
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
အိုင္စီေဂ် တရား႐ုံးမွာ အမႈသြားေရာက္ေျဖရွင္းခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အဖြဲ႕ကို ေထာက္ခံေၾကာင္း ရွမ္းျပည္နယ္လႊတ္ေတာ္မွာ အေရးႀကီး အဆိုတင္ရာမွာ ကန႔္ကြက္သူ မ်ားလို႔ ရႈံးနိမ့္သြားပါတယ္။
ဒီဇင္ဘာ ၁၇ ရက္ ရွမ္းျပည္နယ္လႊတ္ေတာ္ ပုံမွန္အစည္းအေဝးမွာ ပင္းတယၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးညီညီ(ခ)ဦးညီေလးခ်မ္း တင္သြင္းတဲ့ အေရးႀကီးအဆိုကို ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ၂ ဦးက ေထာက္ခံေဆြးေႏြးၿပီး ရွမ္းလႊတ္ေတာ္ ဒုတိယဥကၠ႒ စဝ္ေအာင္ျမတ္နဲ႔ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ၁ ဦးက ကန႔္ကြက္ေဆြးေႏြးတဲ့အတြက္ လႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ခဲ့တာပါ။
လႊတ္ေတာ္ကို တက္ေရာက္လာတဲ့ ကိုယ္စားလွယ္ ၁၂၉ ဦးရွိတဲ့အနက္ ေထာက္ခံမဲ ၂၈ မဲ၊ ၾကားေနမဲ ၃၁ မဲ၊ ကန႔္ကြက္မဲ ၆၈ မဲနဲ႔ မဲမေပးသူ ၂ ဦးရွိတဲ့အတြက္ အေရးႀကီးအ ဆို ရႈံးနိမ့္ခဲ့ပါတယ္။
အိုင္စီေဂ်တရား႐ုံးမွာ အမႈသြားေရာက္ရင္ဆိုင္တဲ့ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကိုယ္စားလွယ္အဖြဲ႕ကို အားေပးေထာက္ခံတဲ့ လူထုေထာက္ခံပြဲ ကို ဒီဇင္ဘာ ၁၀ ရက္ေန႔က ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕မွာ က်င္းပခဲ့ေပမယ့္ ရွမ္းျပည္နယ္ လႊတ္ေတာ္က မေထာက္ခံဘဲ ကန႔္ကြက္ခဲ့တာ ျဖစ္ပါတယ္။
Unicode
ICJ အမှု ရင်ဆိုင်ခဲ့သည့် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ကို ထောက်ခံကြောင်း အရေးကြီးအဆို ရှမ်းပြည်နယ်လွှတ်တော်တွင် ရှုံးနိမ့်
အိုင်စီဂျေ တရားရုံးမှာ အမှုသွားရောက်ဖြေရှင်းခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို ထောက်ခံကြောင်း ရှမ်းပြည်နယ်လွှတ်တော် မှာ အရေးကြီးအဆိုတင်ရာမှာ ကန့်ကွက်သူ များလို့ ရှုံးနိမ့်သွားပါတယ်။
ဒီဇင်ဘာ ၁၇ ရက် ရှမ်းပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ (ခ)ဦးညီလေးချမ်း တင်သွင်းတဲ့ အရေးကြီးအဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ထောက်ခံဆွေးနွေးပြီး ရှမ်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ စဝ် အောင်မြတ်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁ ဦးက ကန့်ကွက်ဆွေးနွေးတဲ့အတွက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တာပါ။
လွှတ်တော်ကို တက်ရောက်လာတဲ့ ကိုယ်စားလှယ် ၁၂၉ ဦးရှိတဲ့အနက် ထောက်ခံမဲ ၂၈ မဲ၊ ကြားနေမဲ ၃၁ မဲ၊ ကန့်ကွက်မဲ ၆၈ မဲနဲ့ မဲမပေးသူ ၂ ဦးရှိတဲ့အတွက် အရေးကြီးအဆို ရှုံးနိမ့်ခဲ့ပါတယ်။
အိုင်စီဂျေတရားရုံးမှာ အမှုသွားရောက်ရင်ဆိုင်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်စားလှယ်အဖွဲ့ကို အားပေးထောက်ခံတဲ့ လူထု ထောက်ခံပွဲကို ဒီဇင်ဘာ ၁၀ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပခဲ့ပေမယ့် ရှမ်းပြည်နယ် လွှတ်တော်က မထောက်ခံဘဲ ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
====================================
END / 251