အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လွတ်လပ်ရေးနေ့တွင် ၀န်ထမ်းအိမ်ရာများအပြင် ပုဂ္ဂလိ ကပိုင်နေအိမ်များ၌လည်း နိုင်ငံ တော်အလံလွှင့်ထူရန် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က နှိုး ဆော်ထားသည်။
မြန်မာနိုင်ငံ၏ နေ့ထူး၊ နေ့မြတ်ဖြစ်ပြီး တိုင်းရင်းသားလူ မျိုးအားလုံး၏ အသက်၊ သွေး၊ ချွေးများဖြင့် ရင်းနှီးပေးဆပ်ရယူခဲ့ သော (၇၁)ကြိမ်မြောက်လွတ် လပ်ရေးနေ့ကို ဂုဏ်ပြုသောအား ဖြင့် ဇန်န၀ါရီ ၄ ရက်တွင် မြန်မာ နိုင်ငံတော်အလံကို လွှင့်ထူရန် တိုက်တွန်းနှိုးဆော်ထားသည်။
နိုင်ငံတော်အလံကို သက် ဆိုင်ရာရုံး၊ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အအုံ၊ ၀န်ထမ်းအိမ်ရာ နှင့် ပုဂ္ဂလိကနေအိမ်များတွင် လွှင့်ထူရန် နှိုးဆော်ချက်၌ ဖော်ပြထားသည်။
အဆိုပါတိုက်တွန်းနှိုးဆော် ချက်ကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ထုတ် ဝေသည့်ဒီဇင်ဘာ ၂၄ ရက်ထုတ် မြို့တော်သတင်းစာ၌ ဖော်ပြထား သည်။
ယခင်က လွတ်လပ်ရေးနေ့ တွင် နိုင်ငံတော်အလံလွှင့်ထူရန် ရုံးတွင်းညွှန်ကြားချက်များ ထုတ် ပြန်လေ့ရှိပြီး ယခုကဲ့သို့ နေအိမ် များ၌ပါ လွှင့်ထူရန် နှိုးဆော်ခြင်း မျိုးမရှိခဲ့ကြောင်း အုပ်ချုပ်ရေးအ ရာရှိဟောင်းအချို့က ပြောသည်။
‘‘အရင်ကတော့ ကိုယ့်အသိ စိတ်နဲ့ကိုယ် လွှင့်ထူကြတာမျိုး တော့ရှိခဲ့တယ်။ သီးခြားတိုက် တွန်းတာမျိုးတော့မရှိခဲ့ဘူး။ အခု ကလည်း နှိုးဆော်တဲ့သဘောပါပဲ။ နှိုးဆော်တာက မဖြစ်မနေလုပ်ရ မယ်လို့ ပြောတာတော့မဟုတ် ဘူး’’ ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဟောင်း ဒေါက်တာသန်းအောင် က ပြောသည်။
=======================
251 / End
၂၅ ဒီဇင်ဘာ ၂၀၁၈ - ၁၆:၄၂
News ID: 922127
လွတ်လပ်ရေးနေ့တွင် ၀န်ထမ်းအိမ်ရာများအပြင် ပုဂ္ဂလိ ကပိုင်နေအိမ်များ၌လည်း နိုင်ငံ တော်အလံလွှင့်ထူရန် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က နှိုး ဆော်ထားသည်။