အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ် မောင် တောမြို့နယ် ခုံတိုင် (မြို) ကျေး ရွာ ပြန်လည်တည်ဆောက်ရေး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ကျေးလက်နေအိမ် အလုံးရေ ၃၀ ဆောက်လုပ်လှူဒါန်းမည်ဖြစ်ရာ အိမ်ပုံစံနမူနာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါကျေးလက်နေအိမ် ပုံစံ နမူနာကို နေပြည်တော်ရှိ လူ မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေး ဝန်ကြီးဌာ န ရုံးဝင်းအတွင်း ဆောက်လုပ် ပြသထားရာ ဒေါ်အောင်ဆန်းစု ကြည်သည် ဒီဇင်ဘာ ၁၉ ရက် တွင် သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး က ဒီဇင်ဘာ ၁၉ ရက်၌ သတင်း ထုတ်ပြန်သည်။
‘‘ရခိုင် (မြို) မှာ အိမ်အလုံး သုံးဆယ်ဆောက်မှာပါ။ ၂၀၁၈ မတ်လကုန်အပြီးပေါ့။ ခန့်မှန်းက တော့ အိမ်တစ်လုံးအတွက် သိန်း ကိုးဆယ်မှန်းထားပါတယ်။ လက် တွေ့ကျတော့ အတိုးအလျော့ တော့ ရှိနိုင်တာပေါ့’’ ဟု ဒေါ်ခင် ကြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ခုံတိုင် (မြို) ကျေးရွာတွင် နေ အိမ်များဆောက်လုပ်ရန် ဒေါ်ခင် ကြည်ဖောင်ဒေးရှင်း တာဝန်ရှိသူ များသည် ခုံတိုင်ကျေးရွာသို့ သွား ရောက် ကွင်းဆင်းလေ့လာခဲ့ပြီး မျက်မြင်တွေ့ရှိသော အချက်အ လက်များ၊ ဒေသခံတိုင်းရင်းသား တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အချက်အလက်များကို အခြေခံ ၍ ဒေသနှင့် ကိုက်ညီမည့် နေအိမ် အမျိုးအစား ဆောက်လုပ်ရန် စီမံချက်ရေးဆွဲခဲ့ကြောင်း ဖောင်ဒေး ရှင်းက သတင်းထုတ်ပြန်သည်။
ကျေးလက်အိမ်များကို အလျားပေ ၄၀၊ အနံပေ ၆၀ ခြံဝင်း အတွင်း တည်ဆောက်မည်ဖြစ်ပြီး အကျယ်အဝန်းသည် ၁၈ ပေနှင့်၂၈ ပေရှိ ကာသွပ်မိုး၊ ကွန်ကရစ်ကျောက်ပြားအကာနှင့် သစ်ခင်းအဆောက်အအုံဖြစ်ကြောင်း အ တိုင်ပင်ခံပုဂ္ဂိုလ်ရုံး ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် သည် မိခင်ဒေါ်ခင်ကြည်အမှတ် တရအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ၂၀၁၂ က ဖွဲ့စည်းခဲ့ သည်။ ဖောင်ဒေးရှင်းအနေဖြင့် ယခင်ကလည်း ရေဘေးဒုက္ခသည်များ၊ စစ်ဘေးဒုက္ခသည်များ ကူညီခြင်းအပါအဝင် ကူညီရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့သည်။
========================
251 / End
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ခုံတိုင်(မြို) ရွာတွင် ကျေးလက်နေအိမ် ၃၀ ဆောက်လုပ်လှူဒါန်းမည် အိမ်ပုံစံနမူနာကို ဒေါ်အောင်ဆန်းစုကြည်က ကြည်
၂၁ ဒီဇင်ဘာ ၂၀၁၇ - ၁၈:၄၆
News ID: 873554
ရခိုင်ပြည်နယ် မောင် တောမြို့နယ် ခုံတိုင် (မြို) ကျေး ရွာ ပြန်လည်တည်ဆောက်ရေး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ကျေးလက်နေအိမ် အလုံးရေ ၃၀ ဆောက်လုပ်လှူဒါန်းမည်ဖြစ်ရာ အိမ်ပုံစံနမူနာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြည့်ရှုစစ်ဆေးခဲ့သည်။