အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်မှ မန္တလေးသို့ ရထားဖြင့် ကုန်သေတ္တာတင်ပို့နိုင် မည့် မြန်မာနိုင်ငံ၏ ပထမဆုံး ကုန်းတွင်းဆိပ်ကို ရန်ကုန်မြို့တွင် ယမန်နေ့ (နိုဝင်ဘာ ၁၁ ရက်)က ဖွင့်လှစ်ခဲ့သည်။
Resources Group Logis-tics ကုမ္ပဏီနှင့် KM Terminal & Logistics Limited တို့က ရန်ကုန် တိုင်းဒေသကြီး ရွာသာကြီးဘူတာ နှင့် မန္တလေးတိုင်းဒေသကြီး မြစ် ငယ်ဘူတာအနီးတွင် ကုန်းတွင်း ဆိပ်နှစ်ခုကို ၂၀၁၇ က လုပ်ကိုင် ခွင့်ရရှိပြီး တည်ဆောက်ရေးလုပ် ငန်းများ ပြီးစီးကာ ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။
‘‘မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု ကဏ္ဍလိုအပ်ချက်ကို ဖြည့်တင်း နိုင်ဖို့ ရည်ရွယ်ချက်နဲ့ တည် ဆောက်အကောင်အထည်ဖော်ရ ခြင်းဖြစ်ပါတယ်’’ဟု ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်က ပြောသည်။
အဆိုပါ ကုန်းတွင်းဆိပ်နှစ်ခု တည်ဆောက်ရေး Resources Group Logistics ကုမ္ပဏီက ကန်ဒေါ်လာ ၄၉ သန်းနှင့် KM Terminal & Logistics Limitedကကန်ဒေါ်လာ ၅၅ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း ယင်းကုမ္ပဏီနှစ်ခုက သတင်းထုတ်ပြန်ထားသည်။
ထိုသို့ ကုမ္ပဏီနှစ်ခုကို ခွင့်ပြု ရခြင်းသည် လုပ်ငန်းယှဉ်ပြိုင်မှုပိုမို အားကောင်းစေရန်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ယင်းကုမ္ပဏီများအနေဖြင့် နှစ် ၅၀ BOT စနစ်ဖြင့် လုပ်ကိုင် ခွင့်ရရှိခြင်းဖြစ်ကာ သတ်မှတ်သက်တမ်းပြည့်ပါက ၁၀ နှစ်၊ နှစ် ကြိမ်သက်တမ်းတိုးခွင့်ရှိကြောင်း KM Terminal & Logistics Limited အထွေထွေမန်နေဂျာ ဦးညီထွဋ်က ဆိုသည်။
ထို့အပြင် ကုန်းတွင်းဆိပ် တည်ဆောက်ရေး မြေအသုံးပြု ခွင့်အတွက် တစ်ဧကလျှင် နှစ်စဉ် ကန်ဒေါ်လာ ၅,၅၀၀ ကို မြေငှား ရမ်းခအဖြစ် ပေးဆောင်ရပြီး ကုန် သေတ္တာ တင်ဆောင်မှုအတွက် တန်ဆာခ၊ ကုန်သိုလှောင်မှုအ တွက် ရာခိုင်နှုန်းအလိုက် ဝင်ငွေ ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
‘‘ပထမနှစ်တွေမှာဆိုရင် ဖောက်သည်မရသေးဘူး။ လတ် တလောမှာတော့ ဖောက်သည် တွေ ချိတ်ရမှာတွေလည်း ရှိတော့ အမြတ်တော့ မရနိုင်သေးဘူး။ နေ့တိုင်း ပြေးနိုင်မှ အကျိုးအမြတ် ရမယ်။ ခြောက်နှစ်ပြည့်မှ အရင်း ကျေမယ်လို့ ကနဦးခန့်မှန်းထားပါ တယ်’’ဟု ၎င်းက ပြောသည်။
ကုမ္ပဏီများအနေဖြင့် ကုန် ပစ္စည်းများကို ခေါက်တိုသယ် ဆောင်ပေးခြင်း၊ ရထားပေါ်သို့ ကုန်သေတ္တာတင်ဆောင်ခြင်းနှင့် ကုန်သိုလှောင်ရုံ အသုံးပြုခနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများမှ တစ်ဆင့် ဝင်ငွေရရှိမည်ဖြစ်သည်။
ထိုသို့ ရန်ကုန်နှင့် မန္တလေး ကုန်းတွင်းဆိပ်နှစ်ခု ချိတ်ဆက်၍ ကုန်သေတ္တာတင်ရထားကို လတ်တလောတွင် တစ်ပတ်တစ်ကြိမ်သာ ပြေးဆွဲနိုင်မည်ဖြစ်ပြီး နောင်တွင် ကုန်ရရှိမှုအပေါ်မူတည်ကာ တစ်ရက်တစ်စီးနှုန်းပြေးဆွဲနိုင်ရန် မျှော်မှန်းထား ကြောင်း မြန်မာ့မီးရထား အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
အဆိုပါ ကုန်းတွင်းဆိပ်များ တည်ဆောက်မှုမပြီးမီက ရန်ကုန် မြို့ ဝါးတန်းကုန်သေတ္တာဝင်းအနီး မှ မန္တလေးသို့ ကုန်သေတ္တာတင် ရထား ကနဦးပြေးဆွဲခဲ့သည်။
ယခုအခါ ကုန်းတွင်းဆိပ် တည်ဆောက်မှုပြီးစီးပြီဖြစ်၍ယခု နှစ်ကုန်အထိသာ ဝါးတန်း ကုန် သေတ္တာဝင်းမှ ရထားပြေးဆွဲမည် ဖြစ်ပြီး နောင်တွင် ကုန်းတွင်းဆိပ် မှ ကုန်သေတ္တာတင်ရထား ပြေးဆွဲမည်ဖြစ်ကြောင်း အထက်ပါအ ကြီးတန်းအရာရှိက ပြောသည်။
ကုန်စည်သယ်ယူပို့ဆောင်ခ သည် ရန်ကုန်မှ မန္တလေးသို့ အ တက်ကုန်အလေးချိန် တစ်တန်အ တွက် တစ်မိုင်လျှင် ကျပ် ၃၀ ကျ သင့်မည်ဖြစ်ပြီး ရန်ကုန်သို့ အ ဆင်းအတွက် တစ်တန် တစ်မိုင် လျှင် ကျပ် ၂၀ ကျသင့်မည်ဖြစ် သည်။ လက်ရှိတွင် ရန်ကုန်-မန္တ လေး ကုန်တင်ယာဉ် တန်ဆာခ သည် ကုန်မာတစ်တန်လျှင် ကျပ်နှစ်သောင်းခန့်ဖြစ်ပြီး ကုန်ပွတစ် တန်လျှင် ကျပ်နှစ်သောင်းခွဲခန့် ဈေးရှိသည်။
=======================
251 / End
ရန်ကုန်မှ မန္တလေးသို့ ရထားဖြင့်ကုန်သေတ္တာတင်ပို့နိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံးကုန်းတွင်းဆိပ် စတင်ဖွင့်လှစ်
၁၁ နိုဝင်ဘာ ၂၀၁၈ - ၁၅:၀၈
News ID: 916150
ရန်ကုန်မှ မန္တလေးသို့ ရထားဖြင့် ကုန်သေတ္တာတင်ပို့နိုင် မည့် မြန်မာနိုင်ငံ၏ ပထမဆုံး ကုန်းတွင်းဆိပ်ကို ရန်ကုန်မြို့တွင် ယမန်နေ့ (နိုဝင်ဘာ ၁၁ ရက်)က ဖွင့်လှစ်ခဲ့သည်။