၂၆ မတ် ၂၀၁၉ - ၁၇:၃၉
ဒေါက်တာအေးမောင်၏ ANP ဥက္ကဋ္ဌနေရာကို လတ်တလော အစားထိုးမည်မဟုတ်

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌအဖြစ်မှနုတ်ထွက် ထားသည့် ဒေါက်တာအေးမောင် နေရာတွင် လတ်တလောအစား ထိုး ရွေးချယ်ခန့်အပ်ခြင်းမပြုဘဲ ပါတီညီလာခံ ကျင်းပချိန်မှသာ အသစ်ပြန်လည်ရွေးချယ်မည်ဖြစ် ကြောင်း ANP အတွင်းရေးမှူး ဦးသာထွန်းလှက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန


ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌအဖြစ်မှနုတ်ထွက် ထားသည့် ဒေါက်တာအေးမောင် နေရာတွင် လတ်တလောအစား ထိုး ရွေးချယ်ခန့်အပ်ခြင်းမပြုဘဲ ပါတီညီလာခံ ကျင်းပချိန်မှသာ အသစ်ပြန်လည်ရွေးချယ်မည်ဖြစ် ကြောင်း ANP အတွင်းရေးမှူး ဦးသာထွန်းလှက ပြောသည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဟောင်းဒေါက်တာအေးမောင် သည် ပါတီအစည်းအဝေးများ တွင် တိုက်ခိုက်ခြင်း၊ လူမှုမီဒီယာ များတွင် အုပ်စုဖွဲ့စော်ကားခြင်း များပြုလုပ်ကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံနေရသဖြင့်ဟု ဆိုကာ ၂၀၁၇ နိုဝင်ဘာလကုန်က ပါတီ သို့နုတ်ထွက်စာတင်ခဲ့သည်။ ထို့ ကြောင့် ယင်းကာလကတည်းက ဥက္ကဋ္ဌနေရာ လစ်လပ်ခဲ့ခြင်းဖြစ် သည်။

‘‘လောလောဆယ်တော့အ သစ်ထပ်မရွေးတော့ဘူး။ ပါတီညီ လာခံကျင်းပတဲ့အခါမှသာ လစ် လပ်နေရာတွေကို ရွေးပါမယ်’’ ဟု ဦးသာထွန်းလှကပြောသည်။

ရခိုင်အမျိုးသားပါတီကိုယ် စားပြုကာ ရွေးကောက်ပွဲအနိုင်ရ  သည့် လွှတ်တော်ကိုယ်စားလှယ် အချို့သည်လည်း ပါတီသို့နုတ် ထွက်စာ တင်သွင်းထားသော် လည်း လက်ရှိအချိန်အထိနုတ် ထွက်ခွင့်မပြုသေးပေ။ ထိုသို့ နုတ် ထွက်ခွင့်တင်ထားသည့် ကိစ္စ များ ကိုလည်း ပါတီညီလာခံတွင် ဆွေး နွေးမည်ဟု ဦးသာထွန်းလှကပြော သည်။

ဒေါက်တာအေးမောင်သည်  ၂၀၁၈ ဇန်န၀ါရီအတွင်း ဟော ပြောပွဲတစ်ခုတွင် ဟောပြောသည့် အကြောင်းအရာများနှင့် ပတ် သက်၍ ရခိုင်ပြည်နယ်အစိုးရအ ဖွဲ့၏ တရားစွဲဆိုမှုခံရပြီးယခုအခါ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် နှစ် မှုပေါင်းထောင်ဒဏ် နှစ် ၂၀ ကျခံ နေရသည်။

ဒေါက်တာအေးမောင်သည်  ၂၀၁၀ တွင်တည်ထောင်ခဲ့သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်  ရေးပါတီ (RNDP)  ဥက္ကဋ္ဌတာ ၀န်ယူဖူးပြီး RNDP နှင့် ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ်(ALD)တို့ ပေါင်း စည်းကာ ရခိုင်အမျိုးသားပါတီ (ANP) အဖြစ်ထူထောင်ရာတွင် လည်း ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ သည်။

ANP မှနုတ်ထွက်ပြီးနောက်  ဒေါက်တာအေးမောင်သည် ရခိုင်  ဦးဆောင်ပါတီကို ဖွဲ့စည်းခဲ့ပြီး ယခုအခါ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်၏ ပါတီမှတ် ပုံတင်ခွင့်ရရှိပြီးဖြစ်သည်။ ယင်း ပါတီ တည်ထောင်သူများထဲတွင် ဒေါက်တာအေးမောင်၏သား ဦး တင်မောင်ဝင်း လည်းပါဝင်သည်။

ဦးတင်မောင်ဝင်းသည် ရ သေ့တောင်မြို့နယ်ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်ဖြစ်သည်။

==========================
251 /End