အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ-တရုတ် နယ်စပ်ရှိ ကျင်စန်းကျော့ဂိတ်ကို တရားဝင်ဖွင့်လှစ်ရေး တရုတ် နိုင်ငံက လိုလားသည့် သဘောရှိ ကြောင်းနှင့် အမြန်ဆုံးဖွင့်လှစ်နိုင် ရေး ဆက်လက်ဆွေးနွေးညှိနှိုင်း မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်က ပြောသည်။
‘‘ဖွင့်တာကတော့ ထပ်ပြီးအ သေးစိတ်ဆွေးနွေးရမှာပေါ့။ ဒါ ကို ဖွင့်ဖို့ကတော့ သူတို့ဘက်က လိုလားတဲ့ သဘောရှိတယ်’’ ဟု ယမန်နေ့က နေပြည်တော်၌ တရုတ်နိုင်ငံမှ သံရုံးကိုယ်စား လှယ်များနှင့် ဆွေးနွေးမှုအပြီးတွင် ပြည်ထောင်စုဝန်ကြီးက မီဒီယာ များအား ဖြေကြားသည်။
ကျင်စန်းကျော့ဂိတ်သည် တရားဝင်ဖွင့်လှစ်ထားခြင်း မရှိ သေးသည့် ဂိတ်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံမှ လုံခြုံရေးကိစ္စအ ကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ၂၀၁၈ ဒီဇင်ဘာ ၂၀ ရက်က ပိတ်ခဲ့သဖြင့် မြန်မာနိုင်ငံမှ ဖရဲ၊ သခွား တင်ပို့နေသော ကားများစွာ ပိတ်ဆို့ မှုများဖြစ်ခဲ့သည့်အပြင် တောင် သူများဆုံးရှုံးနစ်နာမှုများစွာ ကြုံ ခဲ့ရသည်။
ယင်းသို့ ဖြစ်ပျက်ခဲ့မှုနှင့်ပတ် သက်၍ ၂၀၁၉ ဇန်နဝါရီ ၇ ရက်က နေပြည်တော်၌ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန တာဝန်ရှိသူများနှင့် တရုတ်သံရုံးကိုယ်စားလှယ်များ ဆွေးနွေးခဲ့သည်။
‘‘သဘောတူညီချက်က ဘာ ရမလဲဆိုရင် နံပါတ်တစ် သူတို့က သူတို့ရှိတဲ့ ဂိတ်တွေကို အချိန်ပို တိုးဖွင့်ပေးမယ်။ နောက်တစ်ခါ တတ်နိုင်သမျှလည်း ဖြေလျှော့ မယ်ပေါ့။ သူတို့ဘက်က လူဝင်၊ လူထွက် စနစ်တကျ တင်းကျပ်တဲ့ အခါကျတော့ ကားတွေက လွယ် လွယ်ကူကူ ဝင်လို့မရဘူး။ ကန့် သတ်တာတော့ မဟုတ်ဘူး။ သို့ သော် လူတွေမှာ လက်ဗွေနှိပ်တာ တို့၊ ဓာတ်ပုံရိုက်တာတို့လုပ်တော့ အချိန်ကကြာတာပေါ့။ အဲဒါကို မြန်မြန်ဆန်ဆန်လုပ်ပေးဖို့။ အ ရင်တုန်းက နှစ်လိုင်းရှိရာကနေ လေးလိုင်းလုပ်ပေးဖို့ပေါ့’’ ဟု ပြည်ထောင်စုဝန်ကြီးက ပြော သည်။
‘‘နောက်တစ်ခါ အထူးသ ဖြင့် ဂိတ်တွေ ဖွင့်တဲ့နေရာမှာ ဟို တုန်းက သဘောတူညီချက်တွေ ရှိတယ်။ ဒါကို ပြန်လည်ပြင်ဆင် ပြီးတော့ ပိုမိုကောင်းမွန်လာ အောင်လုပ်ဖို့တော့ရှိတယ်။ ဒါက တော့ ရေရှည်ပေါ့။ ရေတိုမှာ တော့ ဂိတ်တွေကို ဘယ်လိုမြန်မြန် ဆန်ဆန်ဖြစ်အောင် ဖွင့်ကြမလဲ ဆိုတဲ့ မူအားဖြင့်သဘောတူညီမှု ရတယ်။ ဒါကိုလည်း သူတို့ဘက် ကလည်း သူတို့ဆောင်ရွက်မယ်။ တို့ဘက်ကလည်း ကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာနနဲ့တို့ဘက်တိုင်ပင်ပြီး အမြန် ဆုံးဖြစ်အောင်တော့ လုပ်ပေးရမှာ ပေါ့’’ ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ကျင်စန်းကျော့ဂိတ်ကို ယခု လပိုင်းအတွင်း ဖွင့်လှစ်နိုင်မည့် အခြေအနေရှိ၊မရှိ မေးမြန်းမှုအ ပေါ် နှစ်နိုင်ငံပေါင်းစပ်၍ ကြိုးစား ရဦးမည်ဟုသာ ပြည်ထောင်စုဝန် ကြီးက ဖြေကြားသည်။
ထို့အပြင် ဖရဲ၊ သခွားတင်ပို့ ရာတွင် ဆုံးရှုံးမှုများရှိခဲ့သည့် လုပ် ငန်းရှင်များနှင့် တောင်သူများအ ပေါ် ဝန်ကြီးဌာနက ဆောင်ရွက် ပေးရန် ရှိ၊ မရှိမေးမြန်းရာ နစ်နာ မှုများကိုသိရှိကြောင်းနှင့် အသိအ မှတ်ပြုစာနာသော်လည်း လတ် တလောဆောင်ရွက်ပေးရန် မရှိ သေးကြောင်း ပြန်လည်ဖြေကြား သည်။
‘‘နစ်နာတာ ကျွန်တော် လည်း သိပါတယ်။ တော်တော် လေးကို နစ်နာကြပါတယ်။ ဆုံးရှုံး တာများပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ကားနဲ့သယ်သွား တယ်။ အချိန်ကုန်တယ်။ ကားခ ကုန်တယ်။ ပြီးတော့ ဒီပစ္စည်းတွေ က ပျက်စီးကုန်တယ်ဆိုတော့ နစ်နာမှုတော့ရှိကြပါတယ်။ လောလောဆယ် နစ်နာမှုအတွက် ပေးဖို့ဆိုတာက ဘာမှမရှိသေးပါ ဘူး။ သို့သော် အမြန်ဆုံးပွင့်အောင် တော့ လုပ်ရမယ့် သဘောတော့ရှိ ပါတယ်’’ ဟု ၎င်းကဆိုသည်။
ဖရဲ၊ သခွားများနှင့် ရေထွက် ကုန်များကို တရုတ်နိုင်ငံသို့ နှစ် နိုင်ငံနားလည်မှုဖြင့် ဖွင့်လှစ်ထား သော ကျင်စန်းကျော့ဂိတ်မှတစ် ဆင့် ကုန်ပစ္စည်းများ တင်ပို့နေ ခြင်းဖြစ်သည်။
မြန်မာ-တရုတ် နယ်စပ် တွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေ ဟော်၊ ကန်ပိုက်တီးဟူသည့် နယ် စပ်ကုန်သွယ်ရေးဇုန် လေးခုကို တရားဝင်ဖွင့်လှစ်ထားသည်။
တစ်နှစ်လျှင် ကန်ဒေါ်လာ ငါးဘီလီယံကျော် ကုန်သွယ်နေ သည့် မူဆယ်နယ်စပ်ကုန်သွယ် ရေး လမ်းကြောင်းသည် မြန်မာ- တရုတ်နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် ကုန်သွယ်မှုအများ ဆုံးဖြစ်သည်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှု ပမာဏသည် အခြားကုန်သွယ် ရေး ဇုန်သုံးခုထက် ၈၀ ရာခိုင်နှုန်း ကျော်ပိုများသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ တရုတ်နိုင်ငံ ယူနန်ပြည် နယ်သို့ ကုန်စည်ပို့ဆောင်ရာတွင် မန်ဝိန်း၊ ရွှေလီဂိတ်နှင့် ပန်ဆိုင်း၊ ဝမ်တိန်ဂိတ်များ တရားဝင်ဖွင့်လှစ်ထားသည်။ လက်ရှိကျင်စင်း ကျော့ဂိတ်တွင် နှစ်နိုင်ငံနားလည် မှုဖြင့်သာ ကုန်သွယ်နေခြင်းဖြစ် သည်။ ထို့အပြင် ကျင်စန်းကျော့ ဂိတ်သည် မြန်မာနိုင်ငံမှ ပို့ကုန် တစ်မျိုးကိုသာ အဓိကဆောင်ရွက် နေသည်။
=======================
251 / End
ကျင်စန်းကျော့ဂိတ် တရားဝင်ဖွင့်လှစ်နိုင်ရေး တရုတ်လိုလားဟု စီးကူးဝန်ကြီးပြော တောင်သူနှင့် ကုန်သည်များ၏ နစ်နာဆုံးရှုံးမှုကို သိသော်လည
၇ ဇန်နဝါရီ ၂၀၁၉ - ၁၆:၄၄
News ID: 923948
မြန်မာ-တရုတ် နယ်စပ်ရှိ ကျင်စန်းကျော့ဂိတ်ကို တရားဝင်ဖွင့်လှစ်ရေး တရုတ် နိုင်ငံက လိုလားသည့် သဘောရှိ ကြောင်းနှင့် အမြန်ဆုံးဖွင့်လှစ်နိုင် ရေး ဆက်လက်ဆွေးနွေးညှိနှိုင်း မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်က ပြောသည်။