၂၅ ဇွန် ၂၀၁၇ - ၁၈:၃၆
ပုဒ်မ ၆၆ (ဃ)ကို အပြီးတိုင် ဖျက်သိမ်းပေးရန် အရပ်ဖက်အဖွဲ့အစည်းများပူးပေါင်းတောင်းဆို

ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)ကို ဖျက်သိမ်းပေးဖို့နဲ့ ဆက်သွယ်ရေးဥပဒေကို ပြန်လည်ဆန်းစစ်ဖို့ အစိုးရနဲ့ လွှတ်တော်ကို အရပ်ဖက်အဖွဲ့အစည်း ၂၂ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ)ဖျက်သိမ်းရေးလှုပ်ရှားမှု ပူးပေါင်းအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)ကို ဖျက်သိမ်းပေးဖို့နဲ့ ဆက်သွယ်ရေးဥပဒေကို ပြန်လည်ဆန်းစစ်ဖို့  အစိုးရနဲ့ လွှတ်တော်ကို အရပ်ဖက်အဖွဲ့အစည်း ၂၂ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ)ဖျက်သိမ်းရေးလှုပ်ရှားမှု ပူးပေါင်းအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အသရေဖျက်မှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ အွန်လိုင်းပေါ်မှာ ပြောဆိုရေးသားတာတွေကို ဖမ်းဆီးအရေးယူမှုတွေ လက်ရှိ အစိုးရ လက်ထက်မှာ သိသိသာသာတိုးလာပြီး လူ့ရပိုင်ခွင့်တွေ ထိခိုက်လာတာကြောင့် ဇွန် ၂၄ ရက်က ပူးတွဲကြေညာချက်ထုတ် ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)ကို အပြီးတိုင် ပယ်ဖျက်ဖို့၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံတွေအပေါ်ထိခိုက်စေတဲ့ ဆက်သွယ်ရေးဥပဒေပါ တခြားပုဒ်မတွေကို ပြန်သုံးသပ်ပြင်ဆင်ဖို့နဲ့ ပြင်ဆင်မှု အဆင့်တိုင်းမှာ ပြည်သူလူထု ပါဝင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့  အစိုးရနဲ့ လွှတ်တော်ကို တောင်းဆိုထားပါတယ်။

ပူးပေါင်းတောင်းဆိုတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေထဲမှာ MJA၊ MJN၊ MJU၊ BNI၊ PEN Myanmar  စတဲ့ သတင်းမီဒီယာနဲ့ စာပေအဖွဲ့အစည်းတွေ၊  ဒီမိုကရေစီနဲ့ လူ့ခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့တွေနဲ့ ဥပဒေရေးရာနဲ့ လူငယ်ဖွဲ့တွေပူးပေါင်းပါဝင်ပါတယ်။

=====================
251/ End