အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရ ခြင်းသည် အကျိုးရှိပြီး နှစ်ဖက်ယုံ ကြည်မှုတည်ဆောက်ရေး၊ ဆွေး နွေးပွဲများဖြစ်ပေါ်လာရေးတို့အ တွက် လမ်းကြောင်းစတင်ခြင်း ဖြစ်ကြောင်း မြောက်ပိုင်းလက် နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ က ပြောသည်။
နေပြည်တော်သို့ ရောက်ရှိ နေသော မြောက်ပိုင်းလက်နက် ကိုင်ခုနစ်ဖွဲ့အနက် UWSA၊ မိုင်း လားလက်နက်ကိုင်အဖွဲ့ (NDAA)၊ ကချင်လက်နက်ကိုင်အဖွဲ့(KIA)၊ ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP) တို့ပါဝင်သောအဖွဲ့လေးဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က မေလ ၂၆ ရက် နေ့လယ်တွင် ၎င်း၏ နေအိမ်၌ တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့သည်။ ထို့နောက် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့် လက်နက်ကိုင် အဖွဲ့ (MNDAA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) အဖွဲ့သုံးဖွဲ့ကို ၎င်း၏ နေအိမ်၌ပင် နာရီဝက်ခန့်ကြာ ဆက်လက်တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုများ မပြုလုပ်မီ ဒေါ်အောင်ဆန်းစုကြည်က ကေအိုင်အို ဒုဥက္ကဋ္ဌနှင့် ဇနီးကို နေ့လယ်စာ ဖိတ်ကျွေးခဲ့ကြောင်း နီးစပ်သူများကဆိုသော်လည်း တရားဝင်အတည်ပြုချက်မရခဲ့ပေ။
‘‘အကျိုးရှိပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ အထူးသဖြင့် ကျွန်တော်တို့ PSLF/TNLA နဲ့ပဲ ဖြစ်ဖြစ် မြောက်ပိုင်းက အဖွဲ့တွေ နဲ့ပဲဖြစ်ဖြစ်၊ လအတန်ကြာပေါ့ လေ။ ပိတ်ဆို့နေတဲ့ တွေ့ဆုံဆွေး နွေးမှုက တာဝန်ရှိတဲ့သူအချင်း ချင်းတွေ့ဆုံနိုင်ဖို့ အထူးသဖြင့် အစိုးရဘက်က တွေ့ဆုံနိုင်ဖို့က လမ်းကြောင်း မဖြစ်ပေါ်ခဲ့ဘူး။ အခု ဒါလမ်းကြောင်း စတင်ဖြစ် ပေါ်လာခဲ့ပြီပေါ့။ ဆက်သွားနိုင်ဖို့ ကျွန်တော်တို့ဘက်က မျှော်မှန်းပါ တယ်’’ဟု TNLA ပြောရေးဆိုခွင့် ရှိသူ တာပန်လှက ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် လက်မှတ်ထိုးမည်မ ဟုတ်သော်လည်း တွေ့ဆုံဆွေး နွေးမှုများဖြစ်ပေါ်လာရေး မည်ကဲ့သို့ ဆက်သွယ်ဆောင်ရွက်မည်ဆိုသည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) ပြောရေးဆိုခွင့်ရှိသူ ဦးကျောက်ကော်အမ်းကလည်း ပြောသည်။
တွေ့ဆုံရာတွင် ဒေါ်အောင် ဆန်းစုကြည်က NCA လက်မှတ် ထိုးရန် တိုက်တွန်းမှု ရှိ၊ မရှိ မေး မြန်းရာ ဦးကျောက်ကော်အမ်းက ‘‘သူက မျှော်တော့ မျှော်လင့်တာ ပေါ့။ ဒါပေမဲ့ သူပြောတဲ့ NCA နဲ့ ကျွန်တော်တို့ ပြန်ပြင်ထားတာနဲ့ မတူဘူးပေါ့။ ဒါပေမဲ့ ကျွန်တော် တို့က အရင် NCA တော့ ကျွန် တော်တို့က ထိုးမှာမဟုတ်ဘူး’’ဟု ဘာသာပြန်မှတစ်ဆင့် ပြောကြား သည်။
‘‘နောက်ပိုင်း ဘယ်လိုချိတ် ဆက်ပြီးတော့ ဆက်သွယ်မယ်ဆို တာရှိပါတယ်’’ဟု မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့ပါဝင်သော ကော်မတီ ပြောရေးဆိုခွင့်ရှိသူ လည်းဖြစ်သူ ဦးကျောက်ကော် အမ်းက တွေ့ဆုံမှုတွင် ဆွေးနွေး ခဲ့မှုအခြေအနေကို ပြောပြသည်။
‘‘မိသားစုလို ရင်းရင်းနှီးနှီး ပို ပြီးတော့ ရင်းနှီးအောင်ဆိုပြီးတော့ အိမ်မှာ သွားတွေ့တာ’’ ဟု ဦးကျောက်ကော်အမ်းက တွေ့ဆုံမှုနှင့်ပတ်သက်၍ ရှင်းပြသည်။
ဦးကျောက်ကော်အမ်းက ဆက်လက်၍ ‘‘ဒီတစ်ခေါက် ဒေါ် အောင်ဆန်းစုကြည်က တရုတ် ပြည်သွားတဲ့အချိန်က one Belt One Road ပေါ်လစီကို ဆွေးနွေး တာ။ စီကျင်းပင်နဲ့ တွေ့လိုက် သေးတယ်။ ဒီကြားထဲမှာ သူတို့ က သဘောတူထားတာတွေရှိရင် ရှိမှာပေါ့’’ဟု တရုတ်၏ စီစဉ်မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံညှိနှိုင်းခြင်း ဟုတ်၊ မဟုတ် သတင်းထောက်တစ်ဦး မေးမြန်း မှုကို ပြန်လည်ဖြေကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ များ၏ တွေ့ဆုံမှုတွင် ငြိမ်းချမ်း ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ သမ္မတရုံးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော် ဌေးတို့လည်းပါဝင်ကြောင်း သ တင်းရရှိသည်။ ဒေါ်အောင်ဆန်းစု ကြည်နှင့် မြောက်ပိုင်းလက်နက် ကိုင်အဖွဲ့များတွေ့ဆုံမှုသည် လူ မှုရေးအရ တွေ့ဆုံခြင်းဖြစ်၍ တွေ့ဆုံမှုအခြေအနေများကို ထုတ်ပြန်ပြောဆိုရန်မရှိဟု ဦးဇော်ဌေးက ပြောသည်။
‘‘အခု ဒီကိုရောက်ရှိလာတာ က ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ် စဲနိုင်ဖို့ ကျွန်တော်တို့ဘက်က ယုံ ယုံကြည်ကြည်နဲ့ စတင်ပြီးတော့ ခြေလှမ်းလှမ်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်’’ဟု တာပန်လှက ဆို သည်။
မြန်မာ-တရုတ်နယ်စပ်ရှိ အဆိုပါ လက်နက်ကိုင်ခုနစ်ဖွဲ့သည် လက်ရှိ NCA တွင် ပါဝင်လက်မှတ်မထိုးဘဲ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားသည်။ ယင်းကော်မတီကို UWSA က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ သို့ရာတွင် အစိုးရနှင့်တပ်မတော်က NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးကို ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားပြီး မြောက်ပိုင်းခုနစ်ဖွဲ့၏ ကော်မတီကို လက်ခံတွေ့ဆုံခြင်းမပြုသေးပေ။
မေလ ၂၆ ရက်က ဒေါ် အောင်ဆန်းစုကြည်နှင့် မြောက် ပိုင်းအဖွဲ့များ တွေ့ဆုံခြင်းသည် ကော်မတီ ဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ် သည်။
===================
251/End
၂၇ မေ ၂၀၁၇ - ၁၆:၀၁
News ID: 832320
နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရ ခြင်းသည် အကျိုးရှိပြီး နှစ်ဖက်ယုံ ကြည်မှုတည်ဆောက်ရေး၊ ဆွေး နွေးပွဲများဖြစ်ပေါ်လာရေးတို့အ တွက် လမ်းကြောင်းစတင်ခြင်း ဖြစ်ကြောင်း မြောက်ပိုင်းလက် နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ က ပြောသည်။