၂၂ ဖေဖော်ဝါရီ ၂၀၁၇ - ၀၇:၄၂
ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ မတ်လ ၁ ရက်တွင် တွေ့ဆုံဆွေးနွေးမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များ မတ်လ ၁ ရက်တွင် တွေ့ဆုံ၍ NCA ရေးထိုးနိုင်ရန် အဆိုပြုထားသည့်အချက်များ ဆွေးနွေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များ မတ်လ ၁ ရက်တွင် တွေ့ဆုံ၍ NCA ရေးထိုးနိုင်ရန် အဆိုပြုထားသည့်အချက်များ ဆွေးနွေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်တွေ့ဆုံရန် အစိုးရဘက် က ဖိတ်ကြားမှုနှင့် ပတ်သက်၍ မတ်လ ၁ ရက်တွင် တွေ့ဆုံရန် ပြန်ကြားခဲ့ပြီး အစိုးရဘက်ကလည်း သဘောတူခဲ့ကြောင်း UNFC တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်ကပြောကြားသည်။


နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် UNFC ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းဆောင်များ ဦးဆောင်သည့်အဖွဲ့ တွေ့ဆုံရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ရေးထိုးနိုင်ရန် UNFC က အဆိုပြုထားသည့် အချက်ကိုးချက်ကို အဓိကဆွေးနွေးမည်ဖြစ်သည်။

‘‘အချက်ကိုးချက် ပြေလည် ရင် အရာအားလုံး အခုသွားနေတဲ့ ဖြစ်စဉ်တစ်ခုလုံးက အဆင်ပြေ မယ်ပေါ့။ ဒါကြောင့် ကျွန်တော်တို့ အဆိုပြုထားတဲ့ အချက်ကိုးချက်အပေါ် အခြေခံပြီးတော့ ဆွေးနွေး မယ့်သဘောရှိပါတယ်’’ဟု ဦးထွန်းဇော်ကပြောသည်။

UNFC က အဆိုပြုထားသည့် အချက်ကိုးချက်တွင် NCA ရေး ထိုးပြီး ၂၄ နာရီအတွင်း အစိုးရကတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ကြောင်း ကြေညာပေးရန်၊ ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းများ ပိုမိုခိုင်မာစေရန်၊ နိုင်ငံတကာက ပိုမိုပါဝင်လာစေရန် စသည့်အချက် များ ပါဝင်သည်။

 UNFC ခေါင်းဆောင်များ သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံပြီးနောက် ငြိမ်း ချမ်းရေးကော်မရှင်နှင့် ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း သ တင်းရရှိသည်။ UNFC တွင် NCA ရေးထိုးထားခြင်း မရှိသေးသည့် အဖွဲ့ခုနစ်ဖွဲ့ပါဝင်ပြီး ဥက္ကဋ္ဌသည် ကေအိုင်အိုဖြစ်သည်။

===================
251/End