အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် က မွေထိုင်းဟဲဗီးဝိတ် ချန်ပီယံ ဂါလာနီကို ပထမအချီ လေးမိနစ် ကျော်တွင် အနိုင်ယူခဲ့သည်။
နိုဝင်ဘာ ၃ ရက်က အမျိုး သား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည့် One Championship (MMA) ပြိုင်ပွဲ သို့ ပရိသတ်ကွင်းလုံးပြည့်နီးပါး လာရောက်အားပေးခဲ့သည်။
အောင်လအန်ဆန်နှင့် ဂါ လာနီတို့သည် ပထမအချီ တစ်မိနစ်ကျော် နောက်ပိုင်းက စတင်၍ ချုပ်ကွက်များဖြင့် အပြန်အလှန် ထိုးသတ်ခဲ့ပြီး လေးမိနစ်ကျော်တွင် အောင်လ၏နာမည်ကြီးချုပ်ကွက်မိခဲ့သည့် ဂါလာနီက အရှုံးပေးခဲ့ခြင်းဖြစ်သည်။
ဂါလာနီသည် ခြေကန်ချက် ကောင်းမွန်ပြီး အန္တရာယ်ပေးနိုင် ကြောင်း နာမည်ကြီးသော်လည်း ယခုပွဲတွင်မူ ၎င်း၏ခြေကန်ချက် များ ထုတ်သုံးခွင့်မရဘဲ အရှုံးပေးခဲ့ရသည်။
အောင်လအန်ဆန်သည် ပွဲ ကြို သတင်းစာရှင်းလင်းပွဲတွင် ပြိုင်ဘက် ဂါလာနီကို နှစ်ချီအ တွင်း အလဲထိုးဖြင့် အနိုင်ယူမည် ဟု ပြောကြားထားသော်လည်း ပြိုင်ပွဲတွင် တစ်ချီအတွင်း အနိုင် ယူခဲ့ခြင်းဖြစ်သည်။ ၎င်းထက် ဝိတ်တန်းမြင့်သည့် ပြိုင်ဘက်ကို တစ်ချီအတွင်း အနိုင်ယူခဲ့သော် လည်း အကောင်းဆုံးမထိုးသတ် နိုင်သဖြင့် အားမရခဲ့ကြောင်း အောင်လအန်ဆန်က ပြောသည်။
အောင်လအန်ဆန်နှင့် ပြိုင်ဘက်ဂါလာနီတို့ ပွဲအပြီးနှုတ်ဆက်နေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
‘‘ဒီပွဲမှာ ကျွန်တော် ကိုယ့် ကိုယ်ကိုယ် သိပ်အားမရဘူး။ အ ကောင်းဆုံး မထိုးသတ်နိုင်ခဲ့တဲ့အ တွက် ပရိသတ်ကို တောင်းပန်ပါ တယ်။ ဝိတ်တန်းမတူတဲ့အတွက် ယှဉ်ထိုးဖို့မလွယ်လို့ ချုပ်ကွက်နဲ့ ပဲ အနိုင်ယူခဲ့ရတာပါ။ နောက်ပွဲ တွေမှာ ဒီထက်ကောင်းအောင် ပို ကြိုးစားပါ့မယ်’’ဟု အောင်လအန်ဆန်က ပြောသည်။
‘‘သူနဲ့ မြန်မာပြည်ပရိသတ် အားလုံး ပျော်တာမြင်ရတော့ အ ရမ်းဝမ်းသာပါတယ်။ ဝိတ်တန်း မတူတဲ့ပြိုင်ဘက်နဲ့ ထိုးသတ်တာ ဆိုတော့ စိတ်ပူမိတယ်။ ဒါပေမဲ့ ခွန်အားထက် ပညာနဲ့ သူက အနိုင် ယူသွားပါတယ်’’ ဟု အောင်လ အန်ဆန်၏ဖခင် ဦးတူးအောင်အန်ဆန်က ပြောသည်။
ယမန်နေ့က ကျင်းပခဲ့သည့် One Championship (MMA) ပြိုင်ပွဲကို တွဲဆိုင်း ၁၀ ဆိုင်းဖြင့် ကျင်းပပြီး ပြည်တွင်းကစားသ မားချင်း ယှဉ်ပြိုင်သည့် ပွဲစဉ်သုံးပွဲ ပါဝင်ခဲ့သည်။
မြန်မာ့စပါးအုံးမြွေဟု ကျော်ကြားသည့် (၃၂)နှစ်အရွယ် အောင်လအန်ဆန်သည် ပြီးခဲ့သည် ဇွန်လက ရန်ကုန်မြို့တွင် ကျင်းပ သည့် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ၌ ရုရှားနိုင်ငံ သား ဘစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့် အနိုင်ယူကာ ကမ္ဘာ့ချန် ပီယံဖြစ်ခဲ့သည်။ အောင်လအန် ဆန်သည် ဂါလာနီနှင့် ယှဉ်ပြိုင် သည့် ပွဲကိုမူ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲ အဖြစ် ယှဉ်ပြိုင်ထိုးသတ်ခြင်း မဟုတ်ဘဲ အထူးစိန်ခေါ်ပွဲအနေ ဖြင့်သာ ယှဉ်ပြိုင်ခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ပွဲ ၃၁ ပွဲယှဉ်ပြိုင်ရာ ၂၁ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားသည်။ အသက် (၄၂) နှစ်အရွယ်ရှိ ကင်မရွန်းနွယ်ဖွား ဂါလာနီသည် လက်ရှိတွင် ဟောင်ကောင်နိုင်ငံ ကိုယ်စားပြုပြီး MMAပြိုင်ပွဲများတွင် ဟဲဗီးဝိတ်တန်း၌ ယှဉ်ပြိုင်ရာ ခုနစ်ပွဲထိုး၊ သုံးပွဲနိုင်၊ လေးပွဲရှုံးနိမ့်ထားသည်။
‘‘ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲက အောင်လအတွက် ဝေးနေတယ်။ ဒီအတွက်ကြောင့် အောင်လက အတွေ့အကြုံရအောင်လို့ ဒီလိုမျိုးဝိတ်တန်းမတူတဲ့သူနဲ့ ထိုးသတ် တာလို့ ထင်ပါတယ်။ ပရိသတ် တွေနဲ့လည်း ပွဲဆက်မပြတ်စေချင် တဲ့ သဘောဖြစ်လောက်တယ်။ နိုင်တော့လည်း အားလုံးပျော်ရွှင် ရပါတယ်’’ဟု အောင်လအန်ဆန် ၏ ပရိသတ်တစ်ဦးက ပြောသည်။
အောင်လအန်ဆန်က ၎င်း ၏ ချန်ပီယံစိန်ခေါ်ပွဲကို လာမည့် ၂၀၁၈ အတွင်း ထိုးသတ်ရန် စီစဉ် ထားကြောင်း ပြောကြားထား သည်။
========================
251 / End
၄ နိုဝင်ဘာ ၂၀၁၇ - ၁၅:၂၄
News ID: 864544
MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် က မွေထိုင်းဟဲဗီးဝိတ် ချန်ပီယံ ဂါလာနီကို ပထမအချီ လေးမိနစ် ကျော်တွင် အနိုင်ယူခဲ့သည်။ နိုဝင်ဘာ ၃ ရက်က အမျိုး သား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည့် One Championship (MMA) ပြိုင်ပွဲ သို့ ပရိသတ်ကွင်းလုံးပြည့်နီးပါး လာရောက်အားပေးခဲ့သည်။