၂၂ ဖေဖော်ဝါရီ ၂၀၁၉ - ၁၆:၂၀
ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ဇူလိုင် ၁၇ ရက်မတိုင်မီ တင်သွင်းမည် အမည်စာရင်းကြိုမပေးပို့သဖြင့် ပြည်ခိုင်ဖြိုးကိုယ်စာ

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော် မတီအစည်းအဝေးကို ယမန်နေ့ တွင်စတင်ကျင်းပပြီး ပြည်ခိုင် ဖြိုးကိုယ်စားလှယ်နှစ်ဦး အစည်း အဝေးတက်ရောက်ခွင့်မရခြင်း ကြောင့် အငြင်းပွားမှုရှိခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဖွဲ့စည်းပုံ အခြေခံ  ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော် မတီအစည်းအဝေးကို ယမန်နေ့  တွင်စတင်ကျင်းပပြီး ပြည်ခိုင် ဖြိုးကိုယ်စားလှယ်နှစ်ဦး အစည်း အဝေးတက်ရောက်ခွင့်မရခြင်း ကြောင့် အငြင်းပွားမှုရှိခဲ့သည်။

အခြေခံ ဥပဒေပြင်ဆင်ရေး  ပူးပေါင်းကော်မတီကို စတင်ဖွဲ့ စည်းပြီးနောက်တစ်ရက်အကြာ တွင်ပင် အစည်းအဝေးစတင် ခြင်းဖြစ်သည်။ ပြည်ခိုင်ဖြိုးကိုယ် စားလှယ်နှစ်ဦးက ယင်းအစည်း အဝေးတက်ရန် လာရောက် သော်လည်း အမည်စာရင်းကြို တင်မပေးပို့ထားသဖြင့် လွှတ် တော်ရုံးဝန်ထမ်းများက အစည်း အဝေးခန်းမအတွင်း ၀င်ခွင့်မပြုခဲ့ ပေ။

ထိုသို့ တားမြစ်ခံရမှုကြောင့်  အစည်းအဝေး တက်ရန်ရောက်ရှိ လာသည့် ပြည်ခိုင်ဖြိုးပါတီဝင် ဦးသိန်းထွန်းနှင့် ဒေါ်နန်းနီနီအေး က ပြန်လည်ထွက်ခွာပြီး  ကော်မ တီအစည်းအဝေးများ ဆက် လက်တက်ရောက်ရန်  မသေချာ တော့ကြောင်း  သတင်းထောက် များအား ပြောသည်။

ပူးပေါင်း ကော်မတီတွင်  ပြည်ခိုင်ဖြိုးပါတီက ပါဝင်ဆောင် ရွက်လာခြင်းအပေါ် ကြိုဆို ကြောင်းနှင့် လွှတ်တော်ဆိုင်ရာ တရားဝင် လုပ်ထုံးလုပ်နည်းများ အရ အထက်ပါဖြစ်စဉ် ပေါ် ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ကော်မ တီအတွင်းရေးမှူး ဒေါက်တာမြတ် ဉာဏစိုးက အစည်းအဝေးပြီးဆုံး ချိန်တွင် ပြောသည်။

လက်ရှိ ပူးပေါင်းကော်မတီ တွင် အမည်စာရင်းပေးထားခြင်း မရှိသော ပါတီ၊အစုအဖွဲ့များအ တွက် ထိုင်ခုံနေရာများ ချန်လှပ် ပေးထားပြီး မည်သည့်အချိန်တွင်  ပါဝင်လာသည်ဖြစ်စေ လက်ခံကြို  ဆိုမည်ဖြစ်ကြောင်း ၎င်းကပြော သည်။ သို့သော် လုပ်ထုံးလုပ် နည်းအရ ကော်မတီအစည်းအ ဝေးတက်ရောက်ရန် ကျန်ရှိနေ သော ပါတီ၊အစုအဖွဲ့များ၏သတ် မှတ် ကိုယ်စားလှယ်နေရာအ လိုက်အမည်စာရင်း တိကျစွာပေး ရန်လိုသည်ဟု ဆိုသည်။ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပူးပေါင်းကော်မတီတွင် ပါဝင် မည့် ပါတီကိုယ်စားပြုကိုယ်စား လှယ်နှစ်ဦး အမည်စာရင်းပေးပို့ ပါက ပြည်ထောင်စုလွှတ်တော် နာယကအမိန့်ဖြင့် ကော်မတီဝင် အဖြစ် တရားဝင်ပါဝင်လာမည် ဖြစ်ကာ လာမည့်အစည်းအဝေး များသို့ တက်ရောက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦး သိန်းထွန်းကမူ အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားချက် လက်ခံရရှိ၍ လာရောက်ခြင်းဖြစ် ပြီး ယခုဖြစ်စဉ်ကြောင့် ကော်မတီ တွင် ပူးပေါင်းပါဝင်ရန် တွေဝေရ သည်ဟု ဆိုသည်။

ယင်းအစည်းအဝေး တက် ရောက်ရန် ပူးပေါင်းကော်မတီ ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူးက စာပေးပို့ဖိတ်ကြားသည့်အပြင် ပြည်ထောင်စုလွှတ်တော်ရုံး တာ ၀န်ရှိသူများကလည်း ဖုန်းဖြင့် လေးကြိမ်တိုင် ဆက်သွယ်ဖိတ် ကြားကြောင်း ၎င်းကပြောသည်။

‘‘အစတည်းက ကျွန်တော် တို့ကိုမတက်စေချင်ရင် ဖိတ်စရာ မလိုဘူး။ မဖိတ်နဲ့။ ကော်မတီထဲ မှာ မပါသေးလို့ဆိုရင်ရှင်းတာပဲ။ကျွန်တော်တို့ လာစရာမလိုဘူး။ အဆင့်သုံး၊လေးဆင့်ပြီးမှ၊ အခန်း ၀နားရောက်မှ ဒီလိုကောက်လုပ် လိုက်တော့ ကျွန်တော်တို့လည်း ပြောရရင်တော့ စိတ်ထဲမကောင်း ဘူးပေါ့’’ဟု ဦးသိန်းထွန်းက ဆို သည်။

ယင်းဖြစ်စဉ်သည် နား လည်မှု လွဲမှားခြင်းသာဖြစ်ပြီး လုပ်ထုံးလုပ်နည်းအရ ပူးပေါင်း ကော်မတီတွင် ပါဝင်ရန်သတ် မှတ်ထားသည့် ပါတီ၊အစုအဖွဲ့ များအနေဖြင့် အစည်းအဝေး တက်ရောက်ရန်ဖိတ်ကြားမှုကို လက်ခံပါက ကော်မတီတွင် ပါ ၀င်မည့်လူစာရင်းကို တရားဝင် ပေးပို့ရမည်ဖြစ်ကြောင်း ကော်မ တီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြန်လည်ရှင်း လင်းသည်။

ပူးပေါင်းကော်မတီဖွဲ့စည်း ခြင်းကို ကန့်ကွက်ထားသည့်တပ် မတော်သားကိုယ်စားလှယ်များ ကမူ ယမန်နေ့အထိကော်မတီ တွင်ပါဝင်ရန် အမည်စာရင်းပေးပို့ ခြင်းမရှိသေးကြောင်း ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

ယမန်နေ့ကပြုလုပ်သည့် အ ခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အစည်းအဝေးတွင် ကော်မတီအနေဖြင့်  လေးလအ တွင်း လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းနိုင်ရေး ဆောင်ရွက်ရန် နှင့် ကော်မတီအစည်းအဝေးပြု လုပ်မည့် အချိန်ဇယားကိုညှိနှိုင်း သတ်မှတ်ခဲ့ကြောင်း တက်ရောက် သည့် ကိုယ်စားလှယ်များကပြော သည်။

ကော်မတီ အစည်းအဝေးကို လွှတ်တော်အစည်းအဝေး ကျင်းပ သည့်ကာလတွင် အပတ်စဉ်သုံး ရက်ပြုလုပ်ရန် သတ်မှတ်ထားပြီး လွှတ်တော် ရပ်နားချိန်တွင် ညှိ နှိုင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ ကြောင်း ဒီချုပ်အမတ်ဦးအောင် ကြည်ညွန့်က ပြောသည်။

‘‘တပ်မတော်နဲ့ ပြည်ခိုင် ဖြိုးကိုတော့ အမြဲတမ်းဖွင့်ထားပါ တယ်။ ပိတ်မထားဘူး။လာချင်တဲ့ အချိန်လာ။ နောက်ဆုံးပြီးဆုံးတဲ့ အထိတောင်သူတို့အတွက် တံခါး ဖွင့်ထားတယ်။ ဖွဲ့စည်းပုံပြင်ဆင် ရေးကိုငါးလနဲ့မဟုတ်ဘူး၊  လေး လကိုအပြီးလုပ်မယ်။ ငါးလက လျာထားတာ။ အစီရင်ခံစာထွက် ဖို့ကိစ္စနဲ့ မူကြမ်းဆွဲဖို့ကိစ္စကို အပြီး လုပ်မှာ’’ဟု ရခိုင်အမျိုးသားပါတီ ၀င်အမတ် ဦးအောင်ကျော်ဇံက ပြောသည်။

အဆိုပါ ပူးပေါင်းကော်မတီ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးအတွက် လေ့ လာသုံးသပ်ချက် အစီရင်ခံစာ တစ်ရပ်ကို ယခုနှစ်ဇူလိုင် ၁၇ ရက်မတိုင်မီ ပြည်ထောင်စုလွှတ် တော်သို့ တင်ပြရမည်ဖြစ်သည်။

=======================
251 / End