အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အကြမ်းဖက်တိုက်ခိုက်မှု များ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ နိုင်ငံတကာသံတ မန်များ သွားရောက်မည့် အစီအ စဉ်ကို ရာသီဥတုအခြေအနေနှင့် သံတမန်အဖွဲ့ နာယက၏မေတ္တာ ရပ်ခံချက်ကြောင့် ရွှေ့ဆိုင်းခဲ့ ကြောင်း နိုင်ငံတော်သမ္မတရုံး ပြော ခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးကစက် တင်ဘာ ၂၈ ရက်တွင် ပြောသည်။
နိုင်ငံတကာသံတမန်များကို စက်တင်ဘာ ၂၈ ရက်တွင် ရခိုင် ပြည်နယ် မြောက်ပိုင်းသို့ သွား ရောက်ရန် မူလက စီစဉ်ထားသော်လည်း အကြောင်းရင်း နှစ်ရပ် ကြောင့် ခရီးစဉ် ရွှေ့ဆိုင်းပြီးလာ မည့် တနင်္လာနေ့ (အောက်တိုဘာ ၂ ရက်) တွင် သွားရောက်မည်ဟု ဦးဇော်ဌေးက ရှင်းပြသည်။
‘‘နံပါတ် (၁) ကဒီမနက်ရာသီ ဥတုပေါ့။ Weather မပေးတာ။ နံပါတ် (၂)ကသံတမန်တွေရဲ့မေတ္တာရပ်ခံချက်ပေါ့။ အဲဒါကြောင့် ဒီနေ့မသွားဖြစ်ဘူး။ သွားမယ့်သံတမန် တွေထဲမှာပါတဲ့ သံတမန်နာယက က အဲဒီသံအမတ်ကြီးရဲ့ မေတ္တာရပ်ခံချက်နဲ့ ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်။ ဒါပေမဲ့တနင်္လာနေ့ သွားမယ်’’ ဟု ၎င်းကဆိုသည်။
ပြည်တွင်းအခြေစိုက် သံရုံး ၄၇ ရုံးမှ သံတမန်များနှင့် ကုလ သမဂ္ဂကိုယ်စားလှယ် အကြီးအကဲများကို ရခိုင်ပြည်နယ်မြောက်ပိုင်း သို့ သွားရောက်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖိတ်ကြားထားပြီး အစိုးရတာဝန်ရှိသူများ၊ သံတမန် များနှင့် သတင်းမီဒီယာများ အပါ အဝင် စုစုပေါင်း ၄၈ ဦး သွား ရောက်ရန် စီစဉ်ထားသည်။
ယင်းခရီးစဉ်သို့ လိုက်ပါမည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာဝင်းမြတ်အေးက စက်တင် ဘာ ၂၈ ရက် နံနက် ရာသီဥတုအ ခြေအနေသည် လေယာဉ်ပျံသန်း ရန်မဖြစ်နိုင်ဟု သိရကြောင်း ပြော ကြားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေကြောင်းမိုးလေဝ သဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၈ ရက် နံနက် ၆ နာရီမှ ၇ နာရီအတွင်း ရာသီဥတုအ ခြေအနေသည် ရန်ကုန်-စစ်တွေ လမ်းကြောင်းတွင် စစ်တွေမြို့အ နီး၌ မိုးတိမ်တောင်တစ်ခု ဖြစ်ထွန်း ခဲ့သည်ဟုဆိုသည်။ ယင်းအခြေ အနေသည် လေယာဉ်ပျံသန်းရန် ခက်ခဲသော အခြေအနေဖြစ်၍ မိုးလေဝသအခြေအနေကို သက် ဆိုင်ရာသို့ အသိပေးခဲ့ကြောင်း ရှင်းပြသည်။
ခရီးစဉ်တွင် လိုက်ပါမည့် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည် ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးမင်းသိမ်းက ‘‘စစ်တွေဘက်က ရာသီဥတုမ ကောင်းလို့ လေယာဉ်မထွက်နိုင် ခဲ့ပါဘူး။ ဒါနဲ့မနက် ၈ နာရီလောက် မှာ သံတမန်အဖွဲ့နာယကနဲ့အဖွဲ့ က ကျွန်တော်တို့ကိုဒီနေ့ ရာသီ ဥတုမကောင်းတာမို့မသွားတော့ ဖို့၊ ဒီနေ့ခရီးစဉ်ကို Cancel လုပ် ပေးဖို့ လာရောက် မေတ္တာရပ်ခံပါ တယ်။ ကျွန်တော်တို့က သံတမန် အားလုံးနဲ့ တွေ့ဆုံပြီး သဘော ထား မေးမြန်းကြည့်ခဲ့ပါတယ်။ အဲဒီမှာ အများစုရဲ့ ဆန္ဒအရ ဒီ နေ့ခရီးစဉ်ကို ရွှေ့ဆိုင်းဖို့ဆုံးဖြတ် ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ခရီးစဉ် ကို သွားရောက်ဖို့ သံတမန်တွေရဲ့ မေတ္တာရပ်ခံချက်အရ အောက်တို ဘာ ၂ ရက် တနင်္လာနေ့မှာ သွား ရောက်ဖို့ ပြောင်းလဲစီစဉ်ခဲ့ပါ တယ်’’ ဟု ခရီးစဉ်ရွှေ့ဆိုင်းခြင်း နှင့် ပတ်သက်၍ ပြန်ကြားရေးဝန် ကြီးဌာနအား ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပြုချက်များအပေါ် အကောင်အ ထည်ဖော် ဆောင်ရွက်ရေး ကော် မတီဝင်များကို စက်တင်ဘာ ၂၂ ရက်က သမ္မတအိမ်တော်၌ခေါ် ယူတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရှိ သံ တမန်များကို မောင်တောဒေသသို့ ပို့ဆောင်ပေးနိုင်ရေး အစီအမံများ ကို ဆက်လက်အောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။ ထို့အပြင် ဒေါ် အောင်ဆန်းစုကြည်သည် စက် တင်ဘာ ၁၉ ရက်က နေပြည် တော်၌ နိုင်ငံတကာသံတမန်များ ကို ဖိတ်ကြား၍ ရခိုင်ပြည်နယ်အ ရေးကို အထူးပြုပြောကြားသော အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဆိုင်ရာ မိန့်ခွန်း တွင် အခြေအနေမှန်ကိုသိရှိစေရေး ရခိုင်ဒေသသို့ သွားရောက်ရန်သံ တမန်များကို ဖိတ်ကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းအပြီးတွင် အမေရိကန်၊ ဂျပန်၊ဗြိတိန် စသည့် နိုင်ငံများမှ သံတမန်အချို့သည် ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်တွေမြို့သို့ သွားရောက်ခဲ့ပြီးပြည်နယ် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းအချို့၊ နှစ်ဖက်အသိုင်းအဝိုင်းမှ ဒုက္ခသည်များနှင့် တွေ့ဆုံ ခဲ့သ
========================
251 / End
ရာသီဥတု မကောင်းခြင်းနှင့် သံတမန်အဖွဲ့ နာယက၏ မေတ္တာရပ်ခံချက်ကြောင့် သံတမန်များ၏ ရခိုင်ပြည်နယ်ခရီးစဉ် ရွှေ့ဆိုင်း အောက်တိုဘာ ၂ ရက်
၂၉ စက်တင်ဘာ ၂၀၁၇ - ၁၃:၂၃
News ID: 857186
အကြမ်းဖက်တိုက်ခိုက်မှု များ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ နိုင်ငံတကာသံတ မန်များ သွားရောက်မည့် အစီအ စဉ်ကို ရာသီဥတုအခြေအနေနှင့် သံတမန်အဖွဲ့ နာယက၏မေတ္တာ ရပ်ခံချက်ကြောင့် ရွှေ့ဆိုင်းခဲ့ ကြောင်း နိုင်ငံတော်သမ္မတရုံး ပြော ခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးကစက် တင်ဘာ ၂၈ ရက်တွင် ပြောသည်။