အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဗ်နာ သတင်းဌာန၏ သတင်း အထောက်အထား အရ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ကွတ်စ်တပ်မ၏ဗိုလ်မှူးကာစင်မ်စိုလိုင်းမန်နီအနေဖြင့်ဆွန်ဇာလန်ခရီးစဉ်အတွင်း
အစ္စရေးအားဆန့်ကျင်ပြီးရဲရဲတောက်ဟောကြားခဲ့သည့်အီရန်သမ္မတဒေါက်တာဟာစန်ရူဟာနီ၏မိန့်ခွန်းသည် ချီးမွမ်းထိုက်ကြောင်းပြောကြားရင်းအီရန်သမ္မတ၏အစ္စရေးဆန့်ကျင်
သည့်မိန့်ခွန်းသည်အီရန်လူမျိုးများအတွက်ဂုဏ်ယူစရာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
အထောက်အထားများအရ ဗိုလ်မှူး ကာစင်မ် စိုလိုင်းမန်နီ အနေဖြင့် အီရန်သမ္မတ ဒေါက်တာ ဟာစန် ရူဟာနီ ထံသို့ သဝဏ်စာ တွင်ရေးသား သီးကုံး ထားပါတယ် ။
ရေနံ နှင့်ပတ်သက်ပြီး အမေရိကန် ၏ ခြိမ်းခြောက် မှုကို တုန့်ပြန် သည့်အဖြေ သည် ချီးမွမ်းထိုက်ကြောင်း ၊ ဂုဏ်ပြု ထိုက်ကြောင်း ၊ အကယ်၍ အီရန် ရေနံ
အရောင်းအဝယ် မဖြစ် လျှင် ဒေသတစ်ခုလုံး ၏ ရေနံ အရောင်း အဝယ် အတွက် မည်သည့် အာမခံ ချက်မှ ရှိမည် မဟုတ်ကြောင်း ရေးသားထားပါတယ်။
ဗိုလ်မှူး ကာစင်မ် စိုလိုင်းမန်နီ အနေဖြင့် အီရန်သမ္မတထံ သို့ရေးထားသည့် သဝဏ်စာ တွင် လူကြီးမင်း၏မှန်ကန်ပြီး ၊ဗျူဟာနည်းကျ ၊ အချိန်နှင့်အညီ မိန့်ကြားခဲ့သည့်
မိန့်ခွန်း အတွက် လူကြီးမင်း၏ လက်ကိုနမ်း၍ အရုအသေပြုကြောင်း ရေးသားထားပါတယ်။ လူကြီးမင်းအနေဖြင့် မိမိ ၏ ပညာရှိသည့် မိန့်ခွန်း ကြောင့် ရဲဟ်ဗရ်ရေ
အင်န်ကေလာဗ် ဗေ အစ္စလာမ်မီ နှင့် မွတ်စလင် အွန်မသ် တစ်ခုလုံးကို ခေါင်းထောင် ဂုဏ်ရှိ စေခဲ့ ပြီး ပီတိ ဖြစ်စေခဲ့ကြောင်း ရေးသားထားပါတယ်။
မှတ်သားစရာ အချက်မှာ အီရန်သမ္မတ ဒေါက်တာ ဟာစန် ရူဟာနီ အနေဖြင့် ဆွန်ဇာလန် သမ္မတ နှင့် အတူ သတင်းစာ ရှင်းလင်း ပွဲ တွင် အစ္စရေး နှင့်ပတ်သက်ပြီး
မေးမြန်းသည့် မွေးခွန်း တွင် အစ္စရေး အစိုးရသည့် လုယူထားသည့် အစိုးရ ၊ တရားမဝင်အစိုးရ ၊မမှန်ကန် သည့် နည်းဖြင့်ဖြစ် နေသည့်အစိုးရ နှင့် အစိုးအတု ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
===============================
251 / End