၂၁ မတ် ၂၀၁၈ - ၁၇:၂၂
နုတ်ထွက်သွားသည့် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ကိုယ်စားလှယ်များတွေ့ဆုံ

ပြည်သူ့လွှတ်​​တော်​ဥက္ကဋ္ဌ တာဝန်​က​နေ နုတ်​ထွက်​သွားတဲ့ ဦးဝင်းမြင့်​ဟာ မတ်​လ ၂၁ ရက်​​မွန်းလွဲပိုင်း လွှတ်တော်အစည်းအဝေးပြီးချိန်မှာ NLD ပါတီဝင်​ လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေနဲ့ ​လွှတ်​​တော်​ဝင်းအတွင်းက ဇမ္ဗူသီရိခန်းမမှာ ​တွေ့ဆုံခဲ့ပါတယ်​။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပြည်သူ့လွှတ်​​တော်​ဥက္ကဋ္ဌ တာဝန်​က​နေ နုတ်​ထွက်​သွားတဲ့ ဦးဝင်းမြင့်​ဟာ မတ်​လ ၂၁ ရက်​​မွန်းလွဲပိုင်း လွှတ်တော်အစည်းအဝေးပြီးချိန်မှာ NLD ပါတီဝင်​ လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေနဲ့ ​လွှတ်​​တော်​ဝင်းအတွင်းက ဇမ္ဗူသီရိခန်းမမှာ ​တွေ့ဆုံခဲ့ပါတယ်​။

ဒီ​တွေ့ဆုံမှုမှာ​ သမ္မတရာထူးနဲ့ ပတ်သက်​တဲ့ကိစ္စ၊  လွှတ်​​တော်​ဥက္ကဋ္ဌ ရာထူးက နုတ်​ထွက်​ရတဲ့ကိစ္စ​တွေကို ​ပြောဆိုတာမရှိဘဲ သာမန်​နှုတ်​ဆက်​မှုပုံစံပဲ ဖြစ်​တယ်​လို့ အန်အယ်လ်ဒီ ပါတီကိုယ်​စားလှယ်​​တွေက ဆိုပါတယ်​။

နှုတ်​ဆက်​ပွဲတက်​​ရောက်​ခဲ့တဲ့ ရန်​ကင်းမဲဆန္ဒနယ်​ကိုယ်​စားလှယ်​ ​ဒေါ်ဇင်​မာ​အောင်​က “သတင်းစာရှင်းလင်းပွဲကို အစိုးရဘက်ခြမ်းကဖြစ်ဖြစ် ပါတီဘက်ခြမ်းကပဲ ဖြစ်ဖြစ်လုပ်မယ်လို့ ပြောပါတယ်။ ဥက္ကဋ္ဌအဖြစ်ကနေ ဒီလိုမျိုးရုတ်တရက်နုတ်ထွက်တဲ့အတွက် နှုတ်ဆက်တဲ့ သဘောပါ။ အစိုးရပိုင်းကပဲ သတင်းစာရှင်းလင်းပွဲလုပ်ပါလိမ့်မယ်။ ကျမတို့ကိုတော့ ဘာမှမပြောပါဘူး။ နှုတ်ဆက်တဲ့သဘောပါပဲ။ စည်းကမ်းရှိရှိနေဖို့ ညီညီညွတ်ညွတ်နေဖို့တို့ ဒီလောက်ပါပဲ”လို့ ဆိုပါတယ်​။

ဦးဝင်းမြင့်ဟာ လစ်​လပ်​သွားတဲ့ နိုင်​ငံ​တော်​သမ္မတ ဦးထင်​​ကျော်​​နေရာမှာ ​ရွေးချယ်​ခံဖို့အတွက်​ လက်​ရှိ ပြည်​သူ့လွှတ်​​တော်​ ဥက္ကဋ္ဌရာထူးက​နေ နုတ်​ထွက်​တာဖြစ်​တယ်​လို့ NLD ပါတီဝင်​ ကိုယ်​စားလှယ်​​တွေနဲ့ ပါတီရဲ့ ထိပ်​ပိုင်း​ခေါင်း​ဆောင်​​တွေက မှတ်​ချက်​ပြုပါတယ်​။

========================
251 / End