၆ ဇူလိုင် ၂၀၂၅ - ၁၃:၄၁
အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရှဟာဒသ် အတွက် စကြဝဠာ ၏ အဇါဒါရီ

စွန္နီအာလင်မ်ကြီးများရေးသားထားသည်ကို အခြေခံပြီး အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရှဟာဒသ် အတွက် စကြဝဠာ ၏ အဇါဒါရီ ကို တင်ပြ လိုက်ပါတယ်။ သေချာ မှတ်သားလေ့လာ နိုင်ကြပါစေ ။ နစေဘီများ ၏ ဂျင်းတရားများ ဂျင်းပို့စ်များမှ ကင်းနိုင်ကြပါစေ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စွန္နီ အာလင်မ် ကြီး တစ်ပါး ဖြစ်သည့် အလာမဟ် အစ်ဗ်နေ ဟဂျ်ရ်မက္ကီ အနေဖြင့် မိမိ၏ ကျမ်း ဆဝါအေကို မဟရေကဟ် (صواعق محرقه ) မှာ ရေးသားထားပါတယ်။ 

« အေမာမ် ဟိုစိုင်းန် (အ.စ) ရှဟီးဒ် ပြုခံရသည့်နေ့ ရှမ်း (ဆီးရီးယားနိုင်ငံ ) မှ မည်သည့် ကျောက်ခဲ ကို မှမှ ထိုကျောက်ခဲ အောက်ကနေ ပွက်ပွက် ဆူနေသည့် လတ်လတ်ဆပ်ဆပ် သွေး များ ထွက်လာပါသည်။ နောက်ဆုံး ကောင်းကင် တစ်ခုလုံး အနီ‌ရောင် သန် သွားပါသည်။ ကြယ်တာရာတွေ ဟာ တစ်ခု နှင့် တစ်ခု တိုက်ကြကုန်ပါ သည်။ ရှိသမျှ တံတိုင်း များမှ လတ်လတ်ဆပ်ဆပ် သွေးများ ပွက်ပွက်ဆူပြီးထွက်လာကြပါသည်။  »

ကွတ်စ်သွန်သွန်နယဟ် ၏ မုဖ်သီချုပ် စွန္နီအာလင်မ်ကြီး ရှိက်ခ် စိုလိုင်းမာန်ဟနဖီ ကန်ဒူဇီ မှ မိမိ၏ ကျမ်း ( ینابیع المودة ) နယာဘီအိုလ်မိုဝဒဟ် ကျမ်း စာမျက်နှာ ၁၈၆ နှင့် ၁၈၇ တွင် ရေးသားထားပါတယ်။

ကွတ်စ်သွန်သွန်နယဟ် ဆိုတာ ရောမဧကရာဇ် Constantine ကို ဂုဏ်ပြုသောအားဖြင့် ရောမအင်ပါယာ၏ အရှေ့ ဘက် ရောမအင်ပါယာ၏ မြို့တော်အဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့သော မြို့တော်ဖြစ်ပါတယ်။

« ဗိုက်သိုလ်မိုကဒက်စ် တွင် ရှိသည့် ကျောက်ခဲ မှန်သမျှ ကို မှ လျင် ၎င်းကျောက်ခဲအောက်မှ သွေး ထွက် လာပါ သည်။   »

«   ရှိသမျှ ရှိုဟဒါများ (ကရ်ဗလာ ) ၏ ခေါင်းတော် များ အားလုံး ကို အစ်ဗ်နေဇယာဒ် ၏ နန်း တွင် ယူလာသည့် အချိန် ရှိသမျှ တံခါးများ တံတိုင်းများ ၏ အရောင်မှာ အနီရောင် ဖြစ်သွားပါသည်။  »

စွန္နီ အာလင်မ် ကြီး အလာမဟ် ရှစ်ဗ်လန်ဂျီ အနေဖြင့် မိမိ ၏ ကျမ်း (  نورالابصار) နူရ်ရိုလ်အဗ်ဆွာရ် ကျမ်း စာမျက်နှာ ၂၁၃ တွင် ရေးသားထားပါတယ်။

«  အေမာမ် ဟိုစိုင်းန် (အ.စ)  ရှဟီးဒ် အပြုခံရသည့် အချိန် ရှိသမျှ  မိုးကောင်းကင် တစ်ခုလုံးသည် အနီရောင် သန်သွားလေ၏။ ပြီးနောက် နေကြတ်သွားပါသည်။ ယုတ်စွာနေ့လည်နေ့ခင်း ကြယ်တာရာ များထွက် လာခဲ့ပါ သည်။ »

စွန္နီ အာလင်မ် အဘူ နအီးမ် ထံ မှ ဆင့်ပြန် လာရှိသည်။

«  အေမာမ် ဟိုစိုင်းန် (အ.စ)  ရှဟီးဒ် အပြုခံရသည့် အချိန် အေမာမ် အတွက် ဝမ်းနည်းသည့် အနေဖြင့် မိုးကောင်းကင် မှ သွေးမိုးရွာသွန်း လေ၏။ ဤသို့ဖြစ် ကျွန်ုပ် အနေဖြင့် မနက် ရောက်သည့် အချိန် ရှိသမျှ အတွင်း များ နှင့် ရေတွင်းများ တွင် သွေးများပြည့်နေသည်ကို မြင်တွေ့ ရပါသည်။   »

ကျမ်းကိုး - သဇ်ကေရသိုလ်ခဝါဆ် ( تذکرة الخواص ) စာမျက်နှာ ၃၄၆

ဤအကြောင်းအရာများကို Stone King ဆိုတဲ့စလဖီရှိက်ခ် က ပုံပြင်များ ဘာညာဆိုပြီး သာမန် မွတ်စလင်မ်များ ကို ဂျင်းထည့် ရန် အကိုးအကား များ နဲ့ တင်ပြပြီး  အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရှဟာဒသ် အား စော်ကားထား ပါတယ်။ Stone King သိထားဖို့က အခု အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရှဟာဒသ် အတွက် စကြဝဠာ ၏ အဇါဒါရီ ကို တင်ပြထားသည့် စွန္နီ အာလင်မ် များ သည် သူလို သာမန် ဆရာအဆင့် ချာတိတ် အဆင့် မဟုတ်ဘဲ အကျော် အမော် စွန္နီ အာလင်မ်ကြီး ဖြစ်ကြပါတယ်။ နောက် Stone King နားလည် ဖို့ အေမာမ် ဟိုစိုင်းန် (အ.စ) ကို အလ္လာဟ် မည်မျှ ချစ်ပြီးမည်မျှ သိက္ခာ ပေးထားလျင် ဆိုလျင် အရ်ဗအီးန် အချိန်အခါ အီရတ်ကို သွားကြည့်စေချင်ပါတယ်။ သန်းနဲ့ချီတဲ့လူအုပ်ကြီးမည်သို့တည်းကြပြီးမည်သို့စားကြသနည်း? အနှစ်ချုပ် ကတော့ ကျောက်ခဲ အောက်က သွေး ပွက်ပွက် ဆူပြီး လတ်လတ်ဆပ်ဆပ် သွေးများ ထွက်တာ  ၊ ကြယ်တာယာ များ အချင်းချင်း တိုက်မိခြင်း ၊ မိုးကောင်း ကင်တစ်ခုလုံး အနီရောင် သန် သွားခြင်း ၊ နေကြတ်ခြင်း စသည်တို့သည် အလ္လာဟ် ၏ လက်တော်တွင် ရှိ၍ မြတ် အလ္လာဟ် အနေဖြင့် မိမိ၏ အချစ်ဆုံး ဝလီများ မှ တစ်ပါး ဖြစ်သည့် အေမာမ် ဟိုစိုင်းန်း (အ.စ) ၏ ရှဟာဒသ် အတွက် ပြုလုပ်ပေးနိုင်ပါတယ်။ ဤထက်ပင်ပို၍ လုပ်နိုင်ပါသည်။ ဤအချက်များသည် ဂူလူ လုပ်ခြင်းလည်း မမည်။ ရှေးရ်က် လည်း မမြောက်ချေ။ အဲဟ်လေ့ဘိုက် (သ) (အ.စ) အပေါ် အချစ်များထားနိုင်ပြီး အမုန်းထားခြင်း မနာလိုဖြစ်ခြင်းမှ ကင်းနိုင်ကြပါစေ။ ရှီအဟ် မုန်းတီးရေးစိတ်ဓာတ်များ လည်း ကင်းနိုင်ကြပါစေ။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha