၂၆ ဒီဇင်ဘာ ၂၀၁၇ - ၁၇:၀၄
Cobra Gold စစ်ရေးလေ့ကျင့်မှု လေ့လာရန် မြန်မာ့တပ်မတော် ဖိတ်ကြားခံရ

လာမည့်နှစ်တွင် ကျင်းပမည့် (Cobra Gold) အမေရိကန်နှင့် ထိုင်းဦးဆောင်သော နိုင်ငံပေါင်းစုံစစ်ရေးလေ့ကျင့်မှုသို့ လေ့လာသူအဖြစ် တက်ရောက်ရန်မြန်မာ့တပ်မတော်သည် ပြန်လည်ဖိတ်ကြားခံခဲ့ရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 လာမည့်နှစ်တွင် ကျင်းပမည့် (Cobra Gold) အမေရိကန်နှင့် ထိုင်းဦးဆောင်သော နိုင်ငံပေါင်းစုံစစ်ရေးလေ့ကျင့်မှုသို့ လေ့လာသူအဖြစ် တက်ရောက်ရန်မြန်မာ့တပ်မတော်သည် ပြန်လည်ဖိတ်ကြားခံခဲ့ရသည်။

နှစ်စဉ်ကျင်းပမြဲ Cobra Goldစစ်ရေးလေ့ကျင့်မှုသို့ ပါဝင်ဆင်နွှဲ ရန် မြန်မာ့တပ်မတော်အား ထိုင်း နိုင်ငံက ဖိတ်ခေါ်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိ သူ ဒုတိယဗိုလ်မှူးကြီး ခရစ္စတို ဖာလိုဂန်းက ရိုက်တာသတင်းဌာ နအား ပြောသည်။

ထိုင်းတွင် နှစ်စဉ်ကျင်းပ သော Cobra Gold စစ်ရေးလေ့ ကျင့်မှုတွင် အမေရိကန်နှင့် ထိုင်း မှ ထောင်နှင့်ချီသည့် စစ်မှုထမ်း များနှင့် အခြားအာရှနိုင်ငံများမှ တက်ရောက်သူများပါဝင်သည်။

မြန်မာနိုင်ငံသည် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် သဘာဝ ကပ်ဘေးလျော့ပါးသက်သာရေး အစီအစဉ်တွင် လေ့လာသူအဖြစ် ဖိတ်ခေါ်ခံရကြောင်း လိုဂန်းက ထပ်လောင်းပြောကြားသည်။

ယင်းဖိတ်ကြားချက်ကို မြန်မာဘက်က လက်ခံခြင်းရှိ၊ မရှိဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊ သို့သော် မြန်မာပါဝင်ဆင်နွှဲရန် ထိုင်းအနေ ဖြင့် စိတ်အားထက်သန်နေ ကြောင်း ထိုင်းတော်ဝင်စစ်တပ်မှ ထိပ်တန်းအရာရှိတစ်ဦးက ရိုက် တာသတင်းဌာနသို့ ပြောသည်။

ဘင်္ဂါလီအရေးနှင့် စပ်လျဉ်း ၍ စိုးရိမ်ပူပန်မှုများရှိသော်လည်း ထိုင်းအနေဖြင့် မြန်မာကို မည် သည့်အတွက်ကြောင့် ဖိတ်ခေါ်ခဲ့ သလဲဟု မေးမြန်းစဉ် ယင်းအ ရာရှိက ‘‘ဆွေးနွေးမှုတွေမှာ အဲဒီ အကြောင်းအရာဘယ်တော့မှ မပါဘူး။ ဘင်္ဂါလီပြဿနာကို ကျွန်တော်တို့က သတ်သတ်ထား တယ်။ ကျွန်တော်တို့ဟာ လေ့ကျင့်သင်ကြားရေး၊ ပညာရေးနဲ့ စစ် ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ် သက်ပြီးတော့ အာရုံစိုက်ပါ တယ်။ဒီစစ်ရေးလေ့ကျင့်မှုမှာ မြန်မာ ပါဝင်လာဖို့ဆိုတာက ကျွန်တော် တို့ရဲ့ဆန္ဒပါ။ ဒါက နိုင်ငံရေးပါ။ ကျွန်တော်တို့ဟာ စစ်သားတွေပါ။ဒါက စစ်ရေးလေ့ကျင့်မှုဖြစ်ပါ တယ်’’ဟု အမည်မဖော်လိုသူ ယင်းအရာရှိကပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ဆက်သွယ်မှု အမြောက်အမြားပြုလုပ်ခဲ့သော် လည်း မြန်မာ့တပ်မတော်ဘက်က တုံ့ပြန်ဖြေကြားခြင်းမရှိခဲ့ဟု ဆို သည်။

ဘင်္ဂါလီအရေးနှင့် စပ်လျဉ်း ၍ နိုင်ငံတကာရှုတ်ချမှုများ ကြောင့် မြန်မာကို မဖိတ်ခေါ်ရန် အမေရိကန်စစ်တပ်က ထိုင်းကို ဖိ အားပေးရန် ကြိုးစားခဲ့ခြင်းရှိ၊ မရှိနှင့် ပတ်သက်၍ မေးမြန်းရာ ပင်တဂွန်စစ်ဌာနချုပ်က မှတ်ချက်ပေး ရန် ငြင်းဆိုသည်။

၂၀၁၇ Cobra Gold စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်ဆင်နွှဲသူ (သို့မဟုတ်) လေ့လာသူအဖြစ် မြန်မာအပါအဝင် နိုင်ငံ ၂၉ နိုင်ငံပါဝင်ပြီး ၂၀၁၈ ယင်း စစ်ရေးလေ့ ကျင့်မှုကို ဖေဖော်ဝါရီတွင် ကျင်းပမည်ဟု မျှော်မှန်းရသည်။

အမေရိကန်နှင့် ထိုင်းသည် ဆယ်စုနှစ်များစွာ ပူးတွဲစစ်ရေး လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည် ထိုင်းစစ်တပ် က အာဏာသိမ်းချိန် ၂၀၁၄ တွင် အေးစက်ခဲ့သော်လည်း သမ္မတ ဒေါ်နယ်ထရန့်လက်ထက်၌ ဆက် ဆံရေးပြန်လည်တိုးတက်လာခဲ့ သည်။

========================
251 / End