အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်ပရောက်မြန်မာ နိုင်ငံသားများ ချီးမြှင့်သည့် ၂၀၁၇ အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ဖောင်တော်ဦး ဘုန်းတော်ကြီးပ ညာသင်ကျောင်းကရရှိကြောင်း သတင်းရရှိသည်။
ယခုအကြိမ်သည် အဋ္ဌမ အကြိမ်မြောက်ဖြစ်၍ ပြည်သူ့ ဂုဏ်ရည်ဆုပေးပွဲကို အမေရိကန် နိုင်ငံ ကော်လိုရာဒိုပြည်နယ်တွင် မေလ ၂၈ ရက်က ပြုလုပ်ခဲ့ကာ ဖောင်တော်ဦးဘုန်းတော်ကြီး ပ ညာသင်ကျောင်းက ဆုရရှိခဲ့သည်။အထူးဆုများကို မြင့်မိုရ်မေတ္တာ Sing le Mother ဂေဟာဦးဆောင်သူ ကိုစိုးထိုက်(ဖဒို)နှင့် Save the Library မှ ကိုမောင်မောင်စိုး၊ လျှပ်စစ်အင်ဂျင်နီယာ ကိုအေးကျော်ကျော်တို့က ရရှိခဲ့သည်။
ဖောင်တော်ဦးဘုန်းတော် ကြီး ပညာသင်ကျောင်းသည် မန္တလေးတိုင်းဒေသကြီး အောင် မြေသာစံမြို့နယ်တွင် တည်ရှိ၍ ဦးဆောင်သူသည် ဘုန်းတော်ကြီး အရှင်နာယကဖြစ်သည်။ ဖောင် တော်ဦးကျောင်းသည် တွဲဖက်အ ထက်တန်းကျောင်း ဖြစ်ကာ ကျောင်းသား၊ကျောင်းသူ ၈,၀၀၀ ကျော်ကို အခမဲ့ပညာသင်ပေးနေ သည့် ဘုန်းတော်ကြီးပညာသင် ကျောင်းဖြစ်သည်။
အထူးဆုရရှိခဲ့သည့် ကို စိုးထိုက်(ဖဒို)သည် မြင့်မိုရ်မေတ္တာ ဂေဟာတည်ထောင်၍ လိင်မှုရေး ရာ ပညာပေးရေးနှင့် Single Mother များကို ကလေးမွေးနိုင်ရန် ကူညီဆောင်ရွက်ပေးနေသည်။ Save the Library မှ ကိုမောင် မောင်စိုးသည် စာကြည့်တိုက် များကွန်ရက်တည်ထောင်၍ နိုင်ငံ တစ်ဝန်း စာကြည့်တိုက်များဖွံ့ဖြိုး အောင် လုပ်ဆောင်နေသည်။ ထို့အပြင် လျှပ်စစ်အန္တရာယ်ကင်း ရှင်းရေးဆောင်ရွက်နေသည့် အင် ဂျင်နီယာကိုအေးကျော်ကျော်ကို အထူးဆုများချီးမြှင့်ခဲ့သည်။
ဆုများကို ဆန်ခါတင် ၃၇ ဦးထဲမှ ပြည်သူ့ဂုဏ်ရည်ဆုနှင့် အထူးဆုသုံးဆု ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်လာတစ်သောင်းနှင့် အထူးဆု များကို ဒေါ်လာတစ်ထောင်ချီး မြှင့်ခဲ့သည်။
၂၀၁၆ တွင် ပြည်သူ့ဂုဏ် ရည်ဆုကို ရှမ်းပြည်နယ်ပင်းတယ မြို့မှ ဒေါက်တာသန်းမင်းထွဋ်က ရရှိခဲ့၍ ၂၀၁၅ ၌ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂများအ ဖွဲ့ချုပ်ခေါင်းဆောင် မဖြိုးဖြိုး အောင်က ရရှိခဲ့သည်။
===================
251/End
၃၀ မေ ၂၀၁၇ - ၁၈:၂၂
News ID: 833089
ပြည်ပရောက်မြန်မာ နိုင်ငံသားများ ချီးမြှင့်သည့် ၂၀၁၇ အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ဖောင်တော်ဦး ဘုန်းတော်ကြီးပ ညာသင်ကျောင်းကရရှိကြောင်း သတင်းရရှိသည်။