၂၅ ဒီဇင်ဘာ ၂၀၁၇ - ၁၆:၂၇
 ရှမ်းအမျိုးသားအဆင့်နိုင်ငံရေး(အကြို)ဆွေးနွေးပွဲများ တရားဝင်ခွင့်ပြုမထား၍ တားဆီးခြင်းဖြစ်ဟု ဦးခင်ဇော်ဦးပြော JICM က ခွင့်ပြုထား

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေး(အကြို)ဆွေးနွေးပွဲများ ကျင်းပရေးတရားဝင် ခွင့်ပြုထား ခြင်းမရှိ၍ တားဆီးခြင်းဖြစ်ပြီး ခွင့် ပြုထားသည့်လင်းခေးမြို့တွင် အကြိုဆွေးနွေးပွဲများ ပြုလုပ်နိုင် ကြောင်းငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူးဒုတိယဗိုလ်ချုပ် ကြီးခင်ဇော်ဦး(ငြိမ်း)ကပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေး(အကြို)ဆွေးနွေးပွဲများ ကျင်းပရေးတရားဝင် ခွင့်ပြုထား ခြင်းမရှိ၍ တားဆီးခြင်းဖြစ်ပြီး ခွင့် ပြုထားသည့်လင်းခေးမြို့တွင် အကြိုဆွေးနွေးပွဲများ ပြုလုပ်နိုင် ကြောင်းငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူးဒုတိယဗိုလ်ချုပ် ကြီးခင်ဇော်ဦး(ငြိမ်း)ကပြောကြားသည်။

NCA ထိုးထားသည့်ရှမ်း လက်နက်ကိုင်အဖွဲ့ (RCSS) ဦး ဆောင်ပြီး လင်းခေးမြို့တွင် ကျင်း ပမည့်အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲအတွက် အကြိုလူထု တွေ့ဆုံပွဲများကို ရှမ်းလက်နက် ကိုင်အဖွဲ့များနှင့် ရှမ်းနိုင်ငံရေး ပါတီများပူးပေါင်းဖွဲ့စည်းထား သည့် ရှမ်းပြည်ညီညွတ်ရေးကော် မတီ(CSSU)က ရှမ်းပြည်နယ် မြို့များ၌ ကျင်းပခဲ့ရာ ပင်လုံ၊ တာ ချီလိတ်နှင့် လားရှိုးမြို့တွင်ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲများကို တပ်မတော်ကတားဆီးခဲ့သည်။ ထို့ ပြင် မန္တလေးနှင့်ကျောက်မဲမြို့တွင်ပြုလုပ်မည့် လူထုတွေ့ဆုံပွဲများကိုလည်း တားမြစ်ခဲ့သည်။

‘‘ဆွေးနွေးပွဲတွေက ရှမ်းလူ မျိုးအလိုက် အမျိုးသားအဆင့် ဆွေးနွေးပွဲကို လင်းခေးမှာပြုလုပ် ဖို့ခွင့်ပြုချက်ပေးထားတယ်။ ဒါ ပေမဲ့လို့ အစည်းအဝေးတွေမှာ အကြိုညှိနှိုင်းအစည်းအဝေးတွေ လုပ်ဖို့ဆိုတာ တရားဝင်ခွင့်ပြုချက် မရှိဘူး။ အခုသူတို့က အဲဒါတွေ လိုက်လုပ်နေတဲ့အတွက်ကြောင့် အစိုးရက တားတာဖြစ်တယ်။ သို့ သော်လည်း ဒီဟာနဲ့ပတ်သက်လို့ လည်း အမျိုးသားအဆင့်ဆွေးနွေး ပွဲအတွက်ကတော့ ဘာမှထိခိုက် စရာအကြောင်းမရှိပါဘူး’’ ဟု ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း)က ပြောသည်။

လင်းခေးမြို့တွင် ရှမ်းအမျိုး သားအဆင့်ဆွေးနွေးပွဲကျင်းပရန် နိုဝင်ဘာ ၂၇ ရက်ကနေပြည်တော် ၌ကျင်းပခဲ့သော တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ်အကောင်အထည်ဖော် မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM)တွင် ဒေါ်အောင်ဆန်းစု ကြည်၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် သဘောတူခဲ့သည်။

ကျင်းပခဲ့သည့် ကရင်လူမျိုး အလိုက်နှင့် ချင်းလူမျိုးအလိုက်အ မျိုးသားအဆင့်နိုင်ငံရေးဆွေးနွေး ပွဲများကို သတ်မှတ်နေရာ၌သာကျင်းပခဲ့ပြီး အောင်အောင်မြင်မြင်ဖြစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘တရားဝင်အစည်းအဝေး ဆုံးဖြတ်ချက်တွေ ကိုယ်တို့လိုက် ကြည့်ပြီးပြီ။ ကရင်လူမျိုးအလိုက် လုပ်တုန်းကဘားအံမှာ တစ်ကြိမ် ပဲကျင်းပတာဖြစ်တယ်။ ကျန်တဲ့ နေရာတွေမှာ ကရင်ကဘာမှ မလုပ်ဘူး။ ဧရာဝတီတိုင်းမှာရှိတဲ့ ကရင်နဲ့ပတ်သက်ပြီးလည်း ဧရာ ၀တီတိုင်းမှာ သူတို့သွားမလုပ် ဘူး။ အလားတူပဲရှမ်းကလည်း သူ့ရဲ့တရားဝင်ကတော့ လင်းခေး မှာခွင့်ပြုထားတယ်။ တခြားနေရာ မှာကတော့ တရားဝင်ခွင့်ပြုထား တာမရှိဘူး။ အဲဒီတော့ သူက တခြားနေရာတွေမှာ လိုက်ပြီးလုပ် တယ်ဆိုတော့ ဒါကို မလုပ်ပါနဲ့လို့ ပြောခြင်းဖြစ်တယ်။ လင်းခေးမှာ လုပ်မယ်ဆိုဘာမှ ပြဿနာမရှိ ဘူး’’ ဟု ဒုတိယဗိုလ်ချုပ်ကြီးခင် ဇော်ဦး(ငြိမ်း)က ပြောသည်။

အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ(အကြို)လူထုတွေ့ဆုံ ပွဲများကို သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များအား အသိပေးပါက လုပ်ခွင့်ရှိမည်ဟု ယုံကြည် ကြောင်း NCA လက်မှတ်ထိုးရှစ်ဖွဲ့ မှ ကရင်အမျိုးသားအစည်းအရုံး (KNU)ဒုဥက္ကဋ္ဌပဒိုစောကွယ်ထူး ၀င်းက ပြောသည်။

‘‘ရှမ်းပြည်နယ်မှာဖြစ်တဲ့ ကိစ္စက ကျွန်တော်အတိအကျမသိ ဘူး။ သူတို့ဘယ်လိုစီမံဆောင် ရွက်သလဲ၊ ဘယ်လိုအသိပေးလဲ မသိဘူး။ များသောအားဖြင့်ကျွန် တော်တို့လုပ်တဲ့နေရာမှာ သက် ဆိုင်ရာအစိုးရရဲ့ အဆင့်အလိုက် တာဝန်ရှိတဲ့လူကို အသိပေးတာရှိ ခဲ့တယ်။ ကျွန်တော်တို့အတွေ့အ ကြုံပေါ့လေ’’ ဟု ၎င်းကဆိုသည်။

NCA လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်ရှစ်ဖွဲ့အနက် KNU သည် ပထမ ဆုံးအမျိုးသားအဆင့်လူမျိုး အလိုက် အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲကျင်းပခဲ့သည့် အ ဖွဲ့အစည်းဖြစ်သည်။ ယခုနှစ် ဖေ ဖော်ဝါရီက ဘားအံမြို့၌ကျင်းပခဲ့ သည့် ကရင်လူမျိုးအလိုက်အမျိုး သားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မတိုင်မီအကြိုတွေ့ဆုံမှုကို ဘား အံမြို့နှင့် KNU ဌာနချုပ်လော်ခီး လာ၌ ပြုလုပ်ခဲ့သည်။

ရှမ်းအမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲ(အကြို) လူထု တွေ့ဆုံပွဲများကျင်းပနေသည့် CSSU တွင် NCA မထိုးရသေး သည့် ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP ပါဝင်ပြီး CSSU ခေါင်းစဉ် ဖြင့်ပြုလုပ်ခြင်းကြောင့် အဟန့်အ တားဖြစ်နေခြင်းဖြစ်နိုင်ကြောင်း NCA လက်မှတ်ထိုး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ခေါင်း ဆောင်အချို့က သုံးသပ်သည်။

ရှမ်းလူထုတွေ့ဆုံပွဲများကို တပ်မတော်ဘက်က ဟန့်တားမှု များအပြင် ပြည်နယ်အစိုးရက ရုပ်သိမ်းခိုင်းသည့်စာကို ဒီဇင်ဘာ ၂၃ ရက်တွင်ပေးပို့သဖြင့်  ဆက် လက်ပြုလုပ်တော့မည်မဟုတ် ကြောင်း ရှမ်းပြည်ညီညွတ်ရေး ကော်မတီ(CSSU)နှင့် ရှမ်းလွှတ် တော်ကိုယ်စားလှယ်များက ပြော ကြားထားသည်။

========================
251 / End