၁၂ မတ် ၂၀၁၉ - ၁၉:၃၅
NRPC နှင့် RCSS တွေ့ဆုံပွဲတွင် ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအပါအ၀င် အချက်ငါးချက် ဆွေးနွေး တပ်မတော်နှင်

အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များ ပါဝင် သော အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဋ္ဌာန(NRPC) နှင့် ရှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ (RCSS) တို့ယမန်နေ့တွင် နေပြည် တော်၌ တရားဝင်ဆွေးနွေးပွဲ ပြု လုပ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန


အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များ ပါဝင် သော အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဋ္ဌာန(NRPC) နှင့် ရှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ (RCSS) တို့ယမန်နေ့တွင် နေပြည် တော်၌ တရားဝင်ဆွေးနွေးပွဲ ပြု လုပ်ခဲ့သည်။

ယင်း ဆွေးနွေးပွဲတွင် ပြဿနာ ပေါ်ပေါက်ခြင်းကြောင့် မကျင်းပနိုင်သေးသည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲ ကျင်းပနိုင်ရေး အပါအ၀င် အချက်ငါးချက်ကို အဓိကဆွေး နွေးခဲ့သည်။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လင်းခေးမြို့၌ ကျင်းပရန် ၂၀၁၇ နှစ်ကုန်ပိုင်း၌ ကျင်းပသည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)က ဆုံးဖြတ်သော်လည်း ယင်းဆွေးနွေးပွဲအ ကြို လူထုတွေ့ဆုံပွဲများ ရှမ်းပြည်နယ် မြို့နယ်များ၌ ကျင်းပရာ NCA ပြဋ္ဌာန်းချက်များနှင့် မညီဟုဆိုကာ တပ်မတော်က တားဆီး၍ RCSS က လင်းခေးတွင် ကျင်းပမည့် လူမျိုးအလိုက် ဆွေးနွေးပွဲကို ရွှေ့ဆိုင်းခဲ့သည်။

RCSS ကိုယ်စားလှယ်အ ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဘောင်ခေးက NCA လမ်းကြောင်းအတိုင်း ဆက်သွားနိုင်ရန် နည်းလမ်းရှာလို ကြောင်း၊ ယင်းနည်းလမ်းအတိုင်း လျှောက်လှမ်းရန် ဆုံးဖြတ်ထား ကြောင်း ဆွေးနွေးသည်။

‘‘ကျွန်တော်တို့ ဒီရှမ်းအမျိုး သားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကိစ္စ၊ ဒီ NCA သွားမယ့် လမ်းကြောင်းက ဒါတွေဟာ မလုပ်ဖြစ်တဲ့ကိစ္စဖြစ်နေလို့ ဒါတွေကလည်း ကျွန်တော်တို့ NCA လမ်းကြောင်း ဆက်နိုင်ဖို့ တော်တော်လေး ခံနေတဲ့အချက် ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ပြည်သူလူထုရဲ့ သဘောထား မရယူဘဲနဲ့ ဒီညီလာခံကို တက်ဖို့ဆိုတာ ကျွန်တော်တို့ဘက်မှာ အခက်အခဲ ဖြစ်နေပါတယ်။ ဒီကိစ္စလည်း ကျွန်တော်တို့ဒီ NRPC ကို စဉ်းစားပေးစေချင်ပါ တယ်’’ဟု ဗိုလ်ချုပ်ဘောင်ခေးက ပြောသည်။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး ကိစ္စအပါအ၀င် ဖမ်းဆီးခံထားရသည့် RCSS တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကိစ္စ၊ ဒေသဖွံ့ဖြိုးရေးကိစ္စ၊  မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စ၊  စစ်ဘေးရှောင် ပြည်သူများကိစ္စဟူသည့် အချက်ငါးချက်ကို အဓိက ဆွေးနွေးခဲ့သည်ဟု အစိုးရ ကိုယ်စားလှယ် ဦးဇော်ဌေးက ပြောသည်။

‘‘အဲဒါအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရှေ့ဆက်ပြီးတော့ဘယ်လို့ ဆောင်ရွက်မလဲဆိုတာ တွေ ဆွေး နွေးတယ်။ ဆွေးနွေးတဲ့အပေါ်မှာလည်း နှစ်ဖက်သဘော ထား အမြင်တွေ ပွင့်ပွင့်လင်းလင်း ကျေကျေလည်လည် ဆွေးနွေးတယ်။ အခက်အခဲတွေလည်း ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ သူ့ဘက်၊ ကိုယ့် ဘက် အခြေအနေတွေ လည်း ပြောကြတယ်။ အဲဒီအပေါ် မှာတော့ သဘောထားစုစည်းချက်တွေ ရပါတယ်။ ရတဲ့ဟာတွေကို နှစ်ဖက်ပြန် တင်ပြပြီးတော့ ဆက်ပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိပါတယ်’’ ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် RCSS တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ကိစ္စကို ပြန်စိစစ်ပြီး တွေ့ရှိ ချက် ကို NRPC အစည်းအဝေးတွင် တင်ပြဆောင်ရွက်ရန် ရှိသည်ဟု ဦးဇော်ဌေးက ပြော သည်။

RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက ‘‘ခြုံပြီး ပြောရမယ်ဆိုရင် ဒီအစည်းအဝေး ဖြစ်ဖို့က အားလုံးကြိုးစားပြီး လုပ်ခဲ့ရတာ။ ဒီနေ့ပွဲ့ကတော့ တကယ့်ကို ကောင်းမွန်တဲ့ရလဒ်တွေရရှိတဲ့ ပွဲလို့ပဲ ကျွန်တော်တို့ဘက်က ပြောကြားလိုပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ၂၁ ပင်လုံကို မကြာမီ ပြန်စနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ကြိုးလည်း ကြိုးစားနေတယ်’’ ဟု ပြောသည်။

အစိုးရက ၂၁ရာစုပင်လုံကို မေလကုန်ထက် နောက်မကျဘဲ ကျင်းပရန် ကြိုးပမ်းနေသည်။  

RCSS သည် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် တပ်မတော်နှင့် စစ်ရေးပဋိပက္ခအများဆုံးဖြစ်ပွားသည့် အဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့၏ နေပြည်တော် ခရီးစဉ်တွင်   တပ်မတော်နှင့် တပ်ပိုင်းဆိုင်ရာကိစ္စများ ဆွေးနွေးရန် ယနေ့(မတ် ၁၂ ရက်)တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

==========================
251 /End