၂၉ ဒီဇင်ဘာ ၂၀၁၉ - ၁၉:၀၅
ျမန္မာႏွင့္ပတ္သက္သည့္ အဆိုတစ္ရပ္ကို ကုလသမဂၢညီလာခံတြင္ မဲခြဲအတည္ျပဳ

ဘဂၤါလီ (မူရင္းတြင္ ႐ို ဟင္ဂ်ာ) မ်ားအေပၚ လူ႔အခြင့္အေရးခ်ိဳး ေဖာက္မႈမ်ားႏွင့္ပတ္သက္ ၍ ျမန္မာႏိုင္ငံကို ကုလသမဂၢက ရႈတ္ခ်ေၾကာင္း အဆိုမူၾကမ္းကို ဒီဇင္ဘာ ၂၇ ရက္တြင္ မဲခြဲအ တည္ျပဳခဲ့သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ဘဂၤါလီ (မူရင္းတြင္ ႐ို ဟင္ဂ်ာ) မ်ားအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားႏွင့္ပတ္သက္ ၍ ျမန္မာႏိုင္ငံကို ကုလသမဂၢကရႈတ္ခ်ေၾကာင္း အဆိုမူၾကမ္းကို ဒီဇင္ဘာ ၂၇ ရက္တြင္ မဲခြဲအ တည္ျပဳခဲ့သည္။

တတိယေကာ္မတီက တင္ သြင္းေသာ ယင္းအဆိုမူၾကမ္းကို ျမန္မာသံအမတ္ႀကီး ဦးေဟာက္ ဒိုဆြမ္းက မဲခြဲဆုံးျဖတ္ျခင္းမျပဳမီ ကန႔္ကြက္ေသာ္လည္း ေထာက္ ခံမဲအမ်ားစုျဖင့္ အဆိုအတည္ျဖစ္ ခဲ့သည္။ မဲခြဲရာတြင္ ေထာက္ခံ ၁၃၄ မဲ၊ ကန႔္ကြက္ကိုးမဲ၊ ၾကား ေန ၂၈ မဲ ျဖင့္ (၇၄) ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံ (မ်က္ႏွာစုံညီအစည္း အေဝး) က  အတည္ျပဳခဲ့သည္။

‘‘ဒီမူၾကမ္းဟာ လူ႔အခြင့္အ ေရးသတ္မွတ္ခ်က္ေတြနဲ႔ ပတ္ သက္ၿပီး ကုလသမဂၢအဖြဲ႕ဝင္ ႏိုင္ငံတစ္ႏိုင္ငံအေပၚ ပစ္မွတ္ ထား၊ ခြဲျခားကာ စံႏႈန္းႏွစ္မ်ိဳးနဲ႔ ဆက္ဆံတဲ့ ေနာက္ထပ္ နမူနာျဖစ္ ပါတယ္၊ မလိုလားအပ္တဲ့ ႏိုင္ငံ ေရးဖိအားေပးမႈေတြလည္း ပါဝင္ ေနပါတယ္’’ ဟု နယူးေယာက္ၿမိဳ႕ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲ တမ္းကိုယ္စားလွယ္ ဦးေဟာက္ ဒို ဆြမ္းက အထက္ပါညီလာခံ၌ ေျပာသည္။

ရႈပ္ေထြးလွသည့္ ရခိုင္ျပည္ နယ္အေရးတြင္ ၿငိမ္းခ်မ္းသည့္ နည္းလမ္း၊ ျဖစ္ႏိုင္သည့္နည္း လမ္းမ်ားျဖင့္အေျဖရွာရန္ ယင္းအဆိုမူၾကမ္းက ႀကိဳးစားထားျခင္း မရွိဘဲမွားယြင္း ေသာအခ်က္အ လက္မ်ားစြာကိုလည္း ထည့္သြင္း ထားေၾကာင္း ျမန္မာသံအမတ္ ႀကီးက ေျပာသည္။

ထို႔အျပင္ ျမန္မာအစိုးရ သည္ အခ်က္အလက္ရွာေဖြေရး မစ္ရွင္ (FFM) ၏ အစီရင္ခံစာ အရ ဖြဲ႕စည္းထားသည့္ လြတ္လပ္ ေသာစုံစမ္းစစ္ေဆးေရး ယႏၲရား (IIM) ကို အသိ အမွတ္မျပဳ ေၾကာင္းႏွင့္ ႏိုင္ငံေရးရည္႐ြယ္ ခ်က္မ်ား ပါဝင္ေသာ FFM သည္ လုပ္ပိုင္ခြင့္ကို ေက်ာ္လြန္လုပ္ ေဆာင္ေနေၾကာင္း သံအမတ္ႀကီး က အေလးအနက္ေျပာၾကား သည္။

အထက္ပါယႏၲရား (IIM) အတြက္ ၂ ႏွစ္တာအသုံးစရိတ္ ေဒၚလာ ၂၇ သန္းရွိျခင္းကို ျမန္မာ သံအမတ္ႀကီးက ေထာက္ျပၿပီး ယင္းသည္ ေဒၚလာသန္းႏွင့္ခ်ီ ေသာ ျဖဳန္းတီးမႈ ျဖစ္ေၾကာင္းဆက္ လက္ေျပာၾကားသည္။ ကုလ သမဂၢ၌ဘ႑ာေရး က်ပ္တည္းေန ခ်ိန္တြင္ အဓိပၸာယ္ရွိသည့္ရည္ ႐ြယ္ခ်က္မ်ားျဖင့္ ေငြေၾကးသုံးစြဲ ေစလိုေၾကာင္း ဦးေဟာက္ဒို ဆြမ္း က တိုက္တြန္းသည္။

ယင္းေနာက္ျမန္မာအစိုးရသည္ တာဝန္ရွိမႈ၊တာဝန္ယူမႈႏွင့္ ပတ္သက္၍လိုအပ္သည့္ စုံစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္းႏွင့္ လြတ္လပ္ေသာစုံစမ္း စစ္ေဆးေရးေကာ္မ ရွင္ (ICOE)၊ တပ္မေတာ္၏ စစ္ခုံ႐ုံး ဖြဲ႕စည္း ေဆာင္႐ြက္ေနသည့္ အေျခအေန မ်ားကို သံအမတ္ႀကီးက ရွင္းျပ သည္။

ထို႔အျပင္ ျမန္မာသည္ ကုလအဖြဲ႕အစည္းမ်ားျဖစ္သည့္ UNHCR, UNDP အပါအဝင္ ASEAN တို႔ႏွင့္နီးကပ္စြာပူးေပါင္း ေဆာင္႐ြက္ေနၿပီး ေနရပ္စြန႔္ခြာသူ မ်ား ျပန္လာႏိုင္ ေရး၊ ေနရာခ် ထားေရးႏွင့္ ဖြံ႕ၿဖိဳးေရးအတြက္ ေဆာင္႐ြက္ေနေၾကာင္း သံအ မတ္ႀကီးက ရွင္းျပသည္။ ကုလအ တြင္းေရးမႉးခ်ဳပ္၏ ျမန္မာႏိုင္ငံ ဆိုင္ရာ အထူးကိုယ္စားလွယ္ႏွင့္ အေကာင္းဆုံး ပူးေပါင္းေဆာင္ ႐ြက္ေနသည့္ အေျခအေနကို လည္း ရွင္းျပသည္။

ရခိုင္ျပည္နယ္အေရးႏွင့္ ပတ္သက္၍ ျဖစ္ႏိုင္သမွ်နည္း လမ္းမ်ားျဖင့္ ကူညီေပးသည့္ ေဒသတြင္းႏွင့္ မိတ္ေဆြႏိုင္ငံမ်ား ကို ေက်းဇူးတင္ေၾကာင္း သံအ မတ္ႀကီးက ထည့္သြင္း ေျပာၾကား သည္။

ျမန္မာႏိုင္ငံသည္ ၿငိမ္းခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ ေရရွည္ဖြံ႕ၿဖိဳးေရးအတြက္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုေပၚထြန္းရန္ ႀကိဳးပမ္းတည္ေဆာက္ေနေၾကာင္း ဦး ေဟာက္ဒိုဆြမ္းက နိဂုံးအပိုုင္းတြင္ ေျပာၾကားခဲ့ သည္။

သို႔ေသာ္ ဥေရာပသမဂၢ ကိုယ္စား ဖင္လန္ႏိုင္ငံႏွင့္ ေဆာ္ ဒီအာေရးဗီးယားႏိုင္ငံမွ ကိုယ္စား လွယ္ႏွစ္ဦးက အဆိုမူၾကမ္းကို အတည္ျပဳေပးရန္ ေတာင္းဆို သည္။

ျမန္မာ၊ဘီလာ႐ုစ္၊ကေမာၻဒီးယား၊တ႐ုတ္၊လာအို၊ဖိလစ္ပိုင္၊႐ုရွား၊ဗီယက္နမ္ႏွင့္ ဇင္ဘာေဘြႏိုင္ငံတို႔က အဆိုကိုကန႔္ ကြက္မဲေပးၿပီး အိႏၵိယ၊ဂ်ပန္၊စင္ကာပူ၊ထိုင္း၊ကင္မ႐ြန္း၊ဆား ဘီးယား၊ နီေပါ၊ ေျမာက္ကိုရီးယား၊ သီရိလကၤာ၊ ဘူတန္စသည့္ ႏိုင္ငံမ်ားက ၾကားေနမဲေပးခဲ့ သည္။

အထက္ပါအတည္ျပဳေသာ အဆိုကဲ့သို႔ယမန္ႏွစ္က ကုလသမဂၢအေထြေထြညီလာခံ (မ်က္ ႏွာစုံညီအစည္းအေဝး)၌ မဲခြဲြအတည္ျပဳခဲ့သည္။သို႔ေသာ္ယင္း အဆိုအတည္ျပဳျခင္း မ်ားသည္ ဥပေဒေၾကာင္းအရ စည္းေႏွာင္ မႈမရွိေပ။

Unicode

မြန်မာနှင့်ပတ်သက်သည့် အဆိုတစ်ရပ်ကို ကုလသမဂ္ဂညီလာခံတွင် မဲခွဲအတည်ပြု

ဘင်္ဂါလီ (မူရင်းတွင် ရို ဟင်ဂျာ) များအပေါ် လူ့အခွင့်အ ရေးချိုးဖောက်မှုများနှင့်ပတ်သက် ၍ မြန်မာနိုင်ငံကို ကုလသမဂ္ဂက ရှုတ်ချကြောင်း အဆိုမူကြမ်းကို ဒီဇင် ဘာ ၂၇ ရက်တွင် မဲခွဲအ တည်ပြုခဲ့သည်။

တတိယကော်မတီက တင်သွင်းသော ယင်းအဆိုမူကြမ်းကို မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မဲခွဲဆုံးဖြတ်ခြင်းမပြုမီ ကန့်ကွက်သော်လည်း ထောက်ခံမဲအများ စုဖြင့် အဆိုအတည်ဖြစ် ခဲ့သည်။ မဲခွဲရာတွင် ထောက်ခံ ၁၃၄ မဲ၊ ကန့်ကွက်ကိုးမဲ၊ ကြား နေ ၂၈ မဲ ဖြင့် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (မျက်နှာစုံညီ အစည်းအဝေး) က  အတည်ပြုခဲ့သည်။

‘‘ဒီမူကြမ်းဟာ လူ့အခွင့်အရေးသတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအပေါ် ပစ်မှတ်ထား၊ခွဲခြားကာ စံနှုန်းနှစ်မျိုးနဲ့ ဆက်ဆံတဲ့ နောက်ထပ်နမူနာဖြစ် ပါတယ်၊ မလိုလားအပ်တဲ့ နိုင်ငံ ရေးဖိအားပေးမှုတွေလည်း ပါဝင် နေပါတယ်’’ ဟု နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စား လှယ် ဦးဟောက်ဒို ဆွမ်းက အထက်ပါညီလာခံ၌ ပြောသည်။

ရှုပ်ထွေးလှသည့် ရခိုင်ပြည် နယ်အရေးတွင် ငြိမ်းချမ်းသည့် နည်းလမ်း၊ ဖြစ်နိုင်သည့်နည်း လမ်းများဖြင့် အဖြေရှာရန် ယင်း အဆိုမူကြမ်းက ကြိုးစားထားခြင်း မရှိဘဲ မှားယွင်းသောအချက်အ လက်များစွာကိုလည်း ထည့်သွင်း ထားကြောင်း မြန်မာသံအမတ် ကြီးက ပြောသည်။

ထို့အပြင် မြန်မာအစိုးရသည် အချက်အလက်ရှာဖွေရေး မစ်ရှင် (FFM) ၏အစီရင်ခံစာအရ ဖွဲ့စည်းထားသည့် လွတ်လပ် သောစုံစမ်းစစ်ဆေးရေး ယန္တရား (IIM) ကို အသိအမှတ်မပြု ကြောင်းနှင့် နိုင်ငံရေးရည်ရွယ် ချက်များ ပါဝင်သော FFM သည် လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ် ဆောင်နေကြောင်း သံအမတ်ကြီး က အလေးအနက် ပြောကြား သည်။

အထက်ပါယန္တရား (IIM) အတွက် ၂ နှစ်တာအသုံးစရိတ် ဒေါ်လာ ၂၇ သန်းရှိခြင်းကို မြန်မာ သံအမတ်ကြီးက ထောက်ပြပြီး ယင်းသည် ဒေါ်လာသန်းနှင့်ချီ သော ဖြုန်းတီးမှုဖြစ်ကြောင်းဆက် လက်ပြောကြားသည်။ ကုလ သမဂ္ဂ၌ဘဏ္ဍာရေး ကျပ်တည်းနေ ချိန်တွင် အဓိပ္ပာယ်ရှိသည့်ရည် ရွယ်ချက်များဖြင့် ငွေကြေးသုံးစွဲ စေလို ကြောင်း ဦးဟောက်ဒိုဆွမ်း က တိုက်တွန်းသည်။

ယင်းနောက်မြန်မာအစိုးရ သည် တာဝန်ရှိမှု၊ တာဝန်ယူမှုနှင့် ပတ်သက်၍ လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေ ကြောင်းနှင့် လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင် (ICOE)၊ တပ်မတော်၏ စစ်ခုံရုံး ဖွဲ့စည်း ဆောင်ရွက်နေသည့် အခြေအနေ များကို သံအမတ်ကြီးက ရှင်းပြ သည်။

ထို့အပြင် မြန်မာသည် ကုလအဖွဲ့အစည်းများဖြစ်သည့် UNHCR, UNDP အပါအဝင် ASEAN တို့နှင့်နီးကပ်စွာပူးပေါင်း ဆောင်ရွက်နေပြီး နေရပ်စွန့်ခွာသူ များ ပြန်လာ နိုင်ရေး၊ နေရာချ ထားရေးနှင့် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေကြောင်း သံအ မတ်ကြီးက ရှင်းပြသည်။ ကုလအ တွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ် စားလှယ်နှင့် အကောင်းဆုံး ပူးပေါင်းဆောင် ရွက်နေသည့် အခြေအနေကို လည်း ရှင်းပြသည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ဖြစ်နိုင်သမျှနည်း လမ်းများဖြင့်ကူညီပေးသည့် ဒေသတွင်းနှင့် မိတ်ဆွေနိုင်ငံများကို ကျေးဇူးတင်ကြောင်း သံအမတ်ကြီးကထည့် သွင်းပြောကြား သည်။

မြန်မာနိုင်ငံသည် ငြိမ်းချမ်း ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးအတွက် ဒီမိုက ရေစီဖက်ဒရယ်ပြည်ထောင်စုပေါ် ထွန်းရန် ကြိုးပမ်းတည်ဆောက် နေကြောင်း ဦးဟောက်ဒိုဆွမ်းက နိဂုံးအပိုုင်းတွင် ပြောကြားခဲ့ သည်။

သို့သော် ဥရောပသမဂ္ဂ ကိုယ်စား ဖင်လန်နိုင်ငံနှင့်ဆော်ဒီအာရေးဗီးယားနိုင်ငံမှ ကိုယ်စားလှယ်နှစ်ဦးက အဆိုမူကြမ်းကို အတည်ပြုပေးရန် တောင်းဆိုသည်။

မြန်မာ၊ဘီလာရုစ်၊ကမ္ဘော ဒီးယား၊တရုတ်၊လာအို၊ဖိလစ်ပိုင်၊ ရုရှား၊ ဗီယက်နမ်နှင့် ဇင်ဘာဘွေနိုင်ငံတို့က အဆိုကို ကန့်ကွက်မဲပေးပြီး အိန္ဒိယ၊ဂျပန်၊စင်ကာပူ၊ထိုင်း၊ ကင်မရွန်း၊ ဆား ဘီးယား၊ နီပေါ၊ မြောက်ကိုရီး ယား၊ သီရိလင်္ကာ၊ ဘူတန်စသည့် နိုင်ငံများက ကြားနေမဲပေးခဲ့ သည်။

အထက်ပါအတည်ပြုသော အဆိုကဲ့သို့ ယမန်နှစ်က ကုလ သမဂ္ဂအထွေထွေညီလာခံ (မျက် နှာစုံညီအစည်းအဝေး) ၌ မဲခွဲအ တည်ပြုခဲ့သည်။ သို့သော် ယင်း အဆိုအ တည်ပြုခြင်းများသည် ဥပဒေကြောင်းအရ စည်းနှောင် မှုမရှိပေ။

====================================

END / 251