အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်၊ မတ် ၃ ။ ။ ရန်ကုန်မြို့အတွင်း တန်ဖိုးသင့်အိမ်ရာများ အကောင်အထည်ဖော်ရေးတွင် Surbana Jurong က နည်းပညာဆိုင်ရာအကြံဥာဏ်များကို ထောက်ပံ့ပေးသွားမည်ဟု သိရသည်။
ထိုသို့ နည်းပညာဆိုင်ရာ ထောက်ပံ့မှုပြုလုပ်နိုင်ရန်အတွက် မတ်လ ၃ရက်က ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း(MCEA) နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။
“စစချင်းကတော့ ရန်ကုန်မှာ အိမ်ရာတွေဆောက်တဲ့အပိုင်းမှာ MCEA အတွက် Surbana Jurong က နည်းပညာပိုင်းဆိုင်ရာ အကြံဥာဏ်တွေပေးသွားမယ်။ ရန်ကုန်ပြီးသွားရင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြစ်သွားမယ်။ လောလောဆယ်တော့ ရန်ကုန်မှာလဲ ပရောဂျက်တွေရှိနေတဲ့အတွက် အချိန်တိုအတွင်း အိမ်ရာတွေ မြန်မြန်ပြီးအောင် နည်းပညာပိုင်းဆိုင်ရာ အကြံဥာဏ်တွေပေးသွားမယ်။” ဟု Surbana Jurong မှ International CEO Mr.Teo Eng Cheong က မဇ္ဈိမကို ပြောသည်။
Surbana Jurong ဆိုသည်မှာ စင်ကာပူနိုင်ငံတွင်အခြေစိုက်သည့် အာရှအခြေစိုက် မြို့ပြတည်ဆောက်မှု စက်မှုလုပ်ငန်းနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံဈေးကွက်သို့ ဖြန့်ကျက်လာသည်မှာ လေးနှစ်ခန့်ရှိနေပြီး ကြီးမားသည့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် နည်းပညာနှင့်ဗိသုကာဆိုင်ရာအကြံဥာဏ်များ ပေးခဲ့သည်။
===================
251/End
ရန်ကုန်မြို့တွင်း တန်ဖိုးသင့်အိမ်ရာ အကောင်အထည်ဖော်ရေးတွင် Surbana Juroung က နည်းပညာပိုင်းဆိုင်ရာ အကြံဥာဏ်များပေးမည်
၃ မတ် ၂၀၁၇ - ၁၈:၀၅
News ID: 815416
ရန်ကုန်၊ မတ် ၃ ။ ။ ရန်ကုန်မြို့အတွင်း တန်ဖိုးသင့်အိမ်ရာများ အကောင်အထည်ဖော်ရေးတွင် Surbana Jurong က နည်းပညာဆိုင်ရာအကြံဥာဏ်များကို ထောက်ပံ့ပေးသွားမည်ဟု သိရသည်။