
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အကြား ငါးလခန့်အတွင်း ထိတွေ့မှု ၂၀၆ ကြိမ် ဖြစ်ပွားခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
မေလ ၃၁ ရက်က နေပြည်တော်၌ ပြုလုပ်သည့် အစိုးရ တတိယတစ်နှစ်တာ ကာလအ တွင်း ဆောင်ရွက်ခဲ့မှုအခြေအနေ သတင်းစာရှင်းလင်းပွဲတွင် ၎င်း က ပြောကြားခြင်းဖြစ်သည်။
တပ်မတော်နှင့် AA တို့ ပြီးခဲ့သည့် ဇန်န၀ါရီ ၁ ရက်မှ မေလ ၂၇ ရက်အထိ ထိတွေ့မှုဖြစ်ပွားခဲ့ သည့်အကြိမ် အရေအတွက်ဖြစ် သည်။
ထိတွေ့မှုအတွင်း AA အဖွဲ့ က အရှင်ဖမ်းမိသူ ၄၈ ဦးရှိပြီး ၁၀၀ ခန့် သေဆုံးသည်ဟု ဦးဇော် ဌေးကဆိုသည်။
‘‘ဖမ်းမိတဲ့ လူတွေကိုတော့ ဥပဒေနဲ့အညီ ဆက်လက်ဆောင် ရွက်နေပါတယ်’’ဟု ဦးဇော်ဌေး ကပြောသည်။ ထိတွေ့မှုများတွင် တပ်မတော်ယာဉ်တန်းနှင့် တပ် မတော်စစ်ကြောင်းများကို မိုင်း ဆွဲခြင်း ကိုးကြိမ်၊ ရဲတပ်ဖွဲ့ဝင်များ နှင့် ပြည်သူများကို ကိုးကြိမ်မိုင်း ဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး တပ်မတော်က မိုင်းရှင်းလင်းဖော် ထုတ်ခြင်းကို သုံးကြိမ်ဆောင်ရွက် ခဲ့သည်ဟု ဦးဇော်ဌေးက ရှင်း လင်းပြောကြားသည်။
၂၀၁၉ ဇန်န၀ါရီ ၁ ရက်မှ မေလ ၂၇ ရက်အထိ နောက်ဆုံး ရရှိထားသော စာရင်းများအရ ရဲတပ်ဖွဲ့ဝင် ၃၁ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရရှိပြီး ခြောက်ဦး ပျောက်ဆုံးနေကြောင်း အတိုင် ပင်ခံရုံးဝန်ကြီးဌာန သတင်းထုတ် ပြန်ချက်တွင် ဖော်ပြသည်။
ရဲတပ်ဖွဲ့ဝင်များအပြင် အ ပြစ်မဲ့ပြည်သူ ၂၀ ဦး သေဆုံးကာ ၄၃ ဦး ဒဏ်ရာရရှိသည်ဟု ဦး ဇော်ဌေးက ဆိုသည်။
AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကမူ ၎င်းတို့ဘက်မှ သေဆုံးမှုသည် ယင်းအရေအတွက်မရှိကြောင်း တုံ့ပြန်ပြော ကြားသည်။
‘‘အဲဒီလောက် အရေအ တွက်မရှိဘူးဗျာ။ ဖမ်းဆီးထားတာ လည်း ကျွန်တော်တို့အဖွဲ့ဝင်တွေ မဟုတ်ဘူးဗျာ။ ရွာသားတွေကို AA ဆိုပြီး ဖမ်းထားတာ’’ဟု ၎င်း က မှတ်ချက်ပြုသည်။
တပ်မတော်ဘက်ကမူ ရခိုင် ဒေသတိုက်ပွဲများနှင့် ပတ်သက်၍ ထိခိုက်ကျဆုံးမှုကို သီးခြားထုတ် ပြန်ခြင်း မရှိသေးပေ။
=======================
251 / End