမ်ဂိုဏ်းကွဲများနှင့် ပျော့ပျော့ပြောင်းပြောင်း ချမ်းငြိမ်းစွာ ဆက်ဆံရေး ပြေလည်ရန်အတွက်သာ သတိပြုပေးရသောကြောင့် ဖြစ်ပေသည်။ သကိုယ်ယာ အကြောင်းကို သာသနာသုခမိန်ကြီးတစ်ပါး၏ တရားဓမ္မဖြင့် တစ်ခုဖြင့် အဆုံးသတ်ပါမည်။
ရှီအာသာသနာ သုခမိန်ပညာရှင်တစ်ပါးသည် ဂျာမေအဇ်ဟဲရ် အီဂျစ်မှ ပညာရှင်တစ်ပါးနှင့် တွေ့ဆုံရာ ရှီအာသုခမိန်ပညာရှင်အား အရှက်ကွဲစေလိုသော ဆန္ဒဖြင့် မေးမြန်းလေ၏။
ခင်ဗျားတို့ သကိုက်ယာလုပ်တယ်လို့ ကြားရတယ် ဟုတ်ပါသလား။?
ရှီအာသုခမိန်ပညာရှင်က ပြန်လည်အဖြေပေးသည်မှာ-
لعن الله من حملنا على التقيّة
အလ္လာဟ်အရှင်မြတ်သခင် ကျွန်ုပ်တို့(ရှီအာများ)ကို သကိုက်ယာ မလုပ်မနေရ အခြေအနေ အထိသို့ ရောက်အောင်လုပ်သူ မည်သူမဆိုအား လအ်နတ်လုပ် ပါလေ။
===========================
251/ End