၂၄ နိုဝင်ဘာ ၂၀၁၇ - ၁၄:၁၄
၂၀၂၀ ရွေးကောက်ပွဲတွင် ဥပဒေအတွင်း ရိုးသားစွာယှဉ်ပြိုင်ပါက ပြည်ခိုင်ဖြိုးပါတီ ရာနှုန်းပြည့်နိုင်မည်ဟုဆို

၂၀၂၀ ရွေးကောက်ပွဲ တွင် ဥပဒေအတိုင်းရိုးရိုးသားသား ယှဉ်ပြိုင်မည်ဆိုပါက ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် ၁၀၀ ရာခိုင်နှုန်း အနိုင်ရမည်ဖြစ်ကြောင်း ယင်း ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဦး လှသိန်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး သံ လွင်လမ်းရှိ ပြည်ခိုင်ဖြိုးရုံး(ဗဟို)၌ ကျင်းပသည့် သတင်းစာရှင်းလင်း ပွဲတွင် ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မေးမြန်းသည့်အပေါ် ဦးလှသိန်းက ပြန်လည်ဖြေကြား သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


၂၀၂၀ ရွေးကောက်ပွဲ တွင် ဥပဒေအတိုင်းရိုးရိုးသားသား ယှဉ်ပြိုင်မည်ဆိုပါက ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် ၁၀၀ ရာခိုင်နှုန်း အနိုင်ရမည်ဖြစ်ကြောင်း ယင်း ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဦး လှသိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သံ လွင်လမ်းရှိ ပြည်ခိုင်ဖြိုးရုံး(ဗဟို)၌ ကျင်းပသည့် သတင်းစာရှင်းလင်း ပွဲတွင် ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မေးမြန်းသည့်အပေါ် ဦးလှသိန်းက ပြန်လည်ဖြေကြား သည်။

‘‘ကျွန်တော့်အနေနဲ့ ပြောရ ရင်တော့ ကျွန်တော်တို့ပါတီကို ကျွန်တော်တို့ယုံကြည်ပြီးသားဖြစ် ပါတယ်။ ကျွန်တော်တို့ကတော့ ရိုးသားမှု၊ ကြိုးစားမှုနဲ့ ဥပဒေအ တွင်းကနေ ယှဉ်ပြိုင်ဖို့ပဲ။ အဲဒီလို ယှဉ်ပြိုင်ရင်တော့ ကျွန်တော်တို့ ပါတီက ကိုယ့်ကိုယ်ကိုယ်အပြည့် အ၀ယုံကြည်ပါတယ်’’ ဟု ၎င်းက ပြောသည်။

သို့သော် ပါတီအနေဖြင့် ရွေးကောက်ပွဲကော်မရှင်၏ လက် ရှိ လုပ်ဆောင်ချက်များနှင့်ပတ် သက်ပြီး ယုံကြည်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

‘‘ရွေးကောက်ပွဲကော်မရှင် က ပါတီရဲ့အသံတွေကို နား ထောင်ပြီး လိုအပ်တာလေးတွေ ပြုပြင်ပြောင်းလဲပေးဖို့ ရွေး ကောက်ပွဲကော်မရှင်ကို တွေ့ဆုံ ဖို့တောင်းဆိုထားတာရှိတယ်။ အဲ ဒီလို တောင်းဆိုထားပေမယ့် ကော်မရှင်က အခုချိန်အထိ အ ကြောင်းပြန်ထားခြင်း မရှိသေး  ဘူး။ နိုင်ငံရေးပါတီတွေကို ဖိတ် ခေါ်ထားခြင်းမရှိသေးဘူး။ အဲဒီ တော့ ကျွန်တော်တို့ယုံကြည်မှု မရှိဘူး’’ ဟု ၎င်းက ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၆ ကစတင်ကာ လူသစ်စိတ်သစ်ဖြင့် ပြုပြင်ပြောင်းလဲမှုများ ဆောင် ရွက်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူများက ဆို သည်။

‘‘ပြည်သူထဲက ပြည်သူတစ် ယောက်ရဲ့ ခံစားမှုဖြစ်အောင်၊ ပြည်သူ့ပါတီဖြစ်အောင် ကျွန် တော်တို့ ဆောင်ရွက်ခဲ့တယ်’’ ဟု ပါတီဗဟိုကော်မတီအဖွဲ့ဝင်ဦးလှ သိန်းက ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲ ဆန္ဒနယ်အားလုံးနီးပါး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကာ ပြည်သူ့လွှတ် တော်တွင် နေရာ ၃၀ ၊ အမျိုးသား လွှတ်တော်တွင် ၁၁ နေရာ၊ တိုင်း ဒေသကြီးပြည်နယ်လွှတ်တော် တွင် ၇၄ နေရာ၊ တိုင်းရင်းသား လူမျိုးကိုယ်စားလှယ် နှစ်နေရာ စုစုပေါင်း ၁၁၇ နေရာအနိုင်ရရှိခဲ့ သည်။

၂၀၁၇ တွင် လစ်လပ်မဲဆန္ဒ နယ် ၁၉ နေရာအတွက် ကြား ဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ခဲ့ ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ နှစ်ဦးအနိုင်ရရှိ သည်။

========================
251 / End