
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့တွင် ယမန်နေ့ နံနက်က တပ်မတော်စစ်ယာဉ်တန်းဖြတ် သန်းစဉ် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) က တိုက်ခိုက်၍ မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားပြီး စစ်သည်အချို့ ကျဆုံးဒဏ်ရာရရှိကာ အရပ်သားခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
သိန်းနီရှိ ယာဉ်လေးစီးပါ တပ်မတော်ယာဉ်တန်းတစ်ခုကို အောက်တိုဘာ ၉ ရက် နံနက်အစောပိုင်းတွင် TNLA က သိန်းနီမြို့တွင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောသည်။
‘‘အဲဒီလို တိုက်ခိုက်တဲ့နေ ရာမှာ သိန်းနီမြို့ပေါ်မှာရှိတဲ့လူနေ အဆောက်အအုံတွေကို အကာ အကွယ်ပြုပြီး တိုက်ခိုက်ခဲ့တော့ ပထမဆုံးယာဉ်ကို RPG နဲ့ ပစ် ခတ်တယ်လို့သိရတယ်။ ကျွန် တော်တို့ဆီက စစ်သည်တချို့ ထိ ခိုက်ဒဏ်ရာရမှုနဲ့ ကျဆုံးမှုရှိခဲ့ တယ်’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။
၁၅ မိနစ်ခန့်ကြာ ပစ်ခတ်မှု အတွင်း လူနေအဆောက်အအုံ အချို့ထိမှန် ခဲ့ပြီး အရပ်သားအချို့ ဒဏ်ရာရရှိသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။
TNLA သတင်းနှင့်ပြန်ကြား ရေးဌာနတာဝန်ခံ ဗိုလ်မှူးမိုင်း အိုက်ကျော်က သိန်းနီတွင်တိုက်ပွဲ ဖြစ်ပွားခြင်းမှာ တပ်မတော်ဘက် က စစ်ယာဉ်တန်းများဖြင့် စစ်အင် အားဖြည့်တင်းလာခြင်း၊ လက် နက်ရိက္ခာ ဖြည့်တင်းခြင်းများ ပြု လုပ်ခြင်းကြောင့်ဟု ပြောသည်။
‘‘အခုလည်း ယာဉ်တန်းတွေ နဲ့ တက်လာတော့ ကြိုတင်ခုခံကာ ကွယ်စစ်ပုံစံနဲ့ လည်းဟုတ်တယ်။ ဒါပေမဲ့ ကြိုတင်ကာကွယ်ခုခံစစ် ပုံစံဆိုပေမယ့် ကျွန်တော်တို့က လမ်းမပေါ်အဖြတ် သူတို့ယာဉ် တန်းနဲ့လည်းတိုးတဲ့ အချိန်ကျ တော့ တိုက်ပွဲဖြစ်ပွားတာဖြစ် တယ်’’ ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။ ထိခိုက်ကျဆုံးမှု မှာ TNLA ဘက်က တစ်ဦးဒဏ်ရာ ရပြီး တပ်မတော်ဘက်က ထိခိုက် ကျဆုံးမှုရှိနိုင်သည်ဟု ၎င်းကဆို သည်။TNLA တာဝန်ရှိသူ၏ ပြော ဆိုမှုနှင့်ပတ်သက်ပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ‘‘မြို့လယ် ကောင်မှာ ဖြစ်တယ်ဆိုတော့သိပ် အဓိပ္ပာယ်မရှိဘူးနဲ့ တူတယ် အဲ ဒါတော့။ နောက်တစ်ခု ပြောချင် တာက လူနေအဆောက်အအုံ တွေ အကာအကွယ်ယူပြီး ပစ် ခတ်တိုက်ခိုက်သွားတဲ့ သဘော ပေါ့။ မြို့လယ်ကောင်ကနေ ပစ် ခတ်တယ်ဆိုတော့ ဒီအဖွဲ့တွေက သူတို့ လုပ်ပြီးရင် ဗလောင်းဗလဲ ပြောနေတာပဲ။ ဗလောင်းဗလဲ ပြောတာနဲ့ ပတ်သက်ပြီး ဘာမှ တော့ အသေးစိတ်ပြန်ပြီး တုံ့ပြန်ဖို့ လည်းမရှိပါဘူး။ ဒါကိုကြည့်ခြင်း အားဖြင့် သူတို့ရဲ့ပြောဆိုထားတဲ့ ငြိမ်းချမ်းရေးကိစ္စတို့၊ပြောဆိုထား တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး သူတို့ အမြဲတမ်း ထုတ်ပြန်ချက်တစ်မျိုး၊ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်နေကြတာပဲ။ လုပ်နေကျဖြစ် တဲ့အတွက် ဒီအပေါ်မှာ သီးသန့် ဝေဖန်စရာ အကြောင်းမရှိပါဘူး’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
သိန်းနီမြို့ပေါ် တိုက်ပွဲကြောင့် အသက် (၂၅) နှစ်မှ (၅၅) နှစ် ကြား အမျိုးသားနှစ်ဦး၊ အမျိုး သမီး ငါးဦးသည် နေအိမ်အတွင်း ပုန်းခိုနေစဉ် လက်နက်ကြီးစနှင့် သေနတ်ကျည်ထိမှန်၍ ဒဏ်ရာရ ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအရပ် ဘက်အဖွဲ့များက ပြောသည်။ ထို့ ပြင် တပ်မတော်သားနှစ်ဦးကျဆုံး ခဲ့သည်ဟု ဒေသခံတို့ကဆိုသည်။
‘‘လားရှိုးဆေးရုံကို နှစ် ယောက်လွှဲပေးရတယ်။ ကျွန် တော့်သူငယ်ချင်းကတော့ ဗုံးစမှန် လို့ ကျောခုနစ်ချက်၊ ခေါင်းနှစ် ချက် ချုပ်လိုက်ရတယ်’’ ဟု ဒဏ် ရာရသူတစ်ဦး၏ သူငယ်ချင်းက ပြောသည်။
တိုက်ပွဲသည် နံနက် ၆ နာရီ မိနစ်၂၀ မှ ၇ နာရီ မိနစ် ၃၀ အထိ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့သည်ဟု ဒေသခံများကပြောသည်။ တိုက် ပွဲဖြစ်နေချိန်တွင် ဒေသခံများက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌ Live တင်ကြရာ အနီးကပ်ပစ်ခတ်နေ သည့် သေနတ်သံနှင့် လက်နက် ကြီးသံများ အဆက်မပြတ်ကြား နေရသည်။
တိုက်ပွဲကြောင့် ပြည်ထောင် စုလမ်းပိုင်းကို နှစ်နာရီခန့် ပိတ်ခဲ့ ရပြီး ဒေသတွင်းအခြေအနေ ငြိမ် သက်သွားပြီးနောက် နေ့လယ် ဘက်တွင် ပြန်ဖွင့်ပေးခဲ့သည်။ ညနေဘက်တွင် မြို့တွင်းအခြေ အနေ ပုံမှန်ပြန်ဖြစ်သွားသော် လည်း တိုက်ပွဲဆက်ဖြစ်မည်ကို စိုးရိမ်နေသည်ဟု ဒေသခံများက ပြောသည်။
‘‘ရှမ်းမြောက်မှာက သိတဲ့အ တိုင်း။ တစ်ခါဖြစ်ပြီဆိုရင် သုံး၊ လေးရက် ဆက်တာဆိုတော့ တစ် မြို့လုံးပဲ လန့်နေကြတယ်’’ ဟု သိန်းနီမြို့ဒေသခံ မိုင်းစံပီးကပြော သည်။
တပ်မတော်၏ ထိုးစစ်ဆင်မှု ကို တုံ့ပြန်သည်ဟုဆိုကာ TNLA အပါအဝင် မြောက်ပိုင်းသုံးဖွဲ့က ဩဂုတ် ၁၅ ရက်တွင် ပြင်ဦးလွင် နှင့် နောင်ချို့မြို့နယ်အတွင်း ဝင် ရောက်တိုက်ခိုက်ခဲ့၍ ဩဂုတ် ၁၅ ရက် နောက်ပိုင်းမှ စက်တင်ဘာ လလယ်အထိ တိုက်ပွဲအကြိမ်ရေ တစ်ရာဝန်းကျင်ဖြစ်ပွားခဲ့သည်။
စက်တင်ဘာ ၁၇ ရက်တွင် အစိုးရ၊ တပ်မတော်နှင့် မြောက် ပိုင်းလက်နက်ကိုင်အဖွဲ့များ ကျိုင်းတုံမြို့၌ အပစ်ရပ်စဲရေး ဆွေးနွေးပွဲ ကျင်းပခဲ့သော်လည်း တိကျသည့် ရလဒ်မရှိဘဲ အောက် တိုဘာလတွင် ထပ်မံတွေ့ဆုံရန် ချိန်းဆိုခဲ့သည်။
သိန်းနီမြို့ပေါ် တိုက်ပွဲနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးနှင့် လုံ ခြုံရေးဆိုင်ရာ မြန်မာအင်စတီ ကျုဒ် (MIPS) အမှုဆောင်ဒါရိုက် တာ ဒေါက်တာ မင်းဇော်ဦးက အခု ရှမ်းမြောက်မှာ ဖြစ်တဲ့ အနေအထားကတော့ လက်ရှိ အနေအထားမှာ အပစ်ရပ်တယ် လို့ပြောပေမယ့် နှစ်ဖက်လုံးက တော့ ထိတွေ့မှုတွေဆက်ရှိနေမှာ ပဲ။ ကျွန်တော်ထင်ပါတယ်နောက် ထပ်လည်း ဆက်ရှိပါဦးမယ်’’ ဟု သုံးသပ်သည်။
====================================
END / 251