၁၂ နိုဝင်ဘာ ၂၀၁၉ - ၁၆:၀၄


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Zawgyi






Unicode

ရန်ကုန်တိုင်းဝန်ကြီးချုပ်က အင်းစိန်ထောင်ရှိ အကျဉ်းသားများအား အာဟာရဒါနပြု

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အင်းစိန်အကျဉ်းထောင်ရှိ အကျဉ်းသူ၊ အကျဉ်းသား ၁၃,၀၀၀ ကျော်အား နိုဝင်ဘာ ၁၁ ရက်အတွက် တစ်ရက်တာ ကျွေးမွေးလှူဒါန်း ခဲ့ကြောင်း အင်းစိန်ထောင် မှူး ဦးဇော်ဇော်က ပြောသည်။

 ကျွေးမွေးလှူဒါန်းရာတွင် ထောင်ဝန်ထမ်း ၇၀၀ ကျော်လည်းပါဝင်ပြီး နံနက်စာ ကြာဆံကြော်၊ နေ့လယ်စာ ပုစွန်ထုပ်ဟင်း၊ ပဲကုလားဟင်းဖြင့် ကျွေးမွေးပြီး ညနေစာကို ထမင်းနှင့် ကြက်သား ဟင်း ကျွေးမွေးလှူဒါန်းခဲ့သည်။

‘‘ကလေးတွေအတွက်ပါ နို့မှုန့်တွေ ပေးဝေတယ်။ ဆေးဝါးတွေပါ လှူဒါန်းခဲ့ပါတယ်’’ဟု ထောင်မှူး ဦးဇော်ဇော်က ပြော သည်။

အဆိုပါလှူဒါန်းပွဲသို့ ဝန်ကြီးချုပ်နှင့်ဇနီးအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းနှင့် လဝကဝန်ကြီး ဒေါ်မိုး မိုးစုကြည်တို့ ပါဝင်သည်။

လှူဒါန်းရာတွင် လိုက်ပါခဲ့ သော ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် မဲ ဆန္ဒနယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က ‘‘ထောင်ဝန်ထမ်းတွေက ထောင်အတွင်း အခြေအနေတွေ၊ အကျဉ်းသား အခြေအနေတွေ၊ ပညာရေး၊ ကျန်းမာရေးတွေကို ရှင်းပြတယ်။ ဝန်ကြီးချုပ်ကတော့ အဓိကက ကျန်းမာရေး၊ ပညာရေးနဲ့ပတ်သက်ပြီး အဓိကဖြည့် ဆည်းပေးဖို့ မှာကြားခဲ့တယ်’’ဟု ပြောသည်။

====================================

END / 251