၂၆ ဇွန် ၂၀၁၇ - ၁၇:၅၅
အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်ပြတိုက်သို့ ဒုသမ္မတဦးမြင့်ဆွေ လာရောက်ကြည့်ရှု

နှစ်(၇၀)ပြည့် အာဇာ နည်နေ့ အခမ်းအနားကျင်းပနိုင် ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားမှုများကို ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဇွန်လ ၂၅ ရက်တွင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သမ္မတရုံးသတင်းထုတ်ပြန်ချက်အရ သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နှစ်(၇၀)ပြည့် အာဇာ နည်နေ့ အခမ်းအနားကျင်းပနိုင် ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားမှုများကို ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဇွန်လ ၂၅ ရက်တွင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သမ္မတရုံးသတင်းထုတ်ပြန်ချက်အရ သိရသည်။

အာဇာနည်နေ့အခမ်းအနား တွင် အာဇာနည်ဗိမာန်အတွင်း အာဇာနည်ခေါင်းဆောင်ကြီးများ ၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဖြစ်ရပ်များကို Graphic Borad များဖြင့် ပြသရန်စီစဉ်ထား ပြီး အာဇာနည်ဗိမာန်အဆင်းလှေ ကားကို တိုးချဲ့ပြင်ဆင်မွမ်းမံထား မှုနှင့် အာဇာနည်ဗိမာန်ပရိဝုဏ် အတွင်း ကြိုတင်ပြင်ဆင်ထားမှု များကို ဒုတိယသမ္မတက ကြည့် ရှုခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်တွင် နှစ်(၇၀) ပြည့် အာဇာနည်နေ့အခမ်းအနား အတွက် ဗိုလ်ချုပ်အောင်ဆန်းပုံ တူ ဆီလီကွန်ရုပ်တုပြသထားမှု၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါး ဓာတ်ပုံများ၊ အသုံးအဆောင် ပစ္စည်းများပြသရန် စီစဉ်ဆောင် ရွက်ထားမှုတို့ကို ကြည့်ရှုစစ်  ဆေးခဲ့သည်။ ထို့နောက် ဗိုလ်တ ထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်များရုံး)သို့ သွား ရောက်ပြီး လွတ်လပ်ရေးရသည့် နေ့တွင် ယူနီယံဂျက်အလံကို ဖြုတ်ချ၍ မြန်မာနိုင်ငံတော်အလံကို ပြန်လည်လွှင့်တင်သည့် အလံ တိုင်နေရာနှင့် အာဇာနည်ခေါင်း ဆောင်ကြီးများ၏ သမိုင်းဝင် မော် ကွန်းကျောက်စာတိုင်နှင့် မြက်ခင်း ပြင်၌ နှစ်(၇၀)ပြည့် အာဇာနည် နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအ မှတ်အဖြစ် နိုင်ငံတော်အလံကို တိုင်ဝက်သို့ လွှင့်ထူမည့် အစီအ စဉ်၊ တိုင်းပြုပြည်ပြုလွှတ်တော် ကျင်းပရာနေရာ၊ ဗိုလ်ချုပ်အောင် ဆန်းနှင့်တကွ အာဇာနည်ခေါင်း ဆောင်ကြီးများကျဆုံးရာ အစည်း အဝေးခန်းမ ပြင်ဆင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဒုသမ္မတနှင့်အတူ ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ အ တွင်းရေးမှူး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တိုင်းဒေသ ကြီးဝန်ကြီးများ၊ ကော်မတီဝင်များက လှည့်လည်ကြည့်ရှုခဲ့သည်။

=====================
251/ End