၁၂ ဧပြီ ၂၀၁၉ - ၁၈:၂၀
ဒေါ်အောင်ဆန်းစုကြည် ဖောက်သောလမ်း

နိုင်ငံတကာမျက်နှာစာ တွင် မြန်မာ့ဒီမိုက ရေစီသင်္ကေတ ဒေါ် အောင်ဆန်းစုကြည်၏ ပုံရိပ်ကျ ဆင်းနေပြီဟု ဝေဖန်မေးခွန်းထုတ် သော်လည်း ပြည်တွင်း၌ လူ ထုခေါင်းဆောင်အပေါ် ယုံကြည် မှုနှင့် အားပေးထောက်ခံမှုများက ယခင်အတိုင်း မပြောင်းလဲဘဲရှိ နေသည်ကို လတ်တလောသွား ရောက်ခဲ့သော သူ၏ခရီးစဉ်များ က မြင်သာစေသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတကာမျက်နှာစာ တွင်  မြန်မာ့ဒီမိုက ရေစီသင်္ကေတ  ဒေါ် အောင်ဆန်းစုကြည်၏ ပုံရိပ်ကျ ဆင်းနေပြီဟု ဝေဖန်မေးခွန်းထုတ် သော်လည်း ပြည်တွင်း၌ လူ ထုခေါင်းဆောင်အပေါ် ယုံကြည် မှုနှင့် အားပေးထောက်ခံမှုများက ယခင်အတိုင်း မပြောင်းလဲဘဲရှိ နေသည်ကို လတ်တလောသွား ရောက်ခဲ့သော သူ၏ခရီးစဉ်များ က မြင်သာစေသည်။

ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သော ဒေသအသီး သီးရှိ ပြည်သူများက အကြွေးထူ သည့် ကိစ္စမှအစ အားကိုးရမည့် အဖွဲ့အစည်းက အားကိုးယုံကြည် မရသည့်အခြေအနေအဆုံး ၎င်း တို့ရင်ဆိုင်ရသည့် အခက်အခဲ များ၊ စိန်ခေါ်မှုများကို ရင်ဖွင့်တိုင် ကြားသည်။

လူထုခေါင်းဆောင်ကိုယ် တိုင်က ‘‘ကျွန်မလုပ်ရင် အကုန် ဖြစ်တယ်ဆိုတဲ့ အတွေးမျိုးမရှိစေ ချင်ဘူး’’ ဟု ပြောကြားသော်လည်း ပြည်သူများက ၎င်းတို့နေ့စဉ်ရင် ဆိုင်နေရသော အခက်အခဲများကို အားကိုးတကြီးတင်ပြကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရောက်လေရာအရပ်တွင် တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအ ဖွဲ့ဝင်များကို ပြည်သူလူထုနှင့် ထိ တွေ့မှုရှိရန် တိုက်တွန်းပြီးသုံးနှစ် သား ပြည့်တော့မည့် အစိုးရအဖွဲ့ များကိုလည်း ပြည်သူနှင့်ထိတွေ့ မှု အားနည်းကြောင်း လူထုရှေ့ မှောက်တွင်ပင် ပွင့်ပွင့်လင်းလင်း ထောက်ပြသည်။

ပြည်သူများ၏ တင်ပြမေး မြန်းမှုများသည် မဖြေရှင်းနိုင် သည့် မေးခွန်းများမဟုတ်ဘဲ ပြည် သူနှင့် ထိတွေ့ကာ ဆွေးနွေးညှိ နှိုင်းပါက အဖြေတစ်ခုရရှိမည်ဖြစ် ကြောင်း သူက တိုင်းဒေသကြီးနှင့် ပြည်နယ်လူထု တွေ့ဆုံပွဲများတွင် မကြာခဏပြောလေ့ရှိသည်။

‘‘ပြည်သူတွေက ရှင်းပြရင် နားလည်ပါတယ်’’

သို့သော် သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရများ က ပြည်သူများနှင့် ထိတွေ့မှုအား နည်းနေသည်ကို လူထုခေါင်း ဆောင်နှင့် ပြည်သူလူထုတွေ့ဆုံ ပွဲများတွင် အထင်အရှားတွေ့ရ သည်။

ပြည်သူနှင့် ထိတွေ့မှုအား နည်းခြင်း၏ အကျိုးဆက်က ဒေါ် အောင်ဆန်းစုကြည်ရှေ့တွင် ဘူး ပေါ်သလိုပေါ်သည်။ ထိတွေ့မှု အားနည်း၍ ပြည်သူများက သက် ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်  နယ်ဝန်ကြီးချုပ်များအပါအဝင် အစိုးရအဖွဲ့ဝင်များ၏ ဖြေကြားမှု များကို အယုံမကြည်မရှိတော့။

‘‘အမေ သူလိမ်နေတာ’’ ၊ ‘‘ဝေ့လည်ကြောင်ပတ်လျှောက် ပြောနေတယ်’’ ၊ ‘‘အလွတ်ကျက် ထားတာတွေလာရွတ်နေတယ်’’ စသည်ဖြင့် ပြည်သူများ၏မေးခွန်း ကို သက်ဆိုင်ရာအစိုးရ အဖွဲ့ဝင် များက ပြန်လည်ဖြေကြားချိန်တွင်  တုံ့ပြန်ပြီး လူထုခေါင်းဆောင်က  ကြားဝင်ဖြေကြားသည်ဖြစ်စေ၊ ဖြည့်စွက်ဖြေကြားသည် ဖြစ်စေ ပြည်သူများက အားရကျေနပ်ကာ ‘‘ဒီလိုဖြစ်နေရမှာ’’ ၊ ‘‘ဒါလိုချင် တာ’’ ၊ ‘‘ဒါမှတို့အမေ’’ စသည်ဖြင့် တုံ့ပြန်သည်။

ဝန်ကြီးများ ဖြေကြားချိန် တွင် အားမရမှု၊ ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာပြီးဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် ဖြေဆိုပြောကြားချိန်တွင်  လက်ခုပ်သံများနှင့်အတူ အားရကျေနပ်ကြောင်း မှတ်ချက်များက တွေ့ဆုံပွဲကျင်းပသည့်ခန်းမနှင့်  ခန်းမပြင်ပ ပြည်သူလူထုထံမှ လျှံထွက်လာသည်။

လူထုခေါင်းဆောင်ကို ပြည် သူများက တိုက်ရိုက်တင်ပြပြော ဆိုလိုသဖြင့် အလုအယက်တင် ပြခွင့်ရရန် ကြိုးစားသည်။ အ ချို့က ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲ ပြုလုပ်သည့်ခန်းမထဲရှိ နေပါက တိုက်ရိုက် တင်ပြခွင့်ရရှိ မည်ဟု မျှော်လင့်၍ ခန်းမထဲဝင် ရောက်ခွင့်ရရန် ကြိုးစားသည်။

သို့သော် ဒေါ်အောင်ဆန်းစု ကြည်က တွေ့ဆုံပွဲများတွင် ခန်း မထဲရောက်နေသည့် ပြည်သူများ ကို ဦးစားမပေး။ ခန်းမထဲက ပြည် သူများက အခွင့်အရေးရရှိသူများ ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ယူပြီး ခန်းမပြင်ပမှ တွေ့ဆုံပွဲ ကို LED ဘုတ်မှတစ်ဆင့် ကြည့်ရှု နေသော ပြည်သူများကို ဦးစား ပေး မေးမြန်းခွင့်ပေးလေ့ရှိသည်။

တွေ့ဆုံပွဲတိုင်းတွင် ပြည်သူ များ၏ မေးခွန်းများက များပြား သည်။ အချိန်ရရှိမှုအပေါ် မူတည် ၍  ပြည်သူများ၏ တိုက်ရိုက်မေး ခွန်းများကို လက်ခံသည်။ တိုက် ရိုက်မေးမြန်းခွင့် မရသူများက မ ကျေနပ်။ ထို့ကြောင့် မေးမြန်း ခွင့်မရသည့် ပြည်သူများကို ဒေါ် အောင်ဆန်းစုကြည်က တောင်း ပန်သည်။

‘‘ဒီနိုင်ငံမှာ ပြည်သူတစ်ဦး ရင်ဆိုင်နေရတဲ့ ပြဿနာနဲ့ တ  ခြားသူတွေရဲ့ ပြဿနာတွေဆို တာ အများကြီး ကွာခြားတယ်လို့ မဟုတ်ပါဘူး’’ ဟု သူကမှတ် ချက်ပြုသည်။

မကြာသေးမီက မော်လမြိုင် လူထုတွေ့ဆုံပွဲတွင် တိုက်ရိုက် တင်ပြခွင့်မရသည့် ပြည်သူများက ခန်းမထဲတွင် အော်ဟစ်တင်ပြ သည်။ ထို့အတွက် နောက်တစ် ရက် သထုံလူထုတွေ့ဆုံပွဲတွင် ခန်းမအတွင်း တိုက်ရိုက်မေးမြန်း လိုသူ ၅၀ ကျော်အနက် ငါးဦးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင်ကံစမ်းမဲနှိုက်၍ ရွေးချယ်မေး မြန်းခွင့်ပေးခဲ့သည်။ ပြည်သူလူထု က နေ့စဉ်ရင်ဆိုင်နေရသည့် အ ခက်အခဲ၊ ပြဿနာများကို ကံစမ်း မဲနှိုက်၍ မေးမြန်းခွင့်ရရှိခြင်းက  ကြားရသူတိုင်းအတွက် ထူးဆန်း နေပါလိမ့်မည်။

‘‘ဒီမိုကရေစီအစိုးရအနေနဲ့  ဒါမျိုးပြည်သူနဲ့တွေ့တာ ဖြစ်သင့် တယ်လို့မြင်တယ်။ ကျွန်တော်တို့ ပြည်သူတွေက အားရကျေနပ် တယ်’’ ဟု ဧရာဝတီတိုင်း အိမ်မဲ မြို့ လူထုတွေ့ဆုံပွဲသို့ တက် ရောက်လာသူ ကိုသက်အောင်က မှတ်ချက်ပြုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို  တိုက်ရိုက်တင်ပြခွင့် မရရှိသူများ က ၎င်းတို့၏ မေးခွန်းများ၊ တိုင်   ကြားစာများကို  တိုင်ကြားစာဌာန သို့ စာရင်းပေးသွင်း တိုင်ကြားနိုင်မည်ဖြစ်သည်။  

ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက်တင်ပြခြင်းနှင့် တိုင်ကြားစာပေးအပ်ခြင်းတို့သည် အနှစ်သာရ မကွာခြားကြောင်းလူထုကိုနှစ်သိမ့်သည်။ တိုင်ကြားစာ များကလည်း သွားလေရာအရပ်တွင်  အများအပြား။

တိုင်ကြားစာတိုင်းတစ်ခု ချင်းကို ဖွင့်ဖောက်ဖတ်ရှုကြောင်း နှင့် တင်ပြချက်အားလုံးကိုအလေး  ထားကြောင်း လူထုခေါင်းဆောင် က တွေ့ဆုံပွဲများ၌ ပြောကြား လေ့ရှိသည်။

‘‘ဖြစ်နိုင်ရင် အမေစုကို ကိုယ်တိုင် တင်ပြချင်တာပေါ့။ အ ခုတော့ တိုင်ကြားစာဌာနကိုပဲပေး ခဲ့တယ်။ အမေစုပြောတဲ့အတိုင်း  အကြောင်းပြန်လာလိမ့်မယ်လို့ ထင်ပါတယ်။ လယ်ယာမြေအ သိမ်းခံရတဲ့ကိစ္စကို တိုင်တာပါ’’ ဟု သာယာဝတီမြို့ လူထုတွေ့ဆုံ ပွဲသို့ တက်ရောက်သူ ဒေသခံ အ မျိုးသမီးက ဆိုသည်။

တွေ့ဆုံပွဲများတွင် မေးခွန်း မေးမြန်းရာ၌ အပိုင်းနှစ်ခုခွဲခြား ထားပြီး ပထမတစ်ပိုင်းသည် ကြို တင်ပေးပို့ထားသော မေးခွန်းများ ကို သက်ဆိုင်ရာဝန်ကြီးများက  ပြန်လည်ဖြေကြားရခြင်းဖြစ်ကာ ဒုတိယအပိုင်းသည် တက်ရောက် လာသူများအနက် မေးမြန်းခွင့်ရ သည့် ပြည်သူများ၏ ချက်ချင်း တိုက်ရိုက်မေးခွန်းများကို ပြန် လည် ဖြေကြားရခြင်းဖြစ်သည်။

ကြိုတင်ပေးပို့သောမေးခွန်း များနှင့် ပတ်သက်၍ မေးခွန်းပါအ ချက်အလက်များကို လျှော့ချ ခြင်း၊ ဖြေကြားရန် လွယ်ကူသည့် မေးခွန်းများသာ ရွေးချယ်ခြင်း  စသည်ဖြင့် ဇာတ်တိုက်ထားသည် ဟု ပြီးခဲ့သည့် ဧရာဝတီတိုင်းခရီး စဉ်တွင် ဝေဖန်မှုများထွက်ပေါ်ခဲ့ သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကမူ ‘‘တစ်ဦးချင်းကိုလည်း ခေါ်ထုတ်မေးတာ ရှိတယ်လေ။ နောက်ပြီး တိုင်ကြားစာအားလုံးကိုလက်ခံတာပဲ’’ ဟု ဆိုသည်။

ဒီချုပ်အစိုးရ၏ လက်ကျန် သက်တမ်း ၂ နှစ်တွင် ဒေါ်အောင် ဆန်းစုကြည်၏ လမ်းညွှန်ချက်အ တိုင်းအစိုးရအဖွဲ့ဝင်များနှင့် ပြည် သူလူထုအကြား ထိတွေ့ဆက်ဆံ မှုပိုများမည်ဟု ဦးဝင်းဌေးက ယုံ ကြည်သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့  က ကွင်းမဆင်းဘဲ ပြည်သူနှင့် ထိတွေ့ခြင်းမရှိကြောင်း လူထု ခေါင်းဆောင်၏ ကြိမ်းမောင်းမှု   သည် ၎င်း၏အစိုးရအဖွဲ့သာ နာ မည်ပျက်ပြီး မြို့နယ်အကျိုးအ တွက် မည်သည့်ကောင်းကျိုးမှ မ ကျန်ရစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ  ကျောင်းကုန်းအမတ် ဦးသိန်း ထွန်းက ဝေဖန်သည်။

ဆက်လက်၍ ဦးသိန်းထွန်း  က ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့  နိုင်ငံ့ခေါင်းဆောင်တစ်ဦးသည် ယခုကဲ့သို့ ကွင်းဆင်းရန်မလိုအပ် ကြောင်းနှင့် တစ်နေ့တည်း နှစ်နေ ရာ၊ သုံးနေရာသွားခြင်းသည် ၎င်း အတွက်ပင်ပန်းသလို ဒေသခံ ပြည်သူလူထုအတွက်လည်း အ လုပ်ရှုပ်ကြောင်း ပြောသည်။

‘‘သူ့ကိုတော့ စည်းရုံးရေး အားဖြင့် ကြိုက်သွားတာပေါ့ဗျာ။  အတိုင်ပင်ခံပုဂ္ဂိုလ်က ပြတ်သား တယ်၊ တိကျတယ်။  သူ့လူတွေ  လည်း အထာမထားဘူး ပြော တယ်ဆိုတာမျိုးတော့ ဖြစ်တာ ပေါ့။  သို့သော် တကယ်တမ်းကျ တော့ ကိုယ့်မြို့နယ်အတွက် ဘာ ကျန်ခဲ့လဲဆိုရင် တိုင်စာတွေပဲ သိမ်းသွားတာ။ အဲဒီတိုင်စာတွေ က ထပ်ကာတလဲလဲနေရာစုံ၊ ဌာန စုံတိုင်နေတာပါပဲ’’ ဟု အထက်ပါ  ပြည်ခိုင်ဖြိုးအမတ်ကဆိုသည်။

ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားသည့် ဒီမိုကရေ စီအစိုးရဖြစ်၍ ပြည်သူနှင့်တောက်  လျှောက်နီးစပ်ရန်လိုအပ်ကြောင်း နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အ စိုးရများက ပိုမိုနီးစပ်ရန် လိုအပ် ကြောင်း နိုင်ငံရေးလေ့လာစောင့် ကြည့်သူဦးဇေယျသူက သုံးသပ် သည်။

‘‘ဒေါ်အောင်ဆန်းစုကြည်က ရှေ့က လမ်းပြသွားတဲ့အတိုင်းပဲ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ က ပိုပြီးလုပ်သင့်တယ်’’ ဟု ၎င်း ကဆိုသည်။

=======================
251 / End