အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်တို့ရဲ့ နှစ်သစ်ကူးမင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲနဲ့ သက်ကြီးပူဇော်ပွဲအခမ်းအနားကို ဒီကနေ့ မနက်က ရန်ကုန်တိုင်း သုံးခွမြို့နယ်ရှိ မဟာအတုလဝေယံ သာသနာ့ဗိမာန်မှာ ကျင်းပသွားပါတယ်။
သက်ကြီးပူဇော်ပွဲမှာ အသက် ၈၀ အရွယ် အဘိုးအို၊ အဘွားအိုတွေကို ပူဇော်ကန်တော့ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း အပါအဝင် အစိုးရတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူပွဲ အခမ်းအနားကို ဧပြီ ၁၇ ရက်ကလည်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်မှာလည်း ကျင်းပခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ အဆင့်မြင့်ဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
===================
251/End
၁၉ ဧပြီ ၂၀၁၇ - ၁၉:၁၄
News ID: 824842