အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နေပြည်တော် ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်ရောက်နေသည့် မိန်းက လေးငယ် မဖွယ်မရာပြုကျင့်ခံရ သည့်အမှုကို အများပြည်သူရှေ့ မှောက်တွင် စစ်ဆေးမည်ဖြစ်ပြီး အမှန်တရားဖြစ်စေရန် ရဲရဲကြီး အာမခံသည်ဟု ဒက္ခိဏခရိုင် တ ရားရုံးမှ ဒုတိယခရိုင်တရားသူကြီး သတင်းမှန်ပြန်ကြားရေးအရာရှိ ဦးညိုဌေးက ပြောသည်။
‘‘အမှန်တရားအတွက် လုံးဝ အာမခံပါတယ်’’ဟု ၎င်းက ဆို သည်။ ယင်းအမှုတွင် တရားလိုပြ သက်သေ ၂၆ ဦး တင်ပြထားပြီး အဓိက သက်သေများဖြစ်သည့် Wisdom Hill ကျောင်းမှ ဆရာမ မနှင်းနု၊ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်တို့ ပါဝင်ကြောင်း တရားသူကြီးက ပြောသည်။
တရားခံဟုဆိုကာ ရဲတပ်ဖွဲ့ ကတရားစွဲတင်ထားသည့် အောင် ကြီး၏ ရှေ့နေ တင်ပြလာမှုအပေါ် မူတည်၍ လာမည့်ရုံးချိန်းတွင် ဥပဒေအရာရှိ၊ တရားစွဲအဖွဲ့ အစည်း၊
တရားခံရှေ့နေများနှင့် ညှိနှိုင်း၍ သက်သေများဖြင့် အမှုကိုအပြီး သတ်စစ်ဆေးမည့် စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်း ကရှင်းပြသည်။
‘‘ဘယ်နှချိန်းနဲ့ ပြတ်မယ် ဆိုတာ သူတို့ရှေ့နေ အားလုံးလာ ပြီးတာနဲ့ ကျွန်တော်တို့က အများ ပြည်သူမြင်သာအောင် ပြီးပြတ် မယ့်ရက်ကို တစ်ခါတည်းကြေ ညာပေးပါမယ်’’ဟု ဦးညိုဌေးက ဆိုသည်။
ပထမရုံးချိန်းအဖြစ် ချိန်းဆို ထားသော ဇူလိုင် ၁၅ ရက်သည် တရားခံဖြစ်သူရှေ့နေငှားရမ်းရန် အခွင့်အရေးပေးထားခြင်းဖြစ်ပြီး တရားရုံးတွင် ရှေ့နေက အမှု လိုက်ပါခွင့်တင်ပြပြီးမှသာ အမှု စစ်ဆေးခြင်း စတင်နိုင်မည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ရှင်းပြ သည်။
စွပ်စွဲခံရသူ တရားခံအောင် ကြီးကို ဇူလိုင် ၄ ရက်က ဒက္ခိဏ သီရိခရိုင်တရားရုံးတွင် မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် ရဲတပ်ဖွဲ့ကတရား စွဲတင်ပို့ထားခြင်းဖြစ်သည်။
စစ်ဆေးမည့် ဒက္ခိဏခရိုင် တရားရုံးသည် တရားခွင်ပေ ၄၀ × ၆၀ အကျယ်ဖြင့် တည်ဆောက် ထား၍ အများပြည်သူလာရောက် နားထောင်နိုင်သော်လည်း တရား စီရင်ရေးကို အနှာင့်အယှက်မဖြစ် စေရန် ဖုန်းဖြင့်ကင်မရာရိုက်ကူး ခြင်း၊ အသံဖမ်းခြင်းတို့ကို မပြု လုပ်ရန် တရားရုံးဘက်က မေတ္တာ ရပ်ခံသည်။
‘‘တရားရုံးရဲ့ ဆောင်ရွက် ချက်တွေ စိတ်ချမ်းချမ်းသာသာ မြင်တွေ့ရလိမ့်မယ်လို့ ကျွန်တော် ရဲရဲကြီး ကတိပေးပါတယ်’’ ဟု ဦး ညိုဌေးကပြောပြီး မှန်မှန်ကန် ကန် တိတိကျကျဖြင့် ဥပဒေနှင့် အညီဆောင်ရွက်မည်ဖြစ်၍ အ ဖြေကို စောင့်ကြည့်ပေးရန် ၎င်းက တိုက်တွန်းသည်။
တစ်နိုင်ငံလုံးနှင့် နိုင်ငံအကြီး အကဲများကိုယ်တိုင် စိတ်ဝင်စား နေသည့် အမှုဖြစ်သော်လည်း ၎င်းတို့တွင် မည်သည့် ဖိအားဒဏ် မှမရှိဘဲ အမှန်တရားဆောင်ရွက် ပေးလိုသည့် စိတ်ဆန္ဒသာရှိ ကြောင်း ၎င်းက ပြောသည်။
‘‘တရားရုံးတွေအပေါ်မှာ ပြည်သူကနေပြီးတော့ နားလည် လက်ခံလာတဲ့၊ ယုံကြည်ကိုးစား လာမယ့်နေ့တစ်နေ့ မျှော်လင့် နေတာပါ’’ဟု ဦးညိုဌေးက ဆို သည်။
ဗစ်တိုးရီးယားအမှု အမှုမှန် ပေါ်ပေါက်ရေး၊ ယင်းဖြစ်စဉ်မျိုး နောက်ထပ်ဖြစ်ပွားမှုမရှိစေရေး နိုင်ငံအတွင်းရှိ မြို့အတော်များ များတွင် ဆန္ဒပြပွဲများပြုလုပ် တောင်းဆိုနေသည်။
=======================
251 / End
ဗစ်တိုးရီးယားအမှု အမှန်တရားဖြစ်စေရန် ရဲရဲကြီးအာမခံ ပြည်သူများ လာရောက်နားထောင်နိုင်ဟု တရားရုံးဘက်ကပြော
၁၁ ဇူလိုင် ၂၀၁၉ - ၁၈:၀၇
News ID: 960164
နေပြည်တော် ပုဂ္ဂလိက မူကြိုကျောင်းတွင် တက် ရောက်နေသည့် မိန်းက လေးငယ် မဖွယ်မရာပြုကျင့် ခံရ သည့်အမှုကို အများပြည်သူရှေ့ မှောက်တွင် စစ် ဆေးမည်ဖြစ်ပြီး အမှန်တရားဖြစ်စေရန် ရဲရဲကြီး အာမ ခံသည်ဟု ဒက္ခိဏခရိုင်တရားရုံးမှဒုတိယခရိုင်တရား သူကြီး သတင်းမှန်ပြန်ကြားရေးအရာရှိ ဦးညိုဌေးက ပြောသည်။