အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင် စီ (UNFC)နှင့် ဆွေးနွေးပွဲပျက် သွားခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက် မှတ်ထိုးနိုင်ရေး ဆက်လက်ညှိနှိုင်း မည်ဟု အစိုးရငြိမ်းချမ်းရေးကော် မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်က ပြောသည်။
အစိုးရ၊ ငြိမ်းချမ်းရေးကော် မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင် ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စား လှယ်အဖွဲ့ (DPN)တို့သည် နိုဝင် ဘာ ၁၆ ရက်က ရန်ကုန်၌ NCA လက်မှတ်ထိုးနိုင်ရေး ညှိနှိုင်းရန် စီစဉ်ခဲ့သော်လည်း ဆွေးနွေးပွဲပြု လုပ်မည့်အစီအစဉ်ကို ရုတ် တရက်ဖျက်သိမ်းခဲ့သည်။
ယင်းအခြေအနေက အဆုံး အဖြတ်ပေးမည့် ခေါင်းဆောင် များအား အချိန်ပေးရန်လိုအပ်၍ ရွှေ့ဆိုင်းခြင်းဖြစ်ကြောင်း ဦး အောင်ကြည်က ပြောသည်။ မည် သည့်အချိန်တွင် တွေ့ဆုံမည်ဆို သည်ကို မသတ်မှတ်ရသေးဟု၎င်း က ဆိုသည်။
‘‘လူကြီးတွေ အဆုံးအဖြတ် လိုနေတာ။ အဲဒီအတွက်ကို သူတို့ ဆုံးဖြတ်တဲ့အခါကျတော့လည်း ကျွန်တော်တို့ အစိတ်အပိုင်းလေး တစ်ခုကို ကိုယ်တို့စဉ်းစားသလို စဉ်းစားတာမျိုးမဟုတ်ဘူးလေ။ သူက ဖြစ်စဉ်တစ်ခုလုံးကို စဉ်း စားဆုံးဖြတ်ရတာဖြစ်တဲ့အတွက် သူတို့ကို အချိန်ပေးဖို့လိုတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့ လူတွေ ကို အချိန်ပေးနိုင်ဖို့လိုတယ်’’ဟု ဦးအောင်ကြည်က ပြောသည်။
NCA လက်မှတ်ထိုးနိုင်ရေး အတွက် နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့အကြား အချက်အလက် အများစု သဘောတူညီပြီးဖြစ်ပြီး ခေါင်းဆောင်များ၏ သဘောတူ ညီချက်သာ လိုတော့သည်ဟု ဦးအောင်ကြည်က ဆိုသည်။
လက်ရှိ အစိုးရနှင့် UNFC တို့ NCA လက်မှတ်ထိုးနိုင်ရေး ညှိ နှိုင်းနေမှုသည် တစ်နှစ်ခွဲခန့်ရှိပြီ ဖြစ်ပြီး လက်ရှိတွင် UNFC ဘက် မှ အဆိုပြုထားသည့် အချက်ရှစ် ချက်အနက် နံပါတ်(၂)အချက် တွင် ပါဝင်သည့် ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စုနိုင်ငံကို တည် ဆောက်ရန်ဟူသည့် စကားရပ်အပေါ် နှစ်ဖက်ညှိနှိုင်းမရ၍ ယခုကဲ့ သို့ ရွှေ့ဆိုင်းခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲတွင်ပါဝင်သည့် ကိုယ်စား လှယ်တစ်ဦးက ပြောသည်။ အစိုးရဘက်က ဒီမိုကရေစီ ဖက် ဒရယ် ပြည်ထောင်စုဟူသည့် စကားရပ်အပေါ် ရပ်တည်ထားပြီး UNFC ဘက်က ဖက်ဒရယ်ဒီမိုက ရေစီ ပြည်ထောင်စုဟူသည့် စကားရပ်အပေါ် ရပ်တည်ထား သည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား NCA စာချုပ်ရရှိရေး ညှိနှိုင်းစဉ်က လည်း ယခုကဲ့သို့ စကားလုံးအသုံး အနှုန်း အသုံးပြုမည့် ကိစ္စနှင့်ပတ် သက်ပြီး အငြင်းပွားမှု ရှိခဲ့ဖူးသည် ဟု NCA လက်မှတ်ထိုးရှစ်ဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော ကြားသည်။
‘‘ငြင်းခုံတာရှိမယ်။ စကား လုံးတွေမှာ အမြင်မတူတာရှိမယ်။ ဒါပေမဲ့ ပွဲပျက်သွားအောင်၊ ပွဲရပ် သွားအောင် မလုပ်ရဘူး။ ဒါဆွေး နွေးဖက်တွေရဲ့ ကျင့်ဝတ်ဖြစ် တယ်။ ရပ်သွားတယ်၊ နှောင့်နှေး သွားတယ်ဆိုရင်တော့ ဆွေးနွေး ဖက်တွေမှာ တာဝန်ရှိတယ်။ ဒါ ဘယ်သူ့ဘက် တာဝန်ရှိတယ်ဆို တာ ကျွန်တော်မပြောဘူး’’ဟု ၎င်း က ဆိုသည်။
========================
251 / End
၁၉ နိုဝင်ဘာ ၂၀၁၇ - ၂၀:၂၆
News ID: 867851
ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင် စီ (UNFC)နှင့် ဆွေးနွေးပွဲပျက် သွားခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက် မှတ်ထိုးနိုင်ရေး ဆက်လက်ညှိနှိုင်း မည်ဟု အစိုးရငြိမ်းချမ်းရေးကော် မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်က ပြောသည်။