အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အိမ်အကူမိန်းကလေး နှစ်ဦးကို နှိပ်စက်မှုနှင့်ပတ်သက် ၍ စွပ်စွဲခံရသူ အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်ခြောက်ဦးအနက် မိ ခင်ဖြစ်သူ ဒေါ်တင်သူဇာနှင့် သား ကြီးဦးတင်မင်းလတ်တို့ကို ဇူလိုင် ၁၃ ရက်တွင် စတင်စစ်ဆေးခဲ့ သည်။
၎င်းတို့သည် ကျောက်တံတား မြို့နယ်၏ မြို့မျက်နှာဖုံးများဖြစ် ပြီး သားဖြစ်သူမှာလည်း နိုင်ငံ ရပ်ခြားမှ ဘွဲ့ရရှိထားသည့် ပညာ တတ်ဖြစ်၍ လူကုန်ကူးသည်ဆို သည့် စွပ်စွဲချက်များသည် မဟုတ် မှန်ကြောင်း ရုံးထုတ်စစ်ဆေးမှု တွင် ဒေါ်တင်သူဇာက ငြင်းဆို သည်။
ဒေါ်တင်သူဇာထံတွင် အိမ် အကူအလုပ် လုပ်ကိုင်ခဲ့သည့် မသဇင်၏ မျက်လုံးထဲသို့ ငရုတ် သီးမှုန့်ထည့်ခြင်း၊ ခြေထောက်ကို မီးပူဖြင့်ကပ်ခြင်းစသည့် နှိပ်စက် မှု၌ သားဖြစ်သူ ကိုတင်မင်း လတ်က ချုပ်ပေးခြင်းများပြုလုပ် ပါသလားဟု စစ်ဆေးမေးမြန်းမှု အပေါ် ဒေါ်တင်သူဇာက ၎င်းတို့ ယင်းကဲ့သို့ မနှိပ်စက်ကြောင်း ငြင်းဆိုသည်။
၎င်းသည် ကျန်းမာရေး မကောင်းသဖြင့် ထိုကဲ့သို့သော မေးခွန်းများမမေးရန် ဒေါ်တင်သူဇာက ဥပဒေအရာရှိထံ တောင်းဆိုခဲ့သည်။ ဥပဒေအရာရှိက ၎င်း၏တာဝန်အရ မေးမြန်းရခြင်းဖြစ် ကြောင်း ပြောဆိုကာ ဆက်လက် မေးမြန်းခဲ့သည်။
မသဇင်အပေါ်တွင် ‘‘မြေးလို သဘောထားတာပါ’’ ဟု ဒေါ်တင် သူဇာက ဥပဒေအရာရှိအား ထွက်ဆိုခဲ့သည်။
မသဇင်အလုပ်လုပ်၍ အ ဆင်မပြေသည်များ ရှိလျှင်ပင် တုတ်ဖြင့်ရိုက်ခြင်း၊ ဓားနှောင့်ဖြင့် ဦးခေါင်းကို ထုခြင်း၊ ကတ် ကြေးဖြင့် လက်မောင်းကို ထိုး ခြင်း၊ ပေါင်မုန့်လှီးသည့် ဓားဖြင့် ခုတ်ခြင်းများနှင့်ပတ်သက်၍ ဥပ ဒေအရာရှိ၏ မေးမြန်းချက်များ ကို ဒေါ်တင်သူဇာက မဟုတ်ပါဟု ပြန်လည်ဖြေဆိုခဲ့သည်။
မသဇင်နှင့် မစန်းကေခိုင်တို့ ရရှိထားသော အမာရွတ်များသည် လည်း ၎င်းတို့အိမ်သို့ အိမ်အကူ လုပ်ကိုင်ရန် လာရောက်စဉ်က တည်းက ရရှိထားသော အမာ ရွတ်များဖြစ်သည်ဟု ဥပဒေအရာ ရှိ၏ မေးမြန်းချက်များကို ပြန်လည်ဖြေဆိုသည်။
မသဇင်နှင့် မစန်းကေခိုင်တို့ သည် အင်းဝအပ်ချုပ်ဆိုင်မိသား စုဝင်များက ၎င်းတို့ကို နှိပ်စက် သည်ဟု ပြောဆိုရခြင်းများမှာ ၎င်းတို့၏ မိဘများကို လူကုန်ကူး မှုဖြင့်အမှုဖွင့်ခံရမည်ကို ကြောက် ရွံ့၍ ပြောဆိုခြင်းဖြစ်မည်ဟု ထင် ကြောင်း ဒေါ်တင်သူဇာက ရုံး တော်တွင် ထွက်ဆိုသည်။
အိမ်အကူများအတွက် လုပ် အားခကို လာယူသည့်အခါတိုင်း ပေးကြောင်းနှင့် ၎င်း၏ သမီးဖြစ် သူမသီရိလတ်၏အိမ်အကူ မတင် တင်ခိုင်သည် တစ်နှစ်အတွက် လုပ်ခလစာယူကာ ရွာပြန်ပြီး နောက် ပြန်လာခြင်းမရှိ၍ ၎င်းတို့ မိသားစုထံတွင် ကျန်ရှိသည့် မသဇင်နှင့် မစန်းကေခိုင်တို့၏ လစာငွေများကိုလည်း လာမယူရဲခြင်းဖြစ်သည်ဟု ဒေါ်တင်သူဇာက ထွက်ဆိုသည်။
မသဇင်အား တစ်လလုပ်ခ တစ်သောင်းကျပ်ပေးခြင်းနှင့် ငါး နှစ်စာလုပ်ခကို ရှစ်သောင်းကျပ် သာပေးသည်ဟု ဥပဒေအရာရှိ မေးမြန်းချက်ကို မဟုတ်ကြောင်း နှင့် တစ်လလုပ်ခကျပ်တစ်သောင်း ခွဲပေးကြောင်း၊ သဇင်အလုပ်လုပ် သည်မှာ ငါးနှစ်ပင်မပြည့်သေး ကြောင်း၊ ရှစ်သောင်းကျပ်ပေး ခြင်းမဟုတ်ဘဲ ရပ်ကွက်ရုံးတွင် ကျပ်တစ်သိန်းနှစ်သောင်း ပေးခဲ့ပါသည်ဟု ဒေါ်တင်သူဇာက ဖြေဆိုသည်။
ကိုတင်မင်းလတ်က ၎င်းတို့ ကို ကျောက်တံတားမြို့နယ်ရဲ စခန်းက ခေါ်မတွေ့မီ သုံးလခန့် က ၎င်းတို့၏အင်းဝအပ်ချုပ်ဆိုင် သို့ လူစိမ်းတစ်ဦးဝင်ရောက်ပြီး ဈေးဝယ်ဟန်ဆောင်၍ ကင်မရာ ထုတ်ကာ လူနှင့်ဆိုင်ခန်းရှိပစ္စည်းများကို ဓာတ်ပုံရိုက်ယူကြောင်း၊ လူ၏ဓာတ်ပုံကို ဆိုင်တွင်ရှိသည့် မသဇင်က ရိုက်ယူထားကြောင်းနှင့် စွပ်စွဲခံရသူများဘက်မှ တရားလွှတ်တော်ရှေ့နေ၏ မေးမြန်းမှုများအပေါ် ဖြေဆိုခဲ့သည်။
ယင်းဓာတ်ပုံကို စွပ်စွဲခံရသူ များဘက်က ခံပြသက်သေခံအ ဖြစ် ရုံးတော်သို့တင်သွင်းရာ တ ရားသူကြီးက ဓာတ်ပုံရိုက်ကူးသူ ကိုယ်တိုင်တင်သွင်းခြင်းမဟုတ်၍ ပယ်ချခဲ့သည်။
ကိုတင်မင်းလတ်ကို စစ် ဆေးမှုမပြီးပြတ်သဖြင့် လာမည့် ဇူလိုင် ၂၀ ရက်တွင် ထပ်မံစစ် ဆေးမည်ဖြစ်သည်။
အင်းဝအပ်ချုပ်ဆိုင်အမှုကို အနောက်ပိုင်းခရိုင်တရားရုံးတွင် စတင်စစ်ဆေးသော ၂၀၁၆ အောက်တိုဘာ ၂၀ ရက်ကတည်း က စစ်ဆေးခဲ့သည့် တရားလိုများ ဘက်မှ ဥပဒေအရာရှိသည်ရာထူး တိုးသွားသဖြင့် ယခုအခါ ဒုခရိုင် ဥပဒေအရာရှိ ဒေါ်ခင်ခင်သက်က စစ်ဆေးပေးသည်မှာ ရုံးချိန်းလေး ချိန်းခန့်ရှိပြီဖြစ်သည်။ ထို့အပြင် စတင်စစ်ဆေးသည့် တရားသူ ကြီးကလည်း သက်ပြည့်ပင်စင်ယူ သွားသဖြင့် ဇွန်လ ၈ ရက်က တည်းက တရားသူကြီးအသစ်က စစ်ဆေးနေသည်။
အင်းဝအပ်ချုပ်ဆိုင်အမှုကို ရုံးထုတ်စစ်ဆေးနေသည်မှာ ရှစ် လကျော်ပြီဖြစ်သည်။
အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ၊ သမီးငယ်ဒေါ်စု မွန်လတ်၊ သားဦးတင်မင်းလတ် နှင့် သမက်ကိုရာဇာထွန်းတို့ကို ကလေးသူငယ်ဆိုင်ရာ ဥပဒေပုဒ် မ ၆၆(ဃ)၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ၂၄/၂၉၊ အပြင်းအထန်နာကျင်စေမှု၊ ချုပ် နှောင်ထားမှုအတွက် ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၂၅/၃၄၄ စုစု ပေါင်းပုဒ်မသုံးခုဖြင့် စွဲချက်တင် ထားသည်။ သမီးကြီးဒေါ်သီရိ လတ်နှင့် ဒေါ်တင်သူဇာ၏ အမျိုး သားဦးကိုလတ်ကို လူကုန်ကူးမှု တွင် အားပေးအားမြှောက်ပြုမှု၊ ပူးပေါင်းကြံစည်မှုပုဒ်မ ၂၄/၂၉/ ၃၂ နှင့် အပြင်းအထန်နာကျင်စေ မှု၌ အားပေးအားမြှောက်ပြုမှု၊ ပူး ပေါင်းကြံစည်မှုပုဒ်မ ၃၂၅/၁၄၄ စုစုပေါင်း ပုဒ်မနှစ်ခုဖြင့် စွဲချက် တင်စစ်ဆေးခြင်းဖြစ်သည်။
စွပ်စွဲခံရသူများဘက်မှ ခံပြ သက်သေအဖြစ် ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ ကိုတင်မင်းလတ်တို့ သုံးဦးအတွက် မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေးကော်မရှင်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့၊ ဗိုလ်မှူးများ၊ ရဲမှူးများစ သည့် ပုဂ္ဂိုလ်ရှစ်ဦးခန့်ကို ရုံးတော် သို့ တင်သွင်းထားကြောင်း စွပ်စွဲခံ ရသူများ၏ အကျိုးတော်ဆောင် တရားလွှတ်တော်ရှေ့နေထံမှ သိ ရသည်။
=====================
251/ End
၁၅ ဇူလိုင် ၂၀၁၇ - ၁၇:၁၄
News ID: 842409
အိမ်အကူမိန်းကလေး နှစ်ဦးကို နှိပ်စက်မှုနှင့်ပတ်သက် ၍ စွပ်စွဲခံရသူ အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်ခြောက်ဦးအနက် မိ ခင်ဖြစ်သူ ဒေါ်တင်သူဇာနှင့် သား ကြီးဦးတင်မင်းလတ်တို့ကို ဇူလိုင် ၁၃ ရက်တွင် စတင်စစ်ဆေးခဲ့ သည်။ ၎င်းတို့သည် ကျောက်တံတား မြို့နယ်၏ မြို့မျက်နှာဖုံးများဖြစ် ပြီး သားဖြစ်သူမှာလည်း နိုင်ငံ ရပ်ခြားမှ ဘွဲ့ရရှိထားသည့် ပညာ တတ်ဖြစ်၍ လူကုန်ကူးသည်ဆို သည့် စွပ်စွဲချက်များသည် မဟုတ် မှန်ကြောင်း ရုံးထုတ်စစ်ဆေးမှု တွင် ဒေါ်တင်သူဇာက ငြင်းဆို သည်။