အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရနုတ်ထွက်ပေးရေး ဟုဆိုပြီး သံဃာအချို့အပါအဝင် အမျိုး သားရေးလှုပ်ရှားသူဟုဆိုသူများက ရန် ကုန်နှင့် မန္တလေးမြို့တို့တွင် ဩဂုတ် ၂ ရက် ညနေက တစ်ပြိုင်နက်တည်း သပိတ်စခန်းဖွင့်၍ အသီးသီးဆန္ဒပြ ခဲ့သည်။
သပိတ်စခန်းနှစ်ခုကို ရန်ကုန်နှင့် မန္တလေးတွင် ယမန်နေ့ညနေ ၅ နာရီ ခန့်က တစ်ပြိုင်တည်း ဖွင့်လှစ်၍ သံဃာ အချို့အပါအဝင် အမျိုးသားရေးလှုပ် ရှားသူ ဆယ်ဂဏန်းက အစိုးရနုတ်ထွက်ပေးရေး ဦးတည်တောင်းဆိုခဲ့ ခြင်းဖြစ်သည်။
ရန်ကုန်သပိတ်
ရန်ကုန်ဆန္ဒပြပွဲတွင် ‘တိုင်းပြည် အကျိုးစီးပွားကို ဆုတ်ယုတ်ပျက်စီး အောင် ဆောင်ရွက်နေသည့် အစိုးရ အား ဆန့်ကျင်သပိတ်မှောက်ပွဲ’ဟု အမည်ပေးကာ ပြီးခဲ့သော မင်္ဂလာ တောင်ညွန့်ပဋိပက္ခဖြစ်စဉ်၌ ဖမ်းဝရမ်း ထုတ်ခံထားရသည့် အမျိုးသားရေး ဆရာတော် ဦးပညာဝံသက ဦးဆောင်၍ ရွှေတိဂုံစေတီအနီး ကြေးသွန်း ဘုရားတွင် သပိတ်စခန်းဖွင့် ဆန္ဒပြနေ ခြင်းဖြစ်သည်။ဩဂုတ် ၂ ရက် ညနေ ၅ နာရီတွင် သံဃာ ၁၀ ပါးနှင့် လူပုဂ္ဂိုလ် ၃၅ ဦးတို့သည် ကြေးသွန်းဘုရား ဝင်ပေါက်မုခ်ဦးကို ပိတ်ဆို့၍ ထိုင်သပိတ်ပြုလုပ်ပြီး ဦးဆောင်သူ ဦးပညာဝံသသည် နှာခေါင်းစည်းနှင့် မျက်မှန်တပ်ကာ ထိုင်လျက်ဆန္ဒပြနေသည်ကို တွေ့ရသည်။ ၎င်းတို့ကို ကြိုးဖြင့်တားပြီး ဗီနိုင်းများချိတ်၍ ခုံတစ်လုံးပေါ်တွင် သပိတ်မှောက်တင်ထားကာ သပိတ်စခန်းဖွင့်ဆန္ဒပြနေခြင်းဖြစ်သည်။
‘အာဏာရှင်အစိုးရ နုတ် ထွက်ပေးရေး ဒို့အရေး၊ ဗုဒ္ဓဘာ သာကို ဖျက်ဆီးသည့် အစိုးရဖြုတ်ချရေး ဒို့အရေး၊ လူမျိုးလိမ်ခိုးဝင် ဘင်္ဂါလီဝင်ရောက်မှုအား အစိုးရ အဆက်ဆက် နိုင်ငံတော်ဘက်မှ မားမားမတ်မတ် ဆန့်ကျင်ရပ် တည်ခဲ့သော်လည်း ယခုအခါ တရားဝင် ဝင်ရောက်ခွင့်ရရှိရေး တံခါးဖွင့် လက်ကမ်းကြိုသည့် အစိုးရအလိုမရှိ’ စသည့်စာသား များပါသည့် ဗီနိုင်းများကို ဆန္ဒပြ သူများ၏ ရှေ့တွင် ချိတ်ဆွဲထား သည်။သပိတ်စခန်းဖွင့် ဆန္ဒပြနေ သည့် သူများကို အပြင်ဘက်မှ ဝန်းရံနေသည့် လူ ၅၀ ခန့်ကလည်း ရေသန့်ဘူးများပေးဝေခြင်း၊ မီး ထွန်းပေးခြင်း စသည်တို့ပြုလုပ် ခဲ့သည်။
ဦးဆောင် ဆန္ဒပြသူများကို မေးမြန်းရန် 7Day Daily သတင်း ထောက်က ခွင့်တောင်းရာ သတင်းမီဒီယာများအား ဖြေကြား မည်မဟုတ်ကြောင်း ပြောသည်။
ယခု သပိတ်မှောက်ပွဲတွင် ပါဝင်သူအချို့သည် အမျိုးသား ရေးနှင့်ပတ်သက်၍ ဆန္ဒပြပွဲမှုများ အကြိမ်ကြိမ်ပြုလုပ်ရာ၌ ပါဝင် သူများဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်က ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့၌ သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီး သူရဦးအောင်ကို အား ဆန့်ကျင်ဆန္ဒပြရာတွင် လည်း ပါဝင်ခဲ့သူများဖြစ်သည်။
ဗဟန်းမြို့နယ် သံဃနာယ ကဆရာတော်များ၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးထိန်စိုး၊ မြို့နယ် စခန်းမှူး ဒုရဲမှူးအေးမင်းသိန်းတို့ က ယခုဆန္ဒပြပွဲသည် ခွင့်ပြုချက် မတင်ထားဘဲ ခွင့်မပြုကြောင်း လာရောက်တားဆီး ပြောဆိုမှုများ ပြုလုပ်သော်လည်း ဆန္ဒပြသူများက လက်မခံခဲ့ပေ။
‘‘ခွင့်ပြုမိန့်လည်း တင်ထား တာ မရှိဘူး။ အခုချိန်ထိတော့ ဖယ် ရှားဖို့ အမိန့်တော့မရသေးဘူး’’ဟု သပိတ်စခန်းကို လာရောက်စောင့် ကြည့်နေသည့် ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၂ ရက်ညက သပိတ်စခန်း အနီးတွင် ပြောသည်။
အဆိုပါ သပိတ်စခန်းရှေ့ တွင် ရဲတပ်ရင်း (၉)မှ ရဲတပ်ဖွဲ့ ဝင်များအပါအဝင် ရဲအင်အား ၂၀၀ ခန့် လုံခြုံရေးချထားပြီး ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဝင်းနိုင်ကိုယ်တိုင် လာရောက် စောင့်ကြည့်ခဲ့သည်ကို တွေ့ရ သည်။ သပိတ်စခန်းဖွင့်ဆန္ဒပြနေ မှုနှင့်ပတ်သက်ပြီး ရဲမှူးချုပ်ဝင်း နိုင်ကို 7Day Daily သတင်းစာက မေးမြန်းရာ ဖြေဆိုခြင်းမရှိပေ။
မေလ ၁၁ ရက်ညက မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းပဋိပက္ခဖြစ်စဉ်တွင် ဖမ်းဝရမ်းထုတ်ထားသူ စုစုပေါင်းခုနစ်ဦးအနက် လူပုဂ္ဂိုလ်ငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသော်လည်း သံဃာနှစ်ပါးဖြစ်သည့် ဆရာတော်ဦးသုစိတ္တနှင့် ဦးပညာဝံသကို ရဲတပ်ဖွဲ့က ဖမ်းဆီးရန် ကျန်ရှိနေပြီး ဦးပညာဝံသသည် ယခုဆန္ဒပြပွဲတွင် ပါဝင်လာခြင်းဖြစ်သည်။
မန္တလေးသပိတ်
မန္တလေးမြို့ မဟာမုနိဘုရား ကြီးအနောက်ဘက် သာသနာ ၂၅၀၀ ခန်းမရှေ့တွင် သံဃာ ၁၅ ပါးခန့်နှင့်လူပုဂ္ဂိုလ် ၅၀ ခန့်က အစိုးရအလိုမရှိကြောင်း ကြွေး ကြော်သံ ၁၀ ချက်ကို ကြွေးကြော် ၍ သပိတ်မှောက်နေသည်။
ကြွေးကြော်သံများတွင် ‘တိုင်းရင်းသားအရေး လျစ်လျူရှု၍ ကုလားအရေး ဦးစားပေးသည့် အစိုးရအလိုမရှိ၊ အမျိုးဘာသာ သာသနာကို နှိမ့်ချသည့် အစိုးရ အလိုမရှိ၊ အာဏာယူပြီး တိုင်း ပြည်အကျိုးမကာကွယ်နိုင်သည့် အစိုးရအလိုမရှိ၊ ဘင်္ဂါလီကိုဘင်္ဂါ လီဟု မခေါ်ရဲသည့် အစိုးရဖြုတ်ချ ရေး ဒို့အရေး၊ အာဏာရှင်အစိုးရ နုတ်ထွက်ပေးရေး ဒို့အရေး’ စသည်တို့ပါဝင်သည်။
သပိတ်မှောက်ရာတွင် ပါဝင်သည့် ဆရာတော်များကို ယင်းနေ့ ညနေ ၆ နာရီက ချမ်းမြသာစည် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဦးဝိလာသက ခေါ်ယူတွေ့ဆုံပြီး မဟာမုနိဘုရားကြီးနယ်မြေသည် သာသနာနယ်မြေ ဖြစ်သော ကြောင့် ယင်းနေရာ၌ မပြုလုပ်ရန် မိန့်ကြားခဲ့သည်။
‘‘ဒီကိစ္စကို လုပ်တဲ့အခါမှာ ဝိနည်းတွေနဲ့အညီ ဆင်ဆင်ခြင် ခြင်နဲ့ ကြမ်းကြမ်းတမ်းတမ်းတွေ မဖြစ်အောင်၊ နယ်မြေအနေအ ထားအရ မဟာမုနိဘုရားကြီးဆို တာကလည်း ကမ္ဘာသိဘုရားကြီး ဖြစ်တာကြောင့် ဒီနယ်မြေထဲမှာ အော်ဟစ်ပြီး ဆန္ဒထုတ်ဖော်နေ တာတွေ မဖြစ်သင့်ဘူးလို့ သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့်က ခံယူ ပါတယ်’’ဟု ဦးဝိလာသက မိန့် ကြားသည်။
အဆိုပါတောင်းဆိုချက်အ ပေါ် ဦးဆောင်ဆရာတော်များ ရောက်ရှိမလာသေးသောကြောင့် ရောက်ရှိချိန်တွင် တောင်းဆိုချက် ကို လျှောက်ထားတင်ပြပေးမည် ဖြစ်ကြောင်း သပိတ်မှောက်ပွဲတွင် ပါဝင်သည့်ဆရာတော်များက ပြန်လည်လျှောက်ထားခဲ့သည်။
ထို့အပြင် ချမ်းမြသာစည်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူး က တရားဥပဒေနှင့်အညီ ဆောင်ရွက်ရန် လျှောက်ထားခဲ့သည့်အ ပေါ်တွင် ‘‘ဒီကိစ္စက ဆန္ဒဖော်ထုတ် တာမဟုတ်ဘဲ သပိတ်မှောက် လိုက်တာဖြစ်တဲ့အတွက် တင်မှာ မဟုတ်ဘူး။ ဒကာကြီးတို့ဘက်က လုပ်သင့်လုပ်ထိုက်တာတွေရှိရင် လုပ်သင့်တာလုပ်ပါ။ ဒီနေရာ မဟုတ်ဘဲ တခြားနေရာမှာ လုပ်ရင်လည်း သပိတ်မှောက်တာဖြစ် တဲ့အတွက် ငြိမ်းစုစီဆိုတာ မရှိပါဘူး’’ဟု သပိတ်မှောက်ရာတွင် ပါဝင်သည့် ဆရာတော်တစ်ပါးက မိန့်ကြားသည်။
သပိတ်မှောက်ရာတွင် ပါဝင်သည့် သံဃာများကို သတင်းမီဒီ ယာများက မေးမြန်းမှုများဖြေ ကြားပေးရန် တောင်းဆိုခဲ့သော် လည်း သြဂုတ် ၃ ရက် နံနက် ၉ နာရီတွင်မှ ဦးဆောင်ဆရာ တော်များက ဖြေကြားပေးမည် ဖြစ်ကြောင်း သပိတ်မှောက်ရာ ၌ ပါဝင်သော ဆရာတော်တစ်ပါး က ပြန်လည်မိန့်ကြားသည်။
မန္တလေးဆန္ဒပြပွဲတွင် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်က မန္တလေးမြို့ မနော်ရမ္မံကွင်း၌ ကျင်းပခဲ့ သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို နုတ်ထွက်ပေးရန် တောင်းဆိုသည့်ပွဲတွင် တက်ရောက်ခဲ့သည့် သံဃာများနှင့် လူပုဂ္ဂိုလ်များ အများစုပါဝင်နေသည်ကို တွေ့ရသည်။
သပိတ်အပေါ်အမြင်များ
အစိုးရနုတ်ထွက်ပေးရေး သပိတ်မှောက်မှုနှင့်ပတ်သက်ပြီး ရွှေဝါရောင်ဆရာတော်တစ်ပါး ဖြစ်သူ ဦးပဏ္ဍဝံသ(ခ) ဦးပြည် ကျော်က ‘‘ဒါက ရှင်းပါတယ်။ အခုလုပ်နေတဲ့ သံဃာတွေက ရန်ကုန်မှာရှိတဲ့ သံဃာတွေကိုယ် စားလည်း မပြုဘူး။ ပြည်သူလူထု တွေရဲ့ လိုလားချက်လည်းမဟုတ် ဘူး။ လူအနည်းစုရဲ့လိုလားချက် အရ သံဃာတချို့နဲ့ လူပုဂ္ဂိုလ်တ ချို့က ပြကြတာ။ သူတို့ရဲ့ ထောင် ထားတဲ့ ဗီနိုင်းတွေ၊ အော်နေတဲ့ ဆိုဟန်တွေက လက်ရှိငြိမ်းချမ်း ရေးဖြစ်စဉ်နဲ့ တည်ဆဲအစိုးရကို အနှောင့်အယှက် ပေးနေရုံပဲဆို တာ။ ရွှေဝါရောင်တွေ ထွက်ခဲ့ တယ်ဆိုတာက ဒါမျိုးထွက်ခဲ့တာ မဟုတ်ဘူး။ ပြည်သူလူထုတွေရဲ့ လိုအပ်ချက်အရ ထွက်တာ။ ဒီမို ကရေစီအသွင်ကူးပြောင်းရေးကို အထောက်အကူပြုတဲ့အနေနဲ့ ထွက်တာ။ အခုဟာက ဒီမိုကရေ စီလမ်းကြောင်းပေါ် မရောက် အောင်၊ သွေဖည်အောင်၊ တိုင်းပြည် ငြိမ်ငြိမ်သက်သက်ဖြစ်နေ တာတွေကို မငြိမ်သက်အောင်ဆို တဲ့ ရည်ရွယ်ချက်တွေနဲ့ ထွက်နေ တာ။ အခုပုံစံက အဲဒီလိုဆိုတာ ထင်ရှားတယ်။ သူတို့အော်နေတာက အာဏာရှင်အစိုးရဖြုတ်ချရေး၊ သာသနာဖျက်ဆီးနေတဲ့ အစိုးရ ဆိုပြီး အော်နေတာ။ အရင် ၈၈ တို့၊ ရွှေဝါရောင်တို့တုန်းက ဘုန်း ကြီးတွေ၊ ကျောင်းသားတွေကို နှိပ်စက်သတ်ဖြတ်တုန်းက သူတို့ ဘာ လို့ မအော်ခဲ့လဲ’’ဟု မိန့်ကြားသည်။ အမျိုးသားလူ
ယ်ကွန်ဂရက် တွဲဖက် အထွေထွေအတွင်းရေးမှူးကို သက်ဆွေဝင်းက ‘‘ဒီနေ့ အဲဒီနေရာကိုရောက် ခဲ့ပါတယ်။ ကျွန်တော် ည ၈ နာရီ လောက် သွားကြည့်တာပေါ့။ စိတ်ဝင်စားမယ့်သူမရှိဘူး။ ထိုင်နေကြ တာပေါ့။ ပြည်သူလူထုစိတ်ဝင် စားမှုမရှိပါဘူး။ ကျွန်တော့်အနေ နဲ့ စိတ်ပူတာက ဒုတိယရွှေဝါရောင်သပိတ်ဆိုပြီးတော့ သုံးနေတာကို တော့ ကန့်ကွက်တယ်။ တန်ဖိုး ချင်းလည်း မတူပါဘူး’’ ဟု ပြောသည်။
=====================
251/ End
၃ ဩဂုတ် ၂၀၁၇ - ၁၇:၂၆
News ID: 845959
အစိုးရနုတ်ထွက်ပေးရေး ဟုဆိုပြီး သံဃာအချို့အပါအဝင် အမျိုး သားရေးလှုပ်ရှားသူဟုဆိုသူများက ရန် ကုန်နှင့် မန္တလေးမြို့တို့တွင် ဩဂုတ် ၂ ရက် ညနေက တစ်ပြိုင်နက်တည်း သပိတ်စခန်းဖွင့်၍ အသီးသီးဆန္ဒပြ ခဲ့သည်။ သပိတ်စခန်းနှစ်ခုကို ရန်ကုန်နှင့် မန္တလေးတွင် ယမန်နေ့ညနေ ၅ နာရီ ခန့်က တစ်ပြိုင်တည်း ဖွင့်လှစ်၍ သံဃာ အချို့အပါအဝင် အမျိုးသားရေးလှုပ် ရှားသူ ဆယ်ဂဏန်းက အစိုးရနုတ်ထွက်ပေးရေး ဦးတည်တောင်းဆိုခဲ့ ခြင်းဖြစ်သည်။