အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ စိတ် ၀င်စားသည့်လူငယ်များရှိသဖြင့် ၀မ်းသာကြောင်းနှင့် ယင်းသည် နိုင်ငံ အတွက်ကောင်းမွန်သောလက္ခဏာဖြစ်ကြောင်း နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းသို့ရောက်နေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယမန်နေ့တွင် ဟုမ္မလင်းမှ လေရှီးသို့သွားရောက်ရာ ရာသီဥတုအခြေအနေကြောင့် ထမံသီသို့ ရုတ်တရက်သွားရောက်ခိုက် လူငယ်တစ်ဦးကမေးမြန်းမှုကို ယင်းသို့ဖြေကြားခြင်းဖြစ်သည်။
‘‘ထမံသီလိုမြို့လေးမှာ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးနဲ့ပတ်သက်လို့စိတ် ၀င်စားတဲ့ လူငယ်တွေရှိလို့ဝမ်း သာတယ်။ ဒါဟာ ကျွန်မတို့နိုင်ငံ အတွက်ကောင်းတဲ့လက္ခဏာပဲ။ ကိုယ့်နိုင်ငံမှာ ဘာတွေဖြစ်နေလဲ ဆိုတာ အားလုံးကစိတ်ဝင်စားရ မယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက သူတို့(အစိုးရ)နဲ့ဆိုင်တဲ့ကိစ္စလို့ အဲဒီလို ဘယ်တော့မှ စိတ်ထဲမှာ မထားရဘူး။ ဒီနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာအားလုံးဟာ ကိုယ့်ကိစ္စ ဖြစ်တယ်လို့ လူတိုင်း လူတိုင်းက စိတ်ထဲမှာထားရမယ်’’ ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။
ထမံသီမြို့ရှိလူထုနှင့်တွေ့ ဆုံစဉ် လူငယ်တစ်ဦးက ‘‘အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ပြည် သူရဲ့အခန်းကဏ္ဍက ဘယ် လောက်အထိ အရေးပါသလဲ။ လက်ရှိကော အခြေခံဥပဒေပြင် ဆင်ရေးက ဘယ်လောက်အထိ ရောက်သွားပြီလဲ သိချင်ပါတယ်’’ ဟု မေးမြန်းခဲ့သည်။
ယင်းမေးခွန်းကို နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည် သူများသည် ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှုရှိရန်၊ မည်သည့်နိုင်ငံတွင် မဆို ပြည်သူလူထု၏အခန်းကဏ္ဍ ကအဓိကဖြစ်ပြီး လုပ်ငန်းများ အောင်မြင်ရန် ပြည်သူလူထု ပါဝင်မှဖြစ်မည်ဟု ထည့်သွင်း ဖြေကြားသည်။
ထို့အပြင် ထမံသီသို့ ရဟတ် ယာဉ်ဆင်းရာတွင် နေအိမ်အမိုး များပျက်စီးသည်ကို တာဝန်ယူ မည်ဖြစ်ကြောင်းနှင့် ရဟတ်ယာဉ် ကြောင့် မပျက်စီးဘဲ ပျက်စီးစရိတ် မတင်ရန် ဒေါ်အောင်ဆန်းစုကြည် က ပြည်သူလူထုကိုပြောသည်။
‘‘ဟက်စကီးကြောင့် ပျက်စီး တဲ့အတွက်ကြောင့်တော့ ကျွန်မ တို့အားလုံးတာဝန်ယူပါမယ်။ စိတ်မပူပါနဲ့။ ပြည်သူလူထုက ကျွန်မတို့အတွက် ဒုက္ခတွေခံစရာ မလိုပါဘူး’’ ဟု ၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နေ့တွင် ဟုမ္မလင်းမှ တမူးသို့သွားရောက်ရန် စီစဉ်ထား သော်လည်း ရာသီဥတုအခြေအ နေကြောင့် မသွားရောက်ခဲ့ပေ။ ထို့အတွက် ညနေပိုင်းတွင် ဟုမ္မ လင်းမှ မုံရွာမြို့သို့ရောက်ရှိပြီး မုံရွာတက္ကသိုလ်သို့ သွားရောက်ခဲ့ သည်။
=================================
251 / End
၈ မတ် ၂၀၁၉ - ၁၇:၀၃
News ID: 932276
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ စိတ် ၀င်စားသည့်လူငယ်များရှိသဖြင့် ၀မ်းသာကြောင်းနှင့် ယင်းသည် နိုင်ငံ အတွက်ကောင်းမွန်သောလက္ခဏာဖြစ်ကြောင်း နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။