၂၀ စက်တင်ဘာ ၂၀၁၉ - ၁၅:၄၆
စည်းကြပ်မှုလွတ်ကင်းနေသည့်ဝင်ငွေအပေါ် အခွန်လျှော့ရန် လွှတ်တော်အတည်ပြု

စည်းကြပ်မှုမှ လွတ်ကင်းနေသည့်ဝင်ငွေအပေါ် အခွန် နှုန်းထား များ လျှော့ချရန် ပြည်ထောင်စုလွှတ်တော်က ယမန်နေ့တွင် အတည်ပြု သဖြင့် အောက်တိုဘာ ၁ ရက်ကစတင်မည့်ဘဏ္ဍာနှစ် သစ်၌ ထိုနှုန်း ထားအတိုင်း ပေးဆောင်ရမည်ဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စည်းကြပ်မှုမှ လွတ်ကင်းနေသည့်ဝင်ငွေအပေါ် အခွန် နှုန်းထားများ လျှော့ချရန် ပြည်ထောင်စုလွှတ်တော်က ယမန်နေ့တွင် အတည်ပြုသဖြင့် အောက်တိုဘာ ၁ ရက်ကစတင်မည့်ဘဏ္ဍာနှစ်သစ်၌ ထိုနှုန်းထားအတိုင်း ပေးဆောင်ရမည်ဖြစ်သည်။

အဆိုပါအခွန်လျှော့ချမှုကို ပုဒ်မ၂၅တွင် ရေးဆွဲထားပြီး ထိုအချက် ပါဝင်သော ၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ယမန်နေ့တွင် မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ သည်။ အခွန်လျှော့ချရေးအစီအစဉ်ကို အစိုးရအဖွဲ့က တင်သွင်းခဲ့ပြီး လွှတ်တော်ကနှုန်းထားများပြင်ဆင်ကာ အတည်ပြုခြင်းဖြစ်သည်။

ယခုအတည်ပြုနှုန်းထားအရ စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ၀င်ငွေကျပ်သိန်းတစ်ထောင်အထိ ၃ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင် ကျော်ပါက ကျပ်သိန်းသုံးထောင်အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင် ကျော်ပါက ကျပ်သိန်းတစ်သောင်းအထိ ၁၀ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်သောင်းအထက်မှ ကျပ်သိန်းသုံးသောင်းအထိ ၁၅ ရာခိုင်နှုန်း၊ ကျပ် သိန်းသုံးသောင်းကျော်ပါက ၃၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်ဖြစ်

သည်

အခွန်သက်သာခွင့်ပေးခြင်း နှင့်ပတ်သက်၍ ဒီချုပ်ပါတီဝင် ကိုယ်စားလှယ်ခြောက်ဦးက ပယ် ဖျက်ရန်၊ နှုန်းထားပြင်ဆင်ရန် ဆွေးနွေးခဲ့သော်လည်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီ တို့က အထက်ပါနှုန်းထားအတိုင်း အတည်ပြုရန် သဘောထားပေး သည်။

ဒီချုပ်အမတ် ဒေါက်တာ သက်သက်ခိုင်၊ ဦးခင်ချိုနှင့် ဒေါ် ရွှေရွှေစိန်လတ်တို့က သက်သာ ခွင့်ပြုသည့် အခွန်နှုန်းထားများကို ပြင်ဆင်ရန်၊ အခွန်သက်သာခွင့်ပြု သည့်လုပ်ငန်းစဉ်ကို သီးသန့်လုပ် ငန်းအဖွဲ့ဖွဲ့စည်းဆောင်ရွက်ရန် စသည့်ပြင်ဆင်ချက်များ တင် သွင်းခဲ့သည်။

ထို့အပြင် ဒေါက်တာပြည့် ဖြိုး၊ ဦးရဲထွဋ်နှင့် ဦးမျိုးဝင်းတို့က အခွန်ဖြေလျှော့ပေးမည့်အစီအ စဉ်ကို လတ်တလောဆောင်ရွက် ရန်မသင့်၍ ပယ်ဖျက်ရန် အဆို တင်ဆွေးနွေးခဲ့သည်။ ထို့ကြောင့် အဆင့်ဆင့်မဲခွဲဆုံးဖြတ်ရာ ပြင် ဆင်ချက်တင်သွင်းမှုအားလုံး ရှုံး နိမ့်ပြီး ဥပဒေကြမ်းပူးပေါင်းကော် မတီက တင်ပြသည့်နှုန်းထားများ အတိုင်း လွှတ်တော်က အတည် ပြုသည်။

အခွန်သက်သာခွင့်ပြုပြီး နောက် ပေါ်ပေါက်လာနိုင်သည့် အိမ်၊ ခြံ၊ မြေ ဈေးကစားမှုနှင့် ငွေ ကြေးဖောင်းပွမှုပြဿနာများမည်သို့ကိုင်တွယ်မည်ကို အစိုးရအဖွဲ့က ကြိုတင်စီစဉ်ရှင်းလင်းထား ခြင်းမရှိဟု  ဦးမျိုးဝင်းက ဝေဖန် သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီးဦးမောင် မောင်ဝင်းကမူ အခွန်သက်သာ ခွင့်ပေးရန် စီစဉ်ခြင်းသည် နိုင်ငံ့ စီးပွားရေးအခြေအနေ ပိုမိုတိုး တက်ကောင်းမွန်လာစေရန် တွန်း အားပေးဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ ပြန် လည်မြင့်တက်လာစေရန်၊ ပြည် သူများ လက်ဝယ်ရှိ စည်းကြပ်မှု မှ လွတ်ကင်းနေသောငွေများ ပြန် လည်ထွက်ပေါ်လာစေရန် ရည် ရွယ်ကြောင်း ပြောသည်။

‘‘ယာယီအခိုက်အတန့်အား ဖြင့် သက်သာခွင့်ပြုတဲ့အစီအစဉ် လို့ပဲ ကျွန်တော်တို့ကဖြစ်စေလိုတဲ့ သဘောရှိပါတယ်။ အခွန်အ ကောက်ရငွေတိုးမြှင့်ရေးအပါအ ၀င် ဘက်ပေါင်းစုံက သုံးသပ်ပြီး တော့မှ သင့်လျော်မယ်ထင်တဲ့နှုန်း ထားများကို အဆိုပြုတင်သွင်း ခြင်းဖြစ်ပါတယ်’’ ဟု ဒုတိယ၀န် ကြီးက ရှင်းလင်းသည်။

စည်းကြပ်မှုမှ လွတ်ကင်းနေ သည့် ၀င်ငွေဆိုသည်မှာ ယခုနှစ် အောက်တိုဘာမတိုင်မီ အခွန် စည်းကြပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေကိုဆိုလိုပြီး အခွန်သက်သာ ခွင့်သည် လာမည့်နှစ်စက်တင်ဘာ ၃၀ ရက်အထိသာ အကျိုးသက် ရောက်စေရမည်ဟု အခွန်အ ကောက်ဥပဒေကြမ်းတွင် ဖော်ပြ ထားသည်။

ထို့အပြင် အခွန်သက်သာ ခွင့်သည် နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ၀ယ် ယူခြင်း၊ တည်ဆောက်ခြင်း၊ ရ ယူခြင်းနှင့် လုပ်ငန်းအသစ်တည် ထောင်ခြင်း၊ ထပ်မံတိုးချဲ့ဆောင် ရွက်ခြင်းတို့အတွက်သာ ခံစား ခွင့်ရမည်ဖြစ်သည်။ တရားမ၀င် ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့်လည်း ကောင်း၊ ငွေကြေးခ၀ါချမှုတိုက် ဖျက်ရေးဥပဒေအရ အရေးယူ သည့်ကိစ္စရပ်များနှင့်လည်း ကောင်း သက်ဆိုင်ခြင်းမရှိစေရ ဟု ဥပဒေကြမ်းတွင် ပါရှိသည်။

ပုဒ်မ ၂၅ ကို အတည်ပြုပြဋ္ဌာန်းလိုက်ပါက  လေးလံထိုင်း မှိုင်းနေသော ပြည်တွင်းစီးပွားရေး မှာ ငွေစီးဆင်းမှု ပိုမိုမြန်ဆန်လာ နိုင်ပြီး စီးပွားရေးနှိုးဆွမှုဖြစ်နိုင်၍ လုပ်ငန်းရှင်အများစုက လွှတ်တော်မှအတည်ပြုရန် စောင့်မျှော်နေကြ သည်။ လွှတ်တော်က ယမန်နေ့တွင်၎င်းတို့မျှော်လင့်သည့်အတိုင်း အ တည်ပြုခဲ့သဖြင့် ကြိုဆိုနေကြ သည်ကို တွေ့ရသည်။

လက်ရှိအခွန်အကောက် ဥပဒေအရ စည်းကြပ်မှုမှ လွတ် ကင်းနေသော ၀င်ငွေကျပ်သိန်း သုံးရာအထိ အခွန် ၁၅ ရာခိုင် နှုန်း၊ ကျပ်သိန်းသုံးရာမှ ကျပ်သိန်း တစ်ထောင်အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်ဖြစ်ပါက ၃၀ ရာခိုင်နှုန်းအခွန်ကောက်ခံ ခြင်းဖြစ်သည်။

====================================

END / 251