၃၁ ဒီဇင်ဘာ ၂၀၁၉ - ၁၈:၄၇
ေက်ာင္းသားသမဂၢႏွင့္ပတ္သက္ၿပီး ၫႊန္ခ်ဳပ္က အထင္မွားေျပာဆိုခဲ့ဟု ထုတ္ျပန္

ပညာေရးေက်ာင္းသားသမဂၢေတြနဲ႔ပတ္သက္လို႔အေျခခံပညာဦးစီးဌာနၫႊန္ၾကားေရးမႉးခ်ဳပ္ေျပာဆိုခဲ့တဲ့စကားေတြဟာအထင္မွားေျပာဆိုခဲ့တာျဖစ္တယ္လို႔မေန႔က ေက်ာင္း သားသမဂၢေတြ နဲ႔ ေတြ႕ဆုံၿပီးေနာက္ထုတ္ျပန္လိုက္ပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi

ပညာေရးေက်ာင္းသားသမဂၢေတြနဲ႔ပတ္သက္လို႔ အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေျပာဆိုခဲ့တဲ့စကားေတြဟာ အထင္မွား ေျပာဆိုခဲ့တာျဖစ္တယ္လို႔မေန႔က ေက်ာင္း သားသမဂၢေတြနဲ႔ ေတြ႕ဆုံၿပီးေနာက္ထုတ္ျပန္လိုက္ပါတယ္။

အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းဟာ အုပ္ခ်ဳပ္မႈသင္တန္းေက်ာင္း သင္တန္းဆင္းပြဲမွာ ႏိုင္ငံေတာ္အစိုးရ ပညာေရးဝန္ႀကီးဌာနက ဆန႔္က်င္တဲ့သူေတြ ကိုမ်ား ေမြးထုတ္ ေပးေနတာလား၊ပညာေရးတကၠသိုလ္၊ပညာေရးေကာလိပ္ေက်ာင္းသား သမဂၢေတြဟာ ထိပ္တိုက္ရင္ဆိုင္တာမ်ားတယ္ စသည္ျဖင့္ ေျပာဆိုခဲ့တယ္လို႔ ဆိုပါ တယ္။

ဒီအေပၚမွာ ရန္ကုန္ပညာေရးတကၠသိုလ္ေက်ာင္းသားမ်ား သမဂၢ၊ စစ္ကိုင္းပညာေရး တကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢနဲ႔ ပညာေရးေကာလိပ္ေက်ာင္းသားသမဂၢမ်ား ကိုယ္ စားျပဳ ေကာ္မတီတို႔က ကန႔္ကြက္ခဲ့ၾကၿပီး အျမန္ဆုံးေတာင္းပန္ဖို႔ ႏိုဝင္ဘာ ၁၈ ရက္က သေဘာထား ထုတ္ျပန္ ေတာင္းဆိုခဲ့ၾကပါတယ္။

အဲဒီေနာက္မေန႔ကေတာ့ အေျခခံပညာဦးစီးဌာန႐ုံးခ်ဳပ္မွာ အဲဒီေက်ာင္းသားသမဂၢေတြနဲ႔ ဦးကိုေလးဝင္းအပါအဝင္ ပညာေရးဝန္ႀကီးဌာနကတာဝန္ရွိသူေတြ ေတြ႕ဆုံေဆြးေႏြး ခဲ့ၾကပါတယ္။

ေတြ႕ဆုံၿပီးတဲ့အခါ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းေျပာခဲ့တဲ့ ေက်ာင္းသားသမဂၢ ဆိုတဲ့စကားရပ္ဟာ အထင္မွားယြင္းေျပာဆိုခဲ့တာ ျဖစ္ၿပီးပညာေရးေက်ာင္းသား သမဂၢ ေတြဟာ အမ်ားအားျဖင့္ သေဘာထားမတိုက္ဆိုင္တဲ့ ကိစၥရပ္ေတြရွိရင္ ညႇိႏႈိင္းေဆြးေႏြးၿပီး အဆင့္ဆင့္ ေျဖရွင္းတဲ့အေၾကာင္း၊ ထိပ္တိုက္ေတြ႕ဆုံမႈလမ္းေၾကာင္းေ႐ြးခ်ယ္ တာဟာ အဆင့္ဆင့္ ညႇိႏႈိင္းတာရဲ႕ ေနာက္ဆုံးအဆင့္ျဖစ္တဲ့အေၾကာင္းကို ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက လက္ခံတယ္ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။

ရန္ကုန္ပညာေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ အတြင္းေရးမႉး ကိုေအာင္ျပည့္စုံၿဖိဳးက သမဂၢေတြရဲ႕ လုပ္ရပ္ေတြကို ေစာ္ကားသလိုျဖစ္ေနလို႔ အခုလို ေတာင္းဆိုရတာပါ။ အထက္လူႀကီးေတြျဖစ္လို႔ စကားလုံးေတြသုံးရင္ ဆင္ဆင္ျခင္ျခင္သုံးေစခ်င္တယ္။ ေျပာၿပီးရင္လည္း တာဝန္ယူေစခ်င္တယ္ လို႔ ေျပာပါတယ္။

Unicode

ကျောင်းသားသမဂ္ဂနှင့်ပတ်သက်ပြီး ညွှန်ချုပ်က အထင်မှားပြောဆိုခဲ့ဟု ထုတ်ပြန်  

ပညာရေးကျောင်းသားသမဂ္ဂတွေနဲ့ပတ်သက်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောဆိုခဲ့တဲ့ စကားတွေဟာ အထင်မှား ပြောဆိုခဲ့တာဖြစ်တယ်လို့ မနေ့က ကျောင်းသား သမဂ္ဂတွေနဲ့ တွေ့ဆုံပြီးနောက် ထုတ်ပြန်လိုက်ပါတယ်။

အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းဟာ အုပ်ချုပ်မှုသင်တန်းကျောင်း သင်တန်းဆင်းပွဲမှာ နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနက ဆန့်ကျင် တဲ့သူတွေကိုများ မွေးထုတ် ပေးနေတာလား၊ ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်ကျောင်းသား သမဂ္ဂတွေဟာ ထိပ်တိုက်ရင်ဆိုင်တာ များတယ်  စသည်ဖြင့် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပေါ်မှာ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ စစ်ကိုင်းပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနဲ့ ပညာရေးကောလိပ်ကျောင်းသား သမဂ္ဂများ ကိုယ်စားပြု ကော်မတီတို့က ကန့်ကွက်ခဲ့ကြပြီး အမြန်ဆုံးတောင်းပန်ဖို့ နိုဝင်ဘာ ၁၈ ရက်က သဘောထား ထုတ်ပြန် တောင်းဆိုခဲ့ကြပါတယ်။

အဲဒီနောက် မနေ့ကတော့ အခြေခံပညာဦးစီးဌာနရုံးချုပ်မှာ အဲဒီကျောင်းသားသမဂ္ဂတွေနဲ့ ဦးကိုလေးဝင်း အပါအဝင် ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံပြီးတဲ့အခါ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းပြောခဲ့တဲ့ ကျောင်းသားသမဂ္ဂ ဆိုတဲ့စကားရပ်ဟာ အထင်မှားယွင်းပြောဆိုခဲ့တာ ဖြစ်ပြီးပညာရေးကျောင်းသား သမဂ္ဂတွေဟာ အများအားဖြင့် သဘောထားမတိုက်ဆိုင်တဲ့ ကိစ္စရပ်တွေရှိရင် ညှိနှိုင်းဆွေးနွေးပြီး အဆင့်ဆင့် ဖြေရှင်းတဲ့အကြောင်း၊ ထိပ်တိုက်တွေ့ဆုံမှုလမ်း ကြောင်းရွေးချယ်တာဟာ အဆင့်ဆင့် ညှိနှိုင်းတာရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့အကြောင်းကို ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက လက်ခံတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါ တယ်။

ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူးကိုအောင်ပြည့်စုံဖြိုးက သမဂ္ဂတွေရဲ့လုပ်ရပ်တွေကို စော်ကားသလိုဖြစ်နေလို့ အခုလိုတောင်းဆို ရတာပါ။ အထက်လူကြီးတွေဖြစ်လို့ စကားလုံးတွေသုံးရင် ဆင်ဆင်ခြင်ခြင်သုံးစေချင်တယ်။ ပြောပြီးရင်လည်း တာဝန်ယူစေချင်တယ် လို့ ပြောပါတယ်။

====================================

END / 251