၁၅ ဒီဇင်ဘာ ၂၀၁၈ - ၁၉:၃၁
အိန္ဒိယက JMC သို့ မော်တော်ယာဉ်များ လှူဒါန်း

အိန္ဒိယအစိုးရက တပ် မတော်နှင့် တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအ ကြားတိုက်ပွဲများ၊ ပဋိပက္ခများဖြစ် ပွားပါက ညှိနှိုင်းဖြေရှင်းရန် ဖွဲ့ စည်းထားသည့် ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC) များ တွင် အသုံးပြုရန် မော်တော် ယာဉ် ၁၀ စီးလှူဒါန်းသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အိန္ဒိယအစိုးရက တပ် မတော်နှင့် တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးတိုင်းရင်း  သားလက်နက်ကိုင်အဖွဲ့များအ ကြားတိုက်ပွဲများ၊ ပဋိပက္ခများဖြစ် ပွားပါက ညှိနှိုင်းဖြေရှင်းရန် ဖွဲ့ စည်းထားသည့် ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC) များ တွင် အသုံးပြုရန် မော်တော် ယာဉ် ၁၀ စီးလှူဒါန်းသည်။

အိန္ဒိယ - မြန်မာ ချစ်ကြည် ရေး လုပ်ငန်း၏ စီမံကိန်းအဖြစ်  ပေးအပ်လှူဒါန်းခြင်းဖြစ်ကာအ ဆိုပါ အခမ်းအနားကို ဒီဇင်ဘာ  ၁၅ ရက်က ရန်ကုန်မြို့ရှိအမျိုး သား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင်ပြုလုပ်ရာ ပြည်ထောင်စုအ ဆင့် JMC ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင် ရာ အိန္ဒိယ သံအမတ်ကြီးနှင့် သံ ရုံးတာဝန်ရှိသူများ၊ JMC ကော် မတီဝင်များတက်ရောက်သည်။

‘‘JMC ကော်မတီဝင်များ အနေဖြင့် လူထုတွေ့ဆုံပွဲများ၊ စိ စစ်အတည်ပြုရေးစသည့် လုပ် ငန်းများနှင့် JMC အဆင့်ဆင့်၏  နေ့စဉ်လုပ်ဆောင်နေသည့် လုပ် ငန်းများတွင် ဒီမော်တော်ယာဉ် တွေက များစွာအထောက်အကူ ပြုမှာဖြစ်ပါတယ်’’ ဟု JMC - U  ဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီး ရာပြည့်က ဆိုသည်။ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို အားပေးထောက်ခံခြင်း နှင့် ပံပိုးကူညီမှုအတွက်ကျေးဇူး တင်ကြောင်း ၎င်းကဆိုသည်။

မြန်မာနှင့် အိန္ဒိယချစ်ကြည် ရေးလုပ်ငန်းစဉ်တစ်ခုအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် အထောက်အကူပြုနိုင်ရေး JMC - U ထံတွင်လုပ်ငန်း သုံးယာဉ်များလှူဒါန်းပေးအပ် ရခြင်းဖြစ်ကာ JMC  ၀န်ထမ်းများ သက်ဆိုင်ရာဒေသများသို့လျင် မြန်စွာသွားရောက်ပြီး လုပ်ငန်း  များဆောင်ရွက်နိုင်ရန်နှင့် လမ်း ပန်းဆက်သွယ်ရေးအဆင်ပြေစေ ရန် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံသံ အမတ်ကြီးကပြောသည်။

‘‘မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်က အခြေအနေ တွေအရ ခက်ခဲကြာရှည်နိုင်မယ် ဆိုတာကျွန်တော်တို့နားလည်ပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အိန္ဒိယနိုင်ငံအနေနဲ့ ဆက်လက်  ပြီးတော့ ထောက်ပံ့ကူညီပေးရန် အတွက်ဆန္ဒရှိပါတယ်။ယခုအ ကြိမ် ကျွန်တော်တို့ပေးအပ်တဲ့ မော်တော်ယာဉ်တွေက JMC ရဲ့ စွမ်းဆောင်ရည် တိုးမြှင့်ရေးအ တွက် ဆောင်ရွက်ပေးနိုင်မယ်လို့  မျှော်လင့်ပါတယ်’’ ဟု သံအမတ် ကြီးကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း   က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး  အလည်အပတ်ရောက်ရှိခဲ့သည့် အိန္ဒိယနိုင်ငံ သမ္မတက မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်  ကို အားပေးထောက်ခံပြီး ဆက် လက် အကူအညီပေးမည် ဖြစ် ကြောင်း ပြောကြားခဲ့သည်ဟု သံအမတ်ကြီးကဆိုသည်။ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး က JMC သို့လှူဒါန်းပေးအပ်သည့်   ယာဉ်များသည် အိန္ဒိယနိုင်ငံထုတ်  Xenon (Limited Slip Differential) အမျိုးအစားဖြစ် သည်။ အဆိုပါ ကားများကို စစ် ဘက်၊ အရပ်ဘက်သုံး အမျိုးအစားနှစ်မျိုး ထုတ်လုပ်ခြင်း ဖြစ် သည်။  

အိန္ဒိယနိုင်ငံက လှူဒါန်း သည့် TA TA Xenon ကားတစ်စီး ၏ တန်ဖိုးမှာ ကျပ်သိန်း ၁၅၀ အထက်မှ သိန်း ၃၀၀ ခန့်ရှိ ကြောင်း ကားကျွမ်းကျင်သူများ ကဆိုသည်။ ယခုနှစ်လယ် ပိုင်းတွင်လည်း တရုတ်အစိုးရက  JMC သို့ တစ်စီးလျှင် ကျပ်သိန်း ၅၀၀ ကျော် တန်ဖိုးရှိကား ၁၀ စီးလှူဒါန်းထားသည်။

=======================
251 / End